သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-12
မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ တစ်သီးပုဂ္ဂလကိုယ်စား လှယ်တွေကို မဲပေးမယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီကိုသာ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-09-11
တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ကြယ်ဂေါင် မြို့တွေကို တရားမဝင်သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၇ သောင်းကျော်လောက်က မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ် ရှိနေတဲ့ အတွက် မူဆယ်မြို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
2015-09-11
မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြား ဆက်ဆံမှုတွေ ပွါးများလာတာဟာ နိုင်ငံ ရဲ့ညီညွတ်ရေးကို ခြိမ်းခြောက်နေတယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အထူးသံတမန် Mr. Daniel Russel က ပြောကြားလိုက်ပါတယ်။
2015-09-11
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိသျှ လူငယ်နှစ်ယောက် အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် အမှုနဲ့ပတ်သက်လို့ လူသတ်လက်နက်အဖြစ် သတ်မှတ် ထားတဲ့ ပေါက်တူးရိုးပေါ်ကတွေ့ရတဲ့ DNA ခေါ် မျိုးရိုးဗီဇနဲ့ စွပ်စွဲခံရသူ မြန်မာလူငယ်နှစ်ယောက်ရဲ့ မျိုးရိုးဗီဇ လုံးဝမတူ ဘူးလို့ ထိုင်းနိုင်ငံက နာမည်ကျော် မှုခင်းဆရာဝန်ချုပ်က တရားရုံးမှာ ဒီနေ့ထွက်ဆိုလိုက်ပါတယ်။
2015-09-11
ကယားပြည်နယ်မှာ ဒေသခံတွေကို ခြိမ်းခြောက်ပြီး မဲဆွယ်တာတွေ ရှိနေကြောင်းနဲ့ အဲ့ဒီလိုမဲဆွယ်မှုတွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2015-09-11
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အခြေခံလုပ်ခလစာ တိုးပေးဖို့ဆန္ဒပြခဲ့တဲ့ ရွှေပြည်သာမြို့နယ်က အလုပ် သမားခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကို တောင်ဥက္ကလာပမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်း လှည့်လည်မှု၊ ခွင့်ပြုချက်မပေးတဲ့နေရာမှာ ဆန္ဒပြမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ ဒီနေ့ ထောင်ဒဏ် ၂ နှစ်ကျော်စီ အမိန့်ချလိုက်ပါတယ်။
2015-09-11
တပ်မတော်က အရာရှိ ၂ဝ လောက်ကို အငြိမ်း စားပေးပြီး နေပြည်တော် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှာ ဒုတိယညွန်ကြားရေးမှူးချုပ်လို ရာထူးမျိုးတွေ တိုက်ရိုက် ခန့်အပ်လိုက်တာကို ကန့်ကွက်တဲ့ ဖဲကြိုးအဝါလှုပ်ရှားမှုကို ရန်ကုန်မြို့ က ရှေ့နေတွေက ဒီနေ့ စတင်လိုက်ပါတယ်။
2015-09-11
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က မိမိအနေနဲ့ မဲရဖို့အတွက် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက် လှူဒါန်း ခဲ့တာမဟုတ်ကြောင်းနဲ့ အဲဒီအလှူကြောင့် မဲပေးတာမျိုး မလုပ်ကြဖို့ကို ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။
2015-09-11
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း သူရဦးရွှေမန်းက သူ့အနေနဲ့ အထူးတလည် မဲဆွယ်စည်းရုံးစရာမလိုကြောင်းနဲ့ စိုးရိမ် ပူပန်နေမှာစိုးတဲ့အတွက် ဖြူးမြို့နယ်က ဒေသခံတွေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ကြောင်း ဒီနေ့ ပြောပါတယ်။
2015-09-11
ဒီလာမယ့် ရွေးကောက်ပွဲ ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ပေးဖို့ တောင်းဆိုလာရင် မိမိအနေ နဲ့ ငြင်းဆန်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။
2015-09-10
တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများ မှာ ရေဘေးဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး လိုအပ်မှာဖြစ်တဲ့အတွက် အစိုးရကို အကူ အညီတောင်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။
2015-09-10
နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့အခါ ပါတီတစ်ခု (သို့မဟုတ်) ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် စည်းရုံးလှုံ့ဆော်ပေးတဲ့ ထုတ်လွှင့်မှုတွေ၊ ကြော်ငြာတွေကို မထည့်သွင်းကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။
2015-09-10
ပြည်အကျဉ်းထောင်ကနေ ပြီးခဲ့တဲ့လပိုင်းက ပြန်လွတ် လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးမြင့်အေး ဟာ ပြည်မြို့မှာ ဒီကနေ့ တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
2015-09-10
ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ ကျောင်းသား သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတဲ့ ၆လပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့နဲ့ မြင်းခြံမြို့တို့ မှာ ကျောင်းသား ကျောင်းသူတွေက ဒီနေ့ ဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။
2015-09-10
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေး အတွက် လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်ကြဖို့ AA ရက္ခိုင့်တပ်မတော်၊ မြန်မာ အမျိုးသား MNDAA ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)နဲ့ PSLF/TNLA ပလောင် (တအာင်း)ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတို့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။