သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-19
မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေကြောင့် အမေရိကန်နိုင်ငံနဲ့ ဥရောပ ၁၅ နိုင်ငံက ကုမ္ပဏီအခု ၂၀ ကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တယ်လို့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က အောက်တိုဘာလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2021-10-19
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက် သာခွင့်နဲ့ အောက်တိုဘာလ ၁၈ ရက်မနေ့က လွတ်လာသူ ၃၈ ဦးရှိပေမယ့် ၁၀ ဦးထက်မနည်းကို ထောင်အထွက်မှာပဲ ပြန်ဖမ်းသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-10-19
မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးထဲက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတွေ အောက်တို ဘာလ ၁၇ ရက်နေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။
2021-10-19
စစ်တပ်ဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ ဖိနပ်တွေ သယ်ယူခွင့်မပေးဘဲ တင်သွင်းလာသူအချို့ကိုလည်း ဖမ်းဆီးတာတွေ ရှိနေတယ်လို့ မင်းတပ်ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-10-19
စစ်ကောင်စီအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ပင်ခံရတော့မှ အဖမ်းခံထားရသူတွေကို အခုလိုပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအစိုးရတွေကို အာရုံလွှဲစေချင်တာကြောင့်သာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အောက်တိုဘာ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-10-18
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) နဲ့ ရေးယူထားတဲ့ အမှုနဲ့ပတ်သက်လို့ စွဲချက်မတင်သင့်ဘဲ တရားရှင် လွှတ်ပေး သင့်ကြောင်း ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
2021-10-18
မန္တလေးမြို့တော် စည်ပင်ကော်မတီရုံးအနီးနဲ့ ပြည်တွင်းအခွန်ရုံးဝင်းထဲမှာ ဒီကနေ့ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဝန်ထမ်း သုံးဦးနဲ့ အခွန်ဆောင်လာတဲ့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2021-10-18
ရှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ကနေ အောက်တိုဘာလ ၁၈ ရက် ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူ ၁၁ ဦး ရှိပါတယ်။
2021-10-18
ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသလို လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံပေါင်း ၂၀၀ ခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်လိုက်ပါတယ်။
2021-10-18
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အန်တုတဲ့အတွက် ဖမ်းဆီးအရေးယူခံခဲ့ရပြီး အကျဉ်းကျခံနေရသူတွေနဲ့ အမှု ရင်ဆိုင်နေရသူ ၅၆၃၆ ဦးကို ဒီနေ့ အောက်တို ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။
2021-10-18
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေ အပြင် ကိုဗစ်ရောဂါကြောင့် လူဦးရေသုံးသန်း အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က အောက်တို ဘာလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2021-10-18
အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့မရတာတွေ ရှိနေပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်တာကြောင့် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၈ ရက် ဒီနေ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
2021-10-18
စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အဆိုတော် ဟန်ထူးလွင် (ခ) ကျားပေါက်ကို ဖခင် အဆိုတော်ရင်ဂိုနဲ့ မိခင် ဒေါ်မွန်မွန်ကျော်တို့က သားအဖြစ်ကနေ အမွေပြတ် စွန့်လွှတ်လိုက်တယ်လို့ အောက်တိုဘာလ ၁၈ ရက် ဒီနေ့ စစ်ကောင်စီ လက်အောက်ခံ ကြေးမုံသတင်းစာမှာ ကြေညာလိုက်ပါတယ်။
2021-10-18
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီအပါအဝင် စစ်တပ်နဲ့ဆက်နွယ်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာနဲ့ အက်ဒမန်ဂိုးဘီယာတွေကို ဖမ်းမိတာ ကြောင့် ဖျက်ဆီးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
2021-10-18
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံပြီး အကျဉ်းကျနေသူ ၁,၃၂၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။