သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-19
ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် မှာ ၅ ရက်ကြာကျင်းပမယ့် "ဒဘူအဇီးခေါင်" လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ရဝမ်တိုင်းရင်း သားရိုးရာ မနောပွဲတော်ကို ဒီနေ့ စတင် ကျင်းပပါတယ်။
2016-04-19
မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ပြည်တွင်းပြည်ပ ကမ်းနီး၊ ကမ်းဝေးရေယာဉ်တွေအနေနဲ့ ရာသီဥတုဆိုးဝါးချိန်မှာ လှိုင်းဒဏ်လေဒဏ်တွေကို ခိုလှုံနိုင် မယ့် နေရာ ၁၅ ခုကို ငါးလုပ်ငန်းဦးစီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။
2016-04-19
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခု က ကျေး ရွာတွေမှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
2016-04-19
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လောရ မတောင်တန်းတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေရာ တပ်မတော် ဘက်က ယာယီတပ်ရင်းမှူး အပါအဝင် အရာရှိ စစ်သည်တချို့ ကျဆုံးခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲဖြစ် ပွားနေဆဲဖြစ်ပါတယ်။
2016-04-18
AFCSR ခေါ် စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုတာဝန်ပိုင်းဆိုင် ရာ အာရှနိုင်ငံများ ညီလာခံ ကို မြန်မာနိုင်ငံ နေပြည်တော် မှာ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂ဝ ရက် ကနေ ၂၁ ရက်နေ့ အထိ ကျင်းပမယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ကြေညာ ပါတယ်။
2016-04-18
အမေရိကန်အခြေစိုက် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကော်ပိုရေး ရှင်းကြီးတစ်ခုဖြစ်တဲ့ ရှက်ဗရွန် Chevron က မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ရထား တဲ့ စွမ်းအင် လုပ်ကွက်တွေနဲ့ လုပ်ငန်း အားလုံးကို အမေ ရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ နဲ့ ရောင်းချဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။
2016-04-18
နှစ်ဆန်းတစ်ရက်နေ့က အကျဉ်းထောင်တွေကနေ လွှတ်ပေး လိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၈၃ ဦးရဲ့ အမည်စာရင်းကို သက်ဆိုင်ရာက ထုတ်ပြန်မပေးတာကြောင့် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့များက အကျဉ်းထောင်တစ်ခုချင်းအလိုက် စီစစ်မှုတွေလုပ်နေရ တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်လျောက်ရေးအဖွဲ့ AAPP က RFA ကိုပြောပါတယ်။
2016-04-18
ခုတက်လာတဲ့အစိုးရသစ်က ကျောက်စိမ်း တူးဖော်ခွင့် ရုတ်တရက် ရပ်ဆိုင်းလိုက်ရင် ဆက်တူးနိုင်မှာမဟုတ်လို့ ကျောက်တွေ ဆက်ရှာနိုင်အောင် အရင်ကလို ကျောက်ရှာပြီးမှ မြေစာစွန့်တဲ့ စနစ်ကိုမလုပ်တော့ဘဲ ကုမ္ပဏီပိုင်ဝင်းတွေမှာပဲ ပုံထား တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူတွေ အလုပ်ရှား ပါးနေပါတယ်။
2016-04-18
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ဟဲကယ်ကျေးရွာမှာ စိုးလွင်အောင်ကုမ္ပဏီက တိုးဂိတ်ဆောက်လုပ်နေတာ ကို ဒေသခံတွေက ကန့်ကွက်ကြပြီး ဒီကနေ့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအပြင် ကုမ္ပဏီတာဝန်ရှိ သူတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရခဲ့ပါဘူး။
2016-04-18
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် က ကျေးရွာပေါင်း ၂၀လောက်က လူဦးရေ ၅သောင်းကျော်ဟာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတေ့ွနေ ရတဲ့အတွက် အရေးပေါ် အကူအညီလိုအပ်နေပါတယ်။
2016-04-18
ဘားအံမြို့မှာရှိတဲ့ မြို့မရဲစခန်းအနီးတဝိုက်နဲ့ မြို့မဈေးတဝိုက်မှာ ရဲတပ်ဖဲ့ွဝင် ၅၀ လောက် က ဒီနေ့ စုပေါင်းပြီး အမှိုက်ကောက်ခဲ့ကြ ပါတယ်။
2016-04-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်အနေ နဲ့ ပြည်သူတွေအပေါ် မေတ္တာထားပြီး၊ နိုင်ငံအပေါ် သစ္စာတရားနဲ့ အုပ်ချုပ် သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
2016-04-17
အန်အယ်လ်ဒီပါတီ နာယက သူရဦးတင်ဦး နဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေက ဒီနေ့ နှစ်သစ်ကူးနေ့မှာ ကန်တော့ကြပါတယ်။
2016-04-17
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှတို့အဖွဲ့ဟာ ရန်ကုန်မြို့ အင်းလျားကန်မှာ ငါးလွှတ်ပွဲပြုလုပ်ခဲ့ပြီး ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရား မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2016-04-17
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင် အသီးသီး ကနေ လွတ်မြောက်လာသူ ၈၃ ဦးထဲ မှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။