သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-28
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ် ရေကြည်ညောင်ပင်စံပြကျေးရွာ မှာ ရေတံခွန်တောင်ဂေါက်ကွင်း စီမံကိန်းမြေနေရာမှာ ဝင်ရောက်ထွန်ယက်ခဲ့သူ ၄ ဦး ကို ဂေါက်ကွင်းတာဝန်ခံက ပိုင်နက်ကျူးလွန်မှု၊ အားပေး ကူညီမှုတို့နဲ့ တရားစွဲလိုက်ပါတယ်။
2015-09-28
အမျိုးသားဘာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) က ဦးဆောင်ကျင်းပ မယ့် နိုင်ငံလုံးဆိုင်ရာ မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းနားကို သီတဂူဆရာတော်ဘုရားကြီး အရှင်ဦးဉာဏိဿရ တက်ရောက် မှာဖြစ်ပြီး အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားသံရုံး ၂၅ ရုံးကို ဖိတ်ကြားထားတယ်လို့ မန္တလေးမ စိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဦးဝီရသူ က RFA ကို ဒီကနေ့ မိန့်ပါတယ်။
2015-09-28
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက အောက်တိုဘာလ ၆ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အသိပညာပေးဟောပြောပွဲကို NLD နာယက ဦးတင်ဦးနဲ့ အတူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။
2015-09-28
လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့ FPPS နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2015-09-28
လာမယ့်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်သက်တမ်း ၅နှစ်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2015-09-27
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကျေးရွာ ၈ ရွာမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ အရင်းအနှီးလိုအပ်နေသူတွေ အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးနိုင်ဖို့ တစ်ရွာကို ကျပ်သိန်း ၃ဝဝ စီ တနင်္ဂနွေနေ့က ထုတ်ချေးပေးခဲ့ပါတယ်။
2015-09-27
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတခရိုင်မှာ မဲပေးခွင့်ရှိသူဦးရေ ရှစ်သိန်းကျော်ရှိတဲ့ အထဲက လူပေါင်း လေးသောင်းလောက်က မဲစာရင်းလာ ကြည့်ပြီး လာကြည့်သူတွေထဲက ၄ ထောင်ကျော်ရဲ့ စာ ရင်းတွေ မှားယွင်းနေတယ်လို့ ဟသာၤတခရိုင် ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင် က ပြောပါတယ်။
2015-09-27
ကချင်အထူးဒေသ ( ၁ ) ထာဝရငြိမ်း ချမ်းရေးနယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းကို အရေးယူပေးဖို့ အဲ့ဒီဒေသတွေဘက်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။
2015-09-27
မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အမှန် တကယ် လက်တွေ့ကျကျ ပြုလုပ်ပေးနိုင် တဲ့ နိုင်ငံရေးပါတီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပဲဖြစ်တဲ့အတွက် ထောက်ခံ အားပေးကြဖို့ NLD တည်ထောင်တဲ့ ၂၇နှစ်မြောက်နေ့ အခမ်းအနားမှာ ကြေငြာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2015-09-27
အင်းလေးကန်ရေရှည်တည်တံ့ ဖို့ ဆောင်ရွက်နိုင်ရေး လက်မှတ်ကောက်ခံ ခဲ့တာတွေကို သမ္မတဆီတင်ပြမယ်လို့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့မြစ်ချောင်းအင်းအိုင်များနေ့မှာ ရှမ်းပြည်နယ်အမျိုးသမီးကြီးများအဖွဲ့က ပြောပါတယ်။
2015-09-27
အန်အယ်လ်ဒီကို မဲပေးရင် ဝန်ထမ်းတွေ ရာထူး မတက်တော့ဘူးဆိုပြီး ဌာနဆိုင်ရာတွေမှာ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ သိရကြောင်းနဲ့ လျှို့ဝှက်မဲဖြစ်တာကြောင့် ဘယ်ပါတီကိုပေးတယ် ဆိုတာ မသိနိုင်ကြောင်း ဒါကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ သတ္တိရှိကြပါလို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-09-26
မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို မြှင့်တင်သွားရမယ်လို့ ဒီမိုကရက်တစ် ပါတီ( မြန်မာ) အကြီးအကဲက ပြောကြားလိုက်ပါတယ်။
2015-09-26
ပြည်ထောင်စုလွှတ်တော်က အမျိုးစောင့် ဥပဒေလေးရပ် အတည်ပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ သမိုင်းတွင်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကချင်ပြည်နယ် လုံးဆိုင်ရာ မဘသအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန ္တဦးကဝိ သာရက မိန့်ကြားလိုက်ပါတယ်။
2015-09-26
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ကန်ရွာအုပ်စု ၊ မြောက်ခရမ်းရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မဲမပေးကြဖို့ တိုက်တွန်းစာရွက်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ လ ၂၁ ရက်နေ့က ရွာရဲ့ဘုန်းကြီးကျောင်းမှာ ဖြန့်ဝေခဲ့တဲ့ အတွက် ဂန့်ဂေါခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန်ရွာအုပ်စု ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
2015-09-26
ထာဝရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ (၁) နယ်မြေအတွင်းမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်တားမြစ်တာနဲ့ပတ်သက်ပြီး ဦးစခုန်တိန့်ယိန်းကို ကချင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်က လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ ခေါ် ယူတွေ့ဆုံမှာ ဖြစ်ပါတယ်။