သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-15
NCA စာချုပ်မှာ လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ရှိနေပြီး ကျန်တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း NCA မှာ လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။
2023-10-15
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ တော်လှန်ရေးကို အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွားမယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တိုဘာ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။
2023-10-15
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ကာလကတည်းကစပြီး မကျင်းပတော့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရဲ့ ဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။
2023-10-15
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ညောင်ဝန်းရွာခံတစ်ဦးနဲ့ အလည်လိုက်လာသူတစ်ဦးကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ပျူစောထီးအဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ပြောပါတယ်။
2023-10-14
စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိတဲ့အပြင် အခြေခံမူချိုးဖျက်ပြီးမှ NCA လက်မှတ်ထိုးတဲ့ ရှစ်နှစ်ပြည့်လုပ်မယ်ဆိုတာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
2023-10-14
ပဲခူးမြို့အတွက် ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဖို့ စီစဉ်နေတဲ့ ကိုစောနိုင်ဦးနဲ့ ကိုဇင်ကိုဝင်း အပါအဝင် လူငယ်တချို့ကို အောက်တိုဘာ ၉ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။
2023-10-14
ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အနီးကို စစ်တပ်က အောက်တိုဘာ ၁၃ ရက်နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကျောင်းသူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-10-14
တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနဲ့ တမုတ်ချုံးရွာအကြားမှာ အောက်တိုဘာ ၁၃ ရက်က မြတ်မန္တလာထွန်း ခရီးသည်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-14
စက်တင်ဘာ ၂ ရက်က အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်တွေ စီးနင်းပြီးနောက် အသက် ၃၅ နှစ်အရွယ် ကိုဝင်းကြိုင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇင်အောင်တို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသလို အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ပစ်ခတ်ခံခဲ့ရပါတယ်။
2023-10-13
ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို မြန်မာစစ်တပ် တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2023-10-13
အယုဒ္ဓယခရိုင် နခွန်လူဝမ်မြို့ ဘော့ဖိုရွာရဲ့ အာရှအမြန်လမ်းမကြီးပေါ်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာကနေ ဖမ်းမိတာလို့ ဆိုပါတယ်။
2023-10-13
ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ လူနှစ်ထောင်လောက် ထွက်ပြေးနေရပါတယ်။
2023-10-13
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် သုံးလအတွင်း အမျိုးသမီး ၅၆ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
2023-10-13
ဆောမြို့နယ် တေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား သုံးဦးကို ဖမ်းခေါ်သွားပါတယ်။
2023-10-13
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ၁၀ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး နောက်ထပ် အရပ်သားလေးဦးလည်း ဒဏ်ရာရခဲ့တယ်။