သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-22
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေနဲ့ တိုင်ကြားမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေ မှာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေကို ဖွဲ့စည်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန် ကြားထားပါတယ်။
2015-09-22
လာမယ့်ရွေးကောက်ပွဲမှာ ပယ်မဲ မဖြစ်အောင် ဘယ်လိုမဲပေးရမယ်ဆိုတာကို မဲဆန္ဒရှင်တွေသိရှိဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာကျေးရွာမှာ ဒီကနေ့ ရှင်းလင်းပြသခဲ့ပါတယ်။
2015-09-22
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ အစိုးရ နဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေပြင်း ထန်နေတာကြောင့် ဒေသခံ ၂၀၀ လောက်က မိုင်းခေါင်ကျေး ရွာ ကယ်ဆယ်ရေးစခန်းမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ သိရပါတယ်။
2015-09-22
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ တပ်မတော်အရာရှိဟောင်းတွေကို အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တာကို တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ်က ရှေ့နေတွေက ဖဲကြိုးအဝါတွေ တပ်ဆင်ပြီး ကန့်ကွက်နေကြပါတယ်။
2015-09-22
လက်ပံတန်း ကျောင်းသားသပိတ် စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ နဲ့ ဝန်းရံပြည်သူတွေကို စွဲဆိုထားတဲ့အမှုတွေကို ပယ်ဖျက်ပေး ဖို့အတွက် ကျောင်းသားတွေက ရှေ့နေ့ကနေတဆင့် ပဲခူး တိုင်းဒေသကြီး တရားလွှတ်တော်ထံ တင်ပြတောင်းဆိုသွား မယ်လို့ သိရပါတယ်။
2015-09-22
လာမယ့်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်တွင်း ငြိမ်းချမ်ရေးအတွက် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2015-09-22
မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဟာ အခြေခံလူတန်းစား အတွက်ဟုတ်ရဲ့လားဆိုတာ ပြန်လည်ဆန်းစစ်ဖို့လိုပြီလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ EcoDev အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူက အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့ကကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ မှာ ပြောကြားလိုက်ပါတယ်။
2015-09-21
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ ခွင့် ၅ ရက်ယူတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတဲ့အတွက် အလုပ်သမား ၇ဝဝ ကျော်က မနေ့က စက်ရုံတွင်းမှာ မိုးပြာရောင် ဖဲကြိုး တပ်ဆင်ပြီး ကန့်ကွက်ကြပါတယ်။
2015-09-21
၂ဝ၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာ မယ့် အစိုးရကို ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တင်ပြတောင်းဆို သွားမယ်လို့ ကချင်ပြည်နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ NUP က ပြောပါတယ်။
2015-09-21
မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး မန္တလေးတိုင်း အတွင်းမှာရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ မဘသအဖွဲ့ဝင် သုံးသောင်းကျော်တို့က စီတန်းလှည့်လည်ပြီး ပြုလုပ်ခဲ့ ပါတယ်။
2015-09-21
မဲစာရင်းတွေကို စစ်ဆေးကြဖို့နဲ့ မဲပေးဖို့ အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေဟာ ဧရာဝတီတိုင်းဒေသကြီးက ကျုံပျော်၊ ကျောင်းကုန်း၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့ နယ်တွေမှာ လက်ကမ်းစာစောင်တွေဝေငှပြီး လိုက် လံနှိုးဆော်နေပါတယ်။
2015-09-21
တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့ အစီအစဉ်လည်းမရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ လုပ်ဆောင်ရမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
2015-09-21
အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်း သူတွေကို လွှတ်ပေးဖို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင် ရာ ငြိမ်းချမ်းရေးနေ့မှာ စုပေါင်းချီတက်လမ်းလျှောက်သူတွေ က တောင်းဆိုလိုက်ပါတယ်။
2015-09-21
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်က ကျေးရွာတွေမှာ ဒီကနေ့ စပြီးမဲဆွယ်စည်း ရုံးဟောပြောခဲ့ပါတယ်။
2015-09-21
မဲစာရင်းတွေမှာ သေဆုံးသူတွေ ပါနေတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပေမယ့် အမှားတွေကို ပြင်ပေးတာမရှိဘဲ အခုထုတ်ပြန်ထားတဲ့ စာရင်းမှာလည်း သေဆုံး သူတွေပါနေတာကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေမရှိဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒီကနေ့ ပြောလိုက်ပါတယ်။