သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-30
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေ ရတဲ့ကိစ္စ အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းဆောင် ရွက်ရေး နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းပေးဖို့ အမေရိ ကန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတွေက နယူးယောက်မြို့ က ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဧပြီ ၃ဝ ရက် မနေ့က ဆန္ဒပြ ခဲ့ကြပါတယ်။
2016-04-30
ထိုင်းနိုင်ငံ ရနောင်းမြို့က SIFCO အအေး ခန်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာအလုပ်သမား ၁၄ ယောက်ဟာ ဒီနေ့ စက်ရုံသွားဖို့ ကားစောင့်နေစဉ် ကားတိုက်ခံရပြီး ၄ ဦး သေဆုံးခဲ့ပါတယ်။
2016-04-30
ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်အတွင်းမှာ ပေါက်တော ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံစတဲ့ မြို့ နယ်ပေါင်း ၁၃ မြို့နယ် မှာ ငွေကျပ်သန်းပေါင်း ၉၀ ကျော် အသုံးပြုပြီး ရေတွင်း၊ ရေကန်တွေနဲ့ သောက်သုံးရေ ရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
2016-04-30
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့ ဖား ကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့ အတွက် ကျောက်မျက်ကုမ္ပဏီတွေက စက်ယန္တရားတွေ နဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုတွေကို ယာယီရပ်နား ထားတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။
2016-04-30
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ ဖါးလင်ပိုးကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့က Myanmar Veneer အလုပ်သမားသပိတ်စစ်ကြောင်းက အလုပ်သမားတွေ ကို နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက သပိတ်ရပ်နားဖို့ပြောကြားခဲ့ပေမယ့် အလုပ်သမားတွေက လက်မခံဘဲ ဆက်လက်ချီတက်ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-04-30
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်စပ်မှာ Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်နေတာကို ဒေသခံ ၃ဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2016-04-30
'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA/UWSP ခေါင်းဆောင်တွေနဲ့ NLD ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်တချို့ တရုတ် မြန်မာနယ်စပ်က ပန်ဆန်းမြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။
2016-04-29
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြိုတိုင်း ရင်းသားတွေကို ကူညီစောင့်ရှောက်ပေးဖို့ မြိုအမျိုးသားဒီမို ကရေစီပါတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ မေတ္တာရပ် ခံစာပေးပို့လိုက်ပါတယ်။
2016-04-29
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးပြီး ပြင်ဆင်မယ့် ဥပဒေကြမ်း သုံး ခု ကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားပြီလို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ကြေညာပါတယ်။
2016-04-29
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ကချင်ပြည်နယ်က ဖားကန့်ကျောက်စိမ်းတွင်းတွေနဲ့ မိုးညှင်းမြို့နယ်ထဲ က ရွှေတူးဖော်ရေး လုပ်ကွက်တွေကို သွားရောက် စစ်ဆေးဖို့ရှိပါတယ်။
2016-04-29
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အပြောင်းအလဲဖြစ်စေမယ့် အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံချက်ကို မူဝါဒ ၅ ရပ်နဲ့ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
2016-04-29
ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို လာမယ့် မေလကုန်ပိုင်းလောက် ခေါ်ယူပေးဖို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ၁၃၆ ဦးက လက်မှတ်ရေး ထိုးပြီး ပါတီဥက္ကဌ ဦးသိန်းစိန်ထံ တောင်းဆိုလိုက်ပါတယ်။
2016-04-29
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ဒီနေ့ကနေစပြီး မေလ ၅ ရက်နေ့ အထိ ကာလအတွင်း လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ကြောင်း အစိုးရက ထုတ်ပြန်သတိပေးလိုက်ပါတယ်။
2016-04-29
စစ်ကိုင်းမြို့ Myanmar Veneer သစ်စက် ရုံရှေ့မှာ ၂ လကျော်ကြာ ထိုင်သပိတ် ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား တစ်ရာကျော်ဟာ သူ တို့တောင်းဆိုချက်တွေ မရရှိသေးတာကြောင့် နေပြည်တော် မှာ ဆက်လက်တောင်းဆိုဖို့အတွက် ဒီကနေ့ စစ်ကိုင်းမြို့ ကနေ နေပြည်တော်ဆီ လမ်းလျှောက်ချီတက်ကြပါတယ်။
2016-04-28
၁၉၅ဝ အရေးပေါ်စီမံမှု အက်ဥပဒေ၊ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေနဲ့ ငြိမ်းချမ်းစွာ စုရုံးစီတန်း လှည့်လည်ခွင့် ပုဒ်မ ၁၈ လို ဥပဒေတွေ ပြန်လည် ရုပ်သိမ်းရေး ဥပဒေကြမ်းတွေကို မကြာခင်ရက်ပိုင်းအတွင်း လွှတ်တော်ကို တင်သွင်းဆွေးနွေးမှာဖြစ်ပါတယ်။