သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-18
ထိုင်းမြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးတာကြောင့် မြေပြိုကာ လူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
2018-09-18
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ လွတ်ရက်မရှိ အကျဉ်းသားတစ်ဦးက ဦးဆောင်ကာ အကျဉ်းသား ၄၁ ဦး ထောင်ဖောက်ထွက်ခဲ့တာမှာ ထောင်အာဏာပိုင်တွေ ပူးပေါင်းနိုင်တယ်ဆိုတဲ့ သံသယကြောင့် ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းတချို့ကို အကျဉ်းဦးစီးဌာက စစ်ဆေးနေတယ် လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
2018-09-18
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်မှာရှိတဲ့ SSA N0-1 ဂျယ်လီစက်ရုံက အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အလုပ်သမား ၅၀ ခန့်က အလုပ်ပြန်ခန့်ပေးဖို့အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုပြီး စက်ရုံရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။
2018-09-18
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အမှတ်(၈) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငါးမန်းဂိမ်းလောင်းကစားရုံကို ရပ်ကွက်နေပြည်သူတွေက အခုလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဝိုင်းဝန်းဖျက်ဆီးခဲ့ပါတယ်။
2018-09-18
မကွေးတိုင်း၊ အောင်လံမြို့နယ်က ဘွက်ကြီးဆည်ရဲ့ အပြင်ဘက်က မြေသားဘောင်တွေ နိမ့်ကျလာတဲ့အတွက် ဆည်အောက်ပိုင်းကျေးရွာတွေက ဒေသခံတွေ ဆည်ပေါက်မှာစိုးရိမ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။
2018-09-18
မြန်မာနိုင်ငံမှာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင် တွေကို အရေးယူပြီး၊ တပ်မတော်ကို နိုင်ငံရေးသြဇာရှိတဲ့ နေရာကနေ ဖယ်ရှားဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်က ပြောလိုက်ပါတယ်။
2018-09-18
ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် လိုက်တဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို လာမယ့် အောက်တိုဘာလဆန်း ထဲမှာ အယူခံတင်သွားမယ်လို့ သတင်းထောက်နှစ်ယောက်ရဲ့ ရှေ့နေတွေက ဒီကနေ့ RFA ကို ပြောပါတယ်။
2018-09-17
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ကနေ စတင်ခဲ့တဲ့ ရေထုညစ်ညမ်းမှုရဲ့ အဓိက အကြောင်းရင်းကို လေ့လာစုံစမ်းဖို့ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2018-09-17
ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ နမ့်ခမ်းမြို့ခံ ရှမ်းအမျိုးသမီး နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့မှာ ဒေသခံ ထောင်နဲ့ချီပြီး ဒီကနေ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2018-09-17
ရှရှားလူမှုကွန်ယက် VK မှာ ဖွင့်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ Senior General Min Aung Hlaing ဆိုတဲ့ အကောင့်ကို VK က နှစ်ကြိမ်တိုင်တိုင် ပိတ်လိုက်ပါတယ်။
2018-09-17
ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးမှာရှိတဲ့ ဘားအံ အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ အကျဉ်းသား ၄၁ ဦးထဲက ၁၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
2018-09-17
ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို တိုင်းဒေသကြီးအစိုးရက သတင်းမီဒီယာပုဒ်မ ၂၅(ခ) နဲ့ တရားစွဲဆိုထားတဲအမှုကို အောက်တိုဘာလ ၁ ရက်နေ့မှာ စွဲချက်ဖို့ သင့်၊ မသင့်ကို ဆုံးဖြတ်မယ်လို့ ဒီနေ့ရုံးချိန်းမှာ တရားသူကြီးက ပြောပါတယ်။
2018-09-16
ကရင်ပြည်နယ် ဘားအံမြို့ အကျဉ်းထောင်က အကျဉ်းသား အယောက် ၄ဝ ကျော် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း က ထောင်ဖောက် ထွက်ပြေးသွားခဲ့ကြပါတယ်။
2018-09-16
ရခိုင်ပြည်နယ်မှာ အစ္စလာမ်ဘာသာဝင် အယောက်သုံးထောင်ကျော်ကို ကမန် တိုင်းရင်းသားအဖြစ် နိုင်ငံသားကတ် ထုတ်ပေးတဲ့ကိစ္စနဲ့ မောင်တောခရိုင်မှာ နိုင်ငံသား မဟုတ်သူတွေကို ကျောင်းဆရာခန့်အပ်မယ့် ကိစ္စကို ရခိုင် လူမှုအဖွဲ့အစည်းတွေနဲ့ ရခိုင်နိုင်ငံရေး ပါတီတွေက ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
2018-09-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်မှာ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာတော့ မြေယာတွေ ပြန်မပေးသေးတာကြောင့် ဒေသခံတွေက ကျောက်တော်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။