သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-21
ဥရောပသမဂ္ဂ အီးယူက မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု အထူးအခွင့်အရေး မရုပ်သိမ်းအောင် ညှိနှိုင်းဖို့ ပြင်ဆင်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒီနေ့ ပြောပါတယ်။
2018-10-21
တာဝန်ယူမှုတာဝန်ခံမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ မဏ္ဍိုင် ၂ ခုထဲက တစ်ခုဖြစ်ပြီး နောက်တစ်ခုကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံစကားပြောဆွေးနွေး ဖြစ်ကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေး အတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက် ရှာဖွေရေးလုပ်ငန်းဟာ ပထမဆုံး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စရှရနာ ဘာဂနာက ပြောကြားလိုက်ပါတယ်။
2018-10-20
မြန်မာအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ရေနံနဲ့ ဓါတ်ငွေ့လုပ်ကွက်တွေကို လာမယ့်နှစ် ပထမ ၆ လအတွင်း လေလံပစ်မယ်လို့ မနေ့က သတင်းရပါတယ်။ အဲဒီလေလံပွဲမှာ ကုန်းတွင်းလုပ်ကွက် ၁၈ ခုနဲ့ ကမ်းလွန်လုပ်ကွက် ၁၃ ကွက်ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရေးဆိုင်ရာ နောက်ဆုံးလေလံပွဲကို ၂ဝ၁၄ ခုနှစ်က ကျင်းပခဲ့ပါတယ်။
2018-10-20
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali မာမွတ်အလီက သူတို့နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေထဲက လူဦးရေ ၈ဝဝဝ ခန့်ဟာ ပထမဆုံးအသုတ်အဖြစ် ရခိုင်ပြည်နယ်က မူလနေထိုင်ခဲ့တဲ့ ရွာတွေကို မကြာခင် ပြန်ကြတော့မယ်လို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။
2018-10-20
အောက်တိုဘာ ၁၅ ရက်နေ့က သပိတ်စခန်းကို အကြမ်းဖက်ဝင်ရောက် ရိုက်နှက်တာဟာ ဖုယွင် အထည်ချုပ်စက်ရုံနဲ့ မပတ်သက်ကြောင်း ဆန္ဒပြအလုပ်သမားတွေက ဝန်ခံလက်မှတ်ထိုးမှသာ အလုပ်ပြန်ခန့်မယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှု တရုတ်အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး မစ္စတာ ရော်ဂျာက ပြောပါတယ်။
2018-10-20
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ နိုင်ငံ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ စည်ပင်တာဝန်ရှိသူတွေထဲက အဂတိလိုက်စားမှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားထားတဲ့ ဒေါ်ညိုညိုသင်း ရဲ့ တိုင်ကြားစာကို အရေးယူဖို့ မရှိသေးဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-10-20
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန်းကစ် နဲ့ ဗဟန်းလော့ကျေးရွာကြားမှာ အစိုးရ တပ်မတော်နဲ့ အပစ်ရပ် NCA လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2018-10-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနဲ့ လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂ နေရာမှာ အနိုင်ရရှိဖို့ ခက်ခဲတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောလိုက်ပါတယ်။
2018-10-20
NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ က ခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံမယ့် ဆွေးနွေးပွဲကို မဖြစ်မနေ ကျင်းပသွားမယ်လို့ တွေ့ဆုံပွဲဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
2018-10-20
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မြစေတီကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ မနေ့က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
2018-10-19
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှနဲ့ အာရှအလယ်ပိုင်းရေးရာဗျူရိုရဲ့ အကြီးအကဲ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ မစ္စအဲလစ်စ် ဝဲလ်စ် (Alice Wells) ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့မြို့တော် ဒါကာနဲ့ ကောက်ဘဇားပြည်နယ်ကို အောက်တိုဘာလ ၂၀ နဲ့ ၂၃ ရက်တွေ အတွင်းသွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
2018-10-19
အလဲဗင်း သတင်းထောက် ၃ ယောက်အမှုနဲ့ ပတ်သက်ပြီး အမှုပိတ်ပေးမှ ဆက်လက် ဆောင်ရွက်လို့ရမည်လို့ မြန်မာသတင်းမီဒီယာကောင်စီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြောလိုက်ပေမယ့် ဒီကနေ့ နောက်ဆုံး အကြောင်းပြန်ချက်မှာ အမှုပိတ်သိမ်းကြောင်း မပါရှိသေးကြောင်း မြန်မာသတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။
2018-10-19
ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာဟာ တစ်ဖက်သတ် စုံစမ်းရရှိချက်ဖြစ်ပြီး အဲဒီကိစ္စတွေအပေါ် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းသွား မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2018-10-19
ပြည်သူလူထုရဲ့ ထောက်ပံ့ကူညီမှုမရရင် ဘယ်အစိုးရမှ မအောင်မြင်နိုင်ကြောင်းနဲ့ ပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီမှုရှိမှသာ အစိုးရတစ်ရပ်ဟာ အောင်မြင်မှုရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2018-10-19
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က တပ်မတော်ခေါင်းဆောင်တွေကို စစ်ဆေးဖို့ကိစ္စကို ကြိုဆိုကြောင်း အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေအပေါ် အိတ်ဖွင့်ပေးစာတစ်စောင်ကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာကို ကချင်လူငယ်ထုလှုပ်ရှားမှုအဖွဲ့က ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။