သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-20
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာ ချက် ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင် ထွန်းပြီး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့် အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
2013-12-20
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက မလေးရှားအသင်းကို ဒီနေ့ညမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ လိုက်ပါတယ်။
2013-12-20
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၈ ဦးကို တနိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန က ဖမ်းဆီးလိုက်ပြီး ဒီနေ့ မြစ်ကြီးနားမြို့ ပြည်နယ်လဝကရုံး က တရားစွဲလိုက်ပါတယ်။
2013-12-20
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းက ဒေသခံ ရှမ်းတိုင်းရင်းသား ငါးဆယ်ကျော်လောက်ကို ဖမ်းဆီးသွား တယ်ဆိုပြီး ဒီနေ့ မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုအဖွဲ့တွေ က မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်မှာ လူထုအစည်းအဝေးကျင်းပပြီး အဖမ်းခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။
2013-12-20
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ် နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းအားလုံးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပြည်တွင်း လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် သွားလာကူညီခွင့်ပေး ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick က ကချင်ပြည်နယ်အစိုးရကို တောင်းဆို လိုက်ပါတယ်။
2013-12-20
မြန်မာနိုင်ငံတဝှမ်းမှာ ဝိုင်ဖိုင်စနစ်သုံးပြီး ကြည့်ရှုနိုင်မယ့် စာကြည့်တိုက် ၁ဝဝ ကိုလာမယ့် ဇန်နဝါရီလအတွင်း တပ်ဆင်ဖွင့်လှစ်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာ သီတာတင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-12-20
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ဆိုင်ရာကိစ္စတွေကို တစ်နေရာတည်းမှာ အပြီးဆောင်ရွက်ပေးမယ့်ဌာနတွေ ဒီလအတွင်း ဖွင့်လှစ်ရေးအစီအစဉ်ကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။
2013-12-20
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ က မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်ခဲ့ရာမှာ ပါဝင်ပတ်သက်သူ နောက်တစ်ဦးကို ကြာသပတေးနေ့ မနေ့က ဖမ်းဆီးမိခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ က ပြောပါတယ်။
2013-12-19
ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) လို့ အမည်ပေးထားတဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တဲ့ ၃ ရက်ကြာ ပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
2013-12-19
အခုအခါမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ၊ ဂျပန်၊ ကိုးရီးယားစတဲ့ နိုင်ငံ ၁၅ နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ တရားဝင် မှတ်ပုံတင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမား အားလုံးပေါင်း ၁၈ သိန်းရှိတယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားလိုက်ပါတယ်။
2013-12-19
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr. Andrew Patrick ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပြီး ၃ ရက်ကြာခရီးစဉ် အတွင်း စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လည်ပတ်မယ်လို့ ပြောပါတယ်။
2013-12-19
မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ လက်ရှိအချိန်ထိ ဆုကြေးငွေ မြန်မာ ကျပ်ငွေ သိန်း ၁၂၀၀ ကျော်ရရှိနေပြီလို့ အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေး က RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။
2013-12-19
အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေချပေးတာနဲ့ ပတ်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက်ထက် ပိုများနေတယ် လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
2013-12-18
ဒေါ်အောင်ဆန်းစုကြည်က မိမိဂုဏ်သိက္ခာ ကို တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြုပြင်ပဲနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို ဝင်မှာမဟုတ်ဘူးလို့ သာယာဝတီမြို့မှာ ပြောခဲ့တာကို တချို့က ဒါဟာလာမယ့်ရွေးကောက်ပွဲကို NLD က သပိတ်မှောက်လိမ့်မယ်လို့ ရည်ညွန်းပြောဆို တာဖြစ်နိုင်ကြောင်း ယူဆနေကြတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဒါဟာတဖက်သတ်အပေါ်စီး ကနေ ရွေးကောက်ပွဲ ယှဉ်ပြိုင်လိုစိတ်ရှိသူတွေကို ရည်ညွန်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်ပါတယ်။
2013-12-18
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ချီတက်ပွဲနဲ့ အခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ပံ့ပိုးမှုကွန်ရက်အဖွဲ့က ဦးဆောင်ပြီး ဒီကနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။