သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-17
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေေတောင် ဘက် မြို့ရှောင် လမ်းအနီး တောင်ယာသွား တဲ့လမ်းမှာ ဒီကနေ့ မိုင်းပေါက်ကွဲ တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။
2016-09-17
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ကျေးရွာမှာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၇ သိန်းနီးပါးကို မောင်တောခရိုင် ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးရ မိခဲ့ပါတယ်။
2016-09-17
လုံးခင်း-ဖားကန့် ရတနာနယ်မြေမှာ တနိုင်တပိုင် ကျောက်တူးဖော် လုပ်ကိုင် ခွင့်ကို ကန့်သတ်ထားတဲ့ ကျောက် မျက်ရတနာဥပဒေကို ကန့်ကွက်ကြောင်းနဲ့ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်ခွင့် ရှိတဲ့ ကျောက်မျက်ဥပဒေပြဌာန်းပေး ဖို့ တောင်းဆိုမယ့် လက်မှတ်တွေကို ဒေသခံတွေက ဒီကနေ့ စတင်ကောက် ယူနေပါတယ်။
2016-09-17
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မုံရွာမြို့ပေါ်က လမ်းဘေးဈေးသည်တွေကို ဖယ်ရှား ရှင်းလင်းသွားမှာဖြစ်ပြီး နေရာအစားထိုးပေးဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မုံရွာမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်း က ပြော ပါတယ်။
2016-09-17
လာမယ့် အောက်တိုဘာလကုန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်က စက်မှုရိပ်သာ အိမ်ရာဝန်းကနေ ဖယ် ရှားပေးရတော့မယ့် အငြိမ်းစားနဲ့ တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းတွေက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဆက်လက်နေထိုင်ခွင့်ပြုဖို့ အသနားခံစာ တင်ပြထားပါတယ်။
2016-09-17
ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ချီဖွေမြို့နယ်က ချီဖွေရေအား လျှပ်စစ်စက်ရုံကို ဒီနေ့ သွားရောက်လေ့လာ ခဲ့ပါတယ်။
2016-09-17
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတွေ ကို ဖြေကြားပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ ထားရှိပေးဖို့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေက တပ်မတော် တာဝန်ရှိသူတွေထံ တောင်းဆိုလိုက်ပါတယ်။
2016-09-17
ကျူးကျော်နေထိုင်သူတွေထဲက အလုပ်အကိုင်ရှိတဲ့သူတွေကို ဆောက် လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး တန်ဖိုးနည်းအိမ်ရာတွေ အရစ်ကျစနစ် နဲ့ ရောင်းချပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2016-09-17
အရင်အစိုးရလက်ထက်က ငွေကျပ် သန်းပေါင်း တစ်ထောင်ကျော် အကုန် အကျခံ ဆောက်လုပ်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်က ဘွဲ့နှင်းသဘင်ခန်းမဟာ ပျက်စီးနေတဲ့အတွက် ပြန်လည် စိစစ်ပြင်ဆင်ပေးဖို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃ဝ လောက်က လွိုင်ကော်တက္ကသိုလ် ကျောင်းဝင်း အတွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-09-16
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာင်း ကိုဖီအာနန် ဦးဆောာင်တဲ့ ရခိုင် အကြံပေးကော်မရှင်အဖွဲ့ဟာ တရားဝင်မှု မရှိဘူး လို့ ပြည်တောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါ အဝင် နိုင်ငံရေးပါတီ ၁၁ပါတီက ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-09-16
ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးဌာန ၃ ခုအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၁၈၅ ဒဿမ ၅ သန်းနဲ့ ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီက ယူရို သန်း ၂၀ ချေးယူဖို့ သမ္မတရဲ့ သဝဏ်လွှာကို ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ပါတယ်။
2016-09-16
ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင် အတွင်းရေး မှူး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ မေခ-မလိခ မြစ် ဆုံဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။
2016-09-16
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင် မြို့နယ်၊ တံငါကျေးရွာအုပ်စု အနီးက သစ်တော ပိုင်မြေဧက ၈၀၀ မှာ နှစ်ရှည်သစ်ပင်တွေစိုက်ဖို့ အရင်အစိုးရ လက်ထက်ကချထားပေးတဲ့ လုပ်ငန်းလုပ်ပိုင်ခွင့် ကို ပြန်လည် ရုပ်သိမ်းပေးဖို့ ဒေသခံတောင်သူ ၄၀၀ ကျော် က ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2016-09-16
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်မှာရှိတဲ့ မြို့နယ် ၅ ခုက ငါးမွေးမြူရေးလုပ်ကိုင်တဲ့ အင်းလုပ်ကွက်တွေကို အမှန်တကယ် မလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ အတွက် ဒေသခံ ၇၀၀ ကျော်က ပုသိမ်မြို့ မြို့တော်ခန်းမရှေ့ မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2016-09-16
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်စခန်း အင်ခရန်ဘွမ်တောင်ကုန်းကို အစိုးရတပ်က လေးရက်လောက်ကြာအောင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဒီနေ့မှာတော့ နှစ်ဘက်တပ်တွေကြားမှာ တိုက်ပွဲ အနည်းငယ်ဖြစ်ပွားနေတယ်လို့ KIA ဘက်က ပြောပါတယ်။