သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-22
ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ၄၈ လမ်းထိပ်မှာရှိတဲ့ Urban Asia Center မြေညီထပ်က ကမ္ဘောဇဘဏ်ကို အောက်တိုဘာလ ၂၂ ရက် ဒီနေ့ နေ့လယ် တစ်နာရီခန့်မှာ အမည်မသိလူတစ်စုက ဓားပြတိုက်သွား တယ်လို့ အနီးအနားနေထိုင်သူတွေက ပြောပါတယ်။
2021-10-22
ချင်းပြည်နယ်၊ ပလက်ဝက လူငယ်လေးဦးကို အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး အပြစ်မရှိတာကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အောက်တိုဘာ ၁၃ ရက်နေ့ညမှာ ပြန်ဖမ်းသွားပါတယ်။
2021-10-22
မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံကို ဝင်ရောက်မယ်ဆိုရင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးပြီးရင်တောင် ဟိုတယ်မှာ တစ်ပတ် အသွားအလာ ကန့်သတ်မှု (ကွာရန်တင်း) အဖြစ် နေရဦးမှာဖြစ်ပါတယ်။
2021-10-22
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတစ်ခုကို အောက်တိုဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံအချို့ကို ဖမ်းသွားတယ်လို့ အရာတော်ဒေသခံတွေက ပြောပါတယ်။
2021-10-22
တရုတ် - မြန်မာနယ်စပ် မုံးကိုးမြို့နယ်အနားတဝိုက်မှာ အောက်တိုဘာလ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၈ ဦးသေဆုံးကာ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ကိုးကန့်တပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-10-21
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုတွေ နေ့စဉ်မြင့်တက် နေသလို ရွှေ့ပြောင်းအလုပ်သမားတွေလည်း ကူးစက်ခံနေရလို့ အထောက်အထား ရှိသူ ဘယ်သူမဆို ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးပေးနေပါတယ်။
2021-10-21
ပဲခူးတိုင်း ပြည်မြို့က စစ်ဆေးရေးဂိတ်တစ်ခုကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက် ဒီနေ့ည ၇ နာရီခွဲလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား နှစ်ယောက်သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2021-10-21
မြန်မာနိုင်ငံက ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေကြောင့် အာဆီယံအနေနဲ့ အဖွဲ့အဝင် နိုင်ငံအချင်းချင်း ဝင်ရောက်မစွက်ဖက်ရဘူး ဆိုတဲ့ အချက်ကို ပြန်စဉ်းစားသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုကို ကိုးကးပြီး ရိုက်တာသတင်းဌာနမှာ ရေးသားထားပါတယ်။
2021-10-21
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲက ထပ်မံဖမ်းဆီးခံရသူ ဒီနေ့အထိ ၁၁၀ ဦးထက်မနည်းရှိနေပါတယ်။ ဒါဟာ လတ်တလောရရှိတဲ့စာရင်းဖြစ်ပြီး အမှန် တကယ် ပြန်ပြီးအဖမ်းခံရတဲ့ အရေအတွက်ဟာ အဲဒီထက်ပိုများတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
2021-10-21
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေဟာ တရုတ်နိုင်ငံ နယ်စပ်ကိုပါ ထိခိုက်မှုတွေရှိနေလို့ တရုတ်နိုင်ငံ သားတွေအနေနဲ့ အပြင်ထွက်ရင် သတိထားကြဖို့နဲ့ သေနတ်သံကြားရင် မထွက်ကြဖို့ ရွှေလီအာဏာပိုင်တွေက ဒီရက်ပိုင်းမှာပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
2021-10-21
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် ဦးဘဟန်လမ်းက နေအိမ်တစ်လုံးကို အောက်တိုဘာလ ၂၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ရှာဖွေပြီး လူငယ်လေးဦးကို ဖမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင်မြင်ခဲ့သူက ပြောပါတယ်။
2021-10-21
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ရဲစခန်းနှစ်ခု၊ စီးပွားရေးဘဏ်နဲ့ အကောက်ခွန်ရုံးတွေကို သတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၂၀ ရက် မနေ့ညပိုင်းမှာ မိုင်းထောင် ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မုံရွာဒေသခံ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2021-10-21
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကရပ်ပြင်(မြောက်) ရပ်ကွက်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တိုင်းရုံးဟာ အောက်တိုဘာလ ၂၁ ရက် ဒီနေ့မနက် ၃ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံရပြီး အကုန်လုံး ပြိုကျပျက်စီးသွားတယ်လို့ ရုံးအနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။
2021-10-20
အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း စင်ကာပူကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။
2021-10-20
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က နဘတ်ကြီးရွာရဲစခန်းကို ဒေသခံပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ၂ ရက်ဆက်တိုက် ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံ အများအပြား မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။