သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-04
စစ်ကိုင်းတိုင်းထဲကို အင်အားဖြည့်တင်းဖို့လာတဲ့ ကားအစီး ၈၀ ကျော်ပါ စစ်ကောင်စီ ယာဉ်တန်းကို အောက်တိုဘာလ ၄ ရက် ဒီနေ့မနက်ပိုင်း ပုလဲမြို့နယ်ထဲအရောက်မှာ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၂၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ် လို့ ပုလဲ PDF က ပြောပါတယ်။
2021-10-04
ပြည်ပကိုပို့ကုန်အဖြစ် တင်ပို့ရောင်းချနေသူတွေအနေနဲ့ ပို့ကုန်ရငွေ တနည်းအားဖြင့် အမေရိကန်ဒေါ်လာကို လက်ထဲမှာ ကိုင်မထားရတော့ဘဲ တစ်လအတွင်း ပြန်ရောင်း ချရမယ်လို့ ဗဟိုဘဏ်က အောက်တိုဘာလ ၃ ရက် မနေ့ညပိုင်းမှာ ကြေညာခဲ့ပါတယ်။
2021-10-04
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က အလယ်တောရဲစခန်းကို အောက်တိုဘာလ ၃ ရက် မနေ့ည ၉ နာရီဝန်းကျင်ခန့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-04
ဒုက္ခနဲ့နာကျင်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေ အမြန်ငြိမ်းချမ်းပါစေလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့က တနင်္ဂနွေနေ့မှာ ဆုမွန်ကောင်း ထပ်တောင်းလိုက်ပါတယ်။
2021-10-04
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဆက်ဘဇားက ဒုက္ခသည်စခန်းတစ်ခုမှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ မိုဟစ်အူလာ ကိစ္စနဲ့ပတ်သက်လို့ ရိုဟင်ဂျာ ငါးယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲက မနေ့ကဖမ်းလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-10-04
ချင်းပြည်နယ်၊ ထန်တလန်မြို့ ဝမ်သူးရွာက စစ်ကောင်စီရဲ့ စွန့်လွှတ်ပြီးသား မဆုတ်တမ်းခံစစ်စခန်းကို အောက်တို ဘာလ ၃ ရက် မနေ့မှာ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF – Zophei) နဲ့ ချင်းအမျိုးသားတပ် (CNA) တို့ ပူးပေါင်း အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ CDF – Zophei က သတင်းထုတ်ပြန်ပါတယ်။
2021-10-03
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက အင်တာနက် လိုင်းတွေ ဖြတ်တောက်၊ သတင်းအမှောင်ချထားပြီး အဲဒီ ဒေသတွေမှာရှိတဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေကို ထိုးစစ်ဆင်ချေမှုန်းဖို့ စစ်သားအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းနေတယ် လို့ ဒေသခံတွေနဲ့ တပ်တွင်း သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။
2021-10-03
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဝန်းပြင်ရွာအနီးမှာ အောက်တိုဘာ ၃ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ ဘက်က ၂၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pale - PDF) က သတင်း ထုတ်ပြန်ပါတယ်။
2021-10-03
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာမှာ အောက်တိုဘာ ၂ ရက် မနေ့က ညပိုင်းက ပျူစောထီးတပ်ဖွဲ့ဝင် သုံးဦးကို တောကြီးမြွေဟောက်အဖွဲ့- ခင်ဦး (King Cobra – Khin Oo) က သတ်ဖြတ်လိုက်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
2021-10-03
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ထီးလွီးဘီလာနဲ့ ငွေတောင်ရွာသစ် အကြား အောက်တိုဘာ ၂ ရက် မနေ့က စစ်ကောင်စီနဲ့ KNDF အပါအဝင် ကရင်နီ လက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က နှစ်ယောက် သေဆုံးတယ်လို့ KNDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
2021-10-02
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့က ပျဉ်ထောင်ရွာကို အောက်တိုဘာလ ၁ ရက် မနေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီ တပ်သားတွေဟာ အရပ်သုံးမျက်နှာကနေ စစ်ကြောင်းသုံးကြောင်းခွဲဝင်လာပြီး ပစ်ခတ်နှိမ်နင်းနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
2021-10-02
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာက နေအိမ်ဆယ်လုံးကို စစ်ကောင်စီတပ်တွေက မနေ့ ညနေပိုင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-02
မကွေးတိုင်း။ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာမှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ နယ်မြေရှင်းလင်းရေးအနေနဲ့ ရွာထဲကအိမ်တွေကို မီးရှို့ကာ လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ပါ ပစ်ခတ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2021-10-02
မကွေးတိုင်း ဆော-ကျောက်ထု လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းကို YDF အထူးပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူး ဘုန်းမြင့်ကျော် အပါအဝင် လေးယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ Yaw Defence Force (Saw & Kyaukhtu) အဖွဲ့က ထုတ်ပြန်ပါတယ်။
2021-10-01
အာဆီယံ အထူးကိုယ်စားလှယ်၊ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရနိုင်ဖွယ် မရှိကြောင်း AFP သတင်းဌာနက ရေးသားလိုက်ပါတယ်။