သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-11
ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့တရားစွဲခံခဲ့ရတဲ့ Eleven မီဒီယာက အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေတို့ ၃ ဦးက တာမွေမြို့နယ် ရဲစခန်းကို မနေ့က မနက်မှာ သွားရောက် အဖမ်းခံခဲ့ပါတယ်။
2018-10-10
ရခိုင်နဲ့ မွတ်စလင် နှစ်ဘက်အသိုင်းအဝိုင်းနှစ်ခု တေ့ွဆုံဆွေးနွေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့က ပြောကြားမှုကို မောင်တောဒေသခံတွေက ငြင်းဆိုလိုက်ပါတယ်။
2018-10-10
ပုပ္ပားထိပ်သီးဆွေးနွေးပွဲကို အပစ်ရပ် ၁၀ ဖွဲ့ထဲက ၈ ဖွဲ့က တက်ရောက်လိုပေမယ့် ကျန်တဲ့ နှစ်ဖွဲ့ကတော့ ရက်ရွှေ့လိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
2018-10-10
ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သဘောတူလိုက်တယ်လို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-10-10
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင်းက အကျဉ်းသားတွေကို ရဲအရာရှိတွေက ကိုယ်ထိ လက်ရောက် ပြုမူတာတွေရှိနေပြီး ဒီကိစ္စကို အမှုဖွင့်ဖို့အတွက် ထောင်အာဏာပိုင်တွေက လက်ခံဆောင်ရွက်ပေးတာ မရှိကြောင်း နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက ပြောပါတယ်။
2018-10-10
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုထားတဲ့ Eleven မီဒီယာက သတင်းသမား ၃ ဦး ကို ဒီနေ့ တာမွေမြို့နယ် တရားရုံးမှာ ရမန်ယူပြီး အင်းစိန်ထောင်ကို ဖမ်းဆီးပို့ဆောင်လိုက်ပါတယ်။
2018-10-10
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဘုံသဘောထား ရပ်တည်ချက် ချမှတ်ဖို့ မဖြစ်မနေလိုအပ်နေပြီလို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဒီနေ့ ပြောလိုက်ပါတယ်။
2018-10-09
ရခိုင်ပြည်နယ်အတွင်း လူအုပ်စုနှစ်ခုကြား တင်းမာမှုတွေ ဖြေလျှော့ရေးမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ စုံစမ်းစစ်ဆေးဖို့ အဓိကကျတယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေး က ပြောပါတယ်။
2018-10-09
Eleven မီဒီယာ သတင်းထောက်သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုထားတယ်လို့ Eleven မီဒီယာအမှုဆောင် အယ်ဒီတာဦးကိုဦးက RFA ကို မနေ့က အတည်ပြု ပြောဆိုပါတယ်။
2018-10-09
မြန်မာအစိုးရဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိသလို၊ စုံစမ်းစစ်ဆေးဖို့ဆန္ဒလည်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။
2018-10-09
Eleven မီဒီယာ သတင်းထောက်သုံးဦးကို တာမွေမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။
2018-10-09
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပုပ္ပါးမှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
2018-10-09
မီးသွေးကားတစီးကို စစ်ဆေးရာကနေ ဒုရဲအုပ်ရဲ့ ခြောက်လုံးပြူးသေနတ်ကျည် ထိမှန်ပြီး ယာဉ်မောင်းသေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒုရဲအုပ်ကို လူသေမှု ပုဒ်မ ၃၀၄ နဲ့ အမှုဖွင့် လိုက်ပါတယ်။
2018-10-09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ်ဝင်းထိုက်(ခေါ်)ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ဆက်နွယ်ပြီး ရဲတပ်ဖွဲ့က ဒေသခံ ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေ သလို နောက်ထပ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ဇော်လင်းကို စစ်တွေမြို့မှာ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
2018-10-09
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး တရုတ်နည်းပညာနဲ့ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၂၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြကြပါတယ်။