သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-15
မြန်မာ့တပ်မတော်အနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှုကို ကယ်တင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေညာ ချက်ထုတ်ပြန်ဖို့နဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်မှုကနေ နှုတ်ထွက်ကြောင်း ကြေညာပေးဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က တောင်းဆိုလိုက်ပါတယ်။
2021-10-15
အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်း အဝေးကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဒီနေ့ ဆုံးဖြတ်လိုက်တယ်လို့ NHK သတင်းဌာနက ကြားဖြတ် သတင်းအဖြစ် ဖော်ပြလိုက်ပါတယ်။
2021-10-15
အာဆီယံအထူးသံတမန် အာရီဝမ်ယူစွတ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေ အဆင်ပြေ အောင် ဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်အားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးဖို့ ဗြိတန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ တီမော၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ပူးတွဲပြီး မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။
2021-10-15
အာဏာသိမ်းပြီးနောက် ပထမဆုံအကြိမ်အဖြစ် စစ်တပ်အရာရှိတွေနဲ့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် ကိုယ်စားလှယ်အများစုဟာ နေပြည်တော်မှာ ပြုလုပ်တဲ့ (NCA) လက်မှတ်ထိုးတဲ့ ခြောက်နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
2021-10-15
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်ကို အာဏာပိုင်တွေက စကားပြောဆိုခွင့် မနေ့က ပိတ်ပင်လိုက်ပါတယ်။
2021-10-15
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက်အစော ၃ နာရီလောက်ကစလို့ စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဝင်ရောက် လာပြီး ရွာတွေထဲကိုဝင်ရောက်ကာ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-15
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်၊ မြမာလာလမ်းမှာရှိတဲ့ ကိုးရီးယားနိုင်ငံသားပိုင် Jewoo အထည်ချုပ်စက်ရုံ အောက်တိုဘာလ ၁၅ ရက် မနက်အစောပိုင်း ၁ နာရီခန့်မှာ မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။
2021-10-15
ချင်းပြည်နယ်၊ ဟားခါးမြို့က ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနရုံး အောက်တိုဘာလ ၁၄ ရက် မနေ့ည ၁၀ နာရီလောက် မီးလောင် ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-15
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ ၆ ရပ်ကွက် မေယုလမ်းထိပ်က ဆောက်လုပ်စတိုက်တစ်လုံး အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲမှာ ပြိုကျခဲ့ပြီး အနည်းဆုံး ၁၀ ဦးခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-15
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်း မစိုးရိမ်ဘုန်းကြီးကျောင်းထဲက ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို အောက်တိုဘာလ ၁၄ ရက်နေ့ မနေ့မနက် ၄ နာရီကျော်လောက်မှာ အမည်မသိအဖွဲ့တစ်ခုက ၀င်ရောက်ဖျက်ဆီးသွားတယ်လို့ ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2021-10-15
အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့ ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2021-10-15
အောက်တိုဘာလ ၁၅ ရက် ဒီနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ (၆) နှစ်မြောက် အထိမ်း အမှတ် အနေနဲ့ တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ အဖွဲ့ဝင်နဲ့ ဆက်စပ်သူ ၁၁၄ ဦးကို အမှုပိတ်သိမ်းပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
2021-10-14
ချင်းပြည်နယ်၊ ဖလမ်းမြို့ ဖလမ်း - ဟားခါး ကားလမ်းမကြီးဘေးမှာရှိတဲ့ တလန်ရောန်ရွာကို စစ်ကောင်စီ တပ်သားတွေက အောက်တိုဘာလ ၁၄ ရက် မနေ့ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-14
တပ်မတော်က အာဏာသိမ်းအပြီး ဖမ်းဆီး တရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုကိစ္စတွေနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုတာ မလုပ်ဖို့ ဥပဒေအကျိုးဆောင်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို စစ်ကောင်စီ အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။
2021-10-14
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာရှိတဲ့ ရီရယ်သီးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ် ၁၂ လုံးကို စစ်တပ်က မနေ့ကနဲ့ ဒီနေ့ မနက်တွေမှာ မီးရှို့ဖျက်ဆီးလိုက် ကြတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ မီးရှို့တာဟာ စစ်တပ်ရဲ့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။