သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-23
မြန်မာနဲ့ အိန္ဒိယနယ်စပ် မီဇိုယမ်ပြည်နယ်အနီးက ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဌာနချုပ်ကို AA ရခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ၄ ယောက်ကျဆုံးပြီး ဒီနေ့ မနက်ပိုင်းက ဌာနချုပ်စခန်းကို ဆုံးရှုံးလိုက်ရတယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။
2017-08-23
မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရဖြုတ်ချရေး သပိတ်မှောက်ရာမှာ ပါဝင်ခဲ့တဲ့ သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးကို လာမယ့် သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဖမ်းဆီးပေးဖို့ မန္တလေးမြို့ ချမ်းမြသာစည် တရားရုံးက ဒီကနေ့ အမိန့်ချမှတ် ခဲ့ပါတယ်။
2017-08-22
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည် အထက်ပိုင်းမှာရှိတဲ့ တရားမဝင်ရွှေ တူးဖော်ရေး လုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ပစ္စည်းတွေကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အမိန့်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က ဒေသအာဏာပိုင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
2017-08-22
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံစက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ ၂၀ ခန့်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနေ သြဂုတ်လ ၂၁ ရက်နေ့ မနေ့ကအထိ သွားရောက်လေ့လာ ခဲ့ပါတယ်။
2017-08-22
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဆုန့်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် နမ္မတီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ကို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေက ဒီနေ့နေရပ်အရောက် ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
2017-08-22
UWSA "ဝ" ဌာနချုပ် ပန်ဆန်းမှာ ကျင်းပနေတဲ့ အစည်းအဝေးမှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ ဥက္ကဌအဖြစ် UWSP "ဝ" ဥက္ကဌ ဦးပေါက်ယူချမ်းနဲ့ ဒုဥက္ကဌအဖြစ် KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ကို ခန့်အပ်လိုက်တယ်လို့ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။
2017-08-22
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူတဲ့ အရည်အချင်း သတ်မှတ်ချက်မှာ "ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်လက်အဂါၤ ပြည့်စုံသန်စွမ်းသူဖြစ်ရမယ်" ဆိုတဲ့ အချက်ဟာ မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံတာကြောင့် သတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ပေး ဖို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2017-08-22
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ အမေရိကန်အစိုးရက အကူအညီပေးဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်နဲ့ ယာယီရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးတို့ ဒီနေ့ နေပြည်တော်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
2017-08-22
ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းမြို့တစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့ လိုအပ်တာတွေကို စတင်လုပ်ဆောင်နေပြီလို့ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
2017-08-22
ရာသီတုပ်ကွေး H1N1 နဲ့ ကြက်ငှက်တုပ်ကွေး H5N1 ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ တစ်လအတွင်း အနည်းဆုံး ငွေကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင် ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။
2017-08-22
မနေ့ညကကျင်းပခဲ့တဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ ဘောလုံးပွဲ က ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ၈ ယောက်လောက် ဒဏ်ရာရရှိကြတယ်လို့ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
2017-08-21
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ နောက်ထပ်ဖြစ်လာနိုင်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign-UK အဖွဲ့က ပြောလိုက်ပါတယ်။
2017-08-21
ကျပ်သိန်းထောင်ချီ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို ဒီနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2017-08-21
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှာ အမှိုက်သိမ်းဆည်းတဲ့လုပ်ငန်းအတွက် စည်ပင်နဲ့ သဘောတူညီချက် ရရှိထားတဲ့ အောင်ဂရုဏာ ကုမ္ပဏီဟာ အစိုးရရဲ့ စည်းကမ်းချက်တွေအတိုင်း မလိုက်နာလို့ဆိုပြီး အတွက် မူဆယ်ဒေသခံ ၆၀၀ ကျော်က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-08-21
မန္တလေးမြို့အတွင်း အများပြည်သူပိုင်လမ်းတွေမှာ ပြိုင်ကားတွေ၊ ပြိုင်ကားလို ပြုပြင်ထားတဲ့ ကားတွေ၊ အိတ်ဇောဖြုတ်ထားတဲ့ ဆိုင်ကယ်တွေအပါအဝင် အသံဆူညံအောင် မောင်းတဲ့ ယာဉ်အားလုံးကို မနေ့ညကစပြီး ဖမ်းဆီးအရေးယူနေတယ်လို့ သိရပါတယ်။