သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-16
၂၀၁၃ မှာ ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံ ၁၅၆ ခုကို စစ်တမ်းကောက်ခဲ့စဉ်က မြန်မာ နိုင်ငံက ၁၂၁ နိုင်ငံမြောက် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံဖြစ်ခဲ့ရာက ၂၀၂၁ မှာ ၁၂၆ ကိုရောက်သွားပါတယ်။
2021-12-15
မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေအပေါ် ပိုမိုဖိအားပေးတဲ့အနေနဲ့ မြန်မာ နိုင်ငံထွက် ကျောက်မျက်ရတနာတွေ ဝယ်ယူတာတွေ ရပ်ဆိုင်းထားဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အဓိကရ ရတနာကုန်သည်တွေကို တိုက်တွန်းနေကြပါတယ်။
2021-12-15
မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မြန်မာစစ်ကောင်စီကို တစ်ဦးချင်းစီရော၊ အစုအဖွဲ့လိုက်ပါ ဖိအား ပေးမှုတွေ ပိုလုပ်မှာဖြစ်သလို တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်အောင် ဆက်လုပ်သွားမယ်လို့ ဒီကနေ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောလိုက်ပါ တယ်။
2021-12-14
နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်အာဏာသိမ်း ၁၀ လတာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း လေး သိန်းနီးပါး ရှိလာတယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျု (ISP Mynmar) က ပြောလိုက်ပါတယ်။
2021-12-14
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းထဲမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေး ရေးရုံးမှာ နေ့စဉ်လိုလို တန်းစီစောင့်ဆိုင်းသူတွေ ပိုများလာတယ်လို့ နိုင်ငံကူး လက်မှတ်ရရှိရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။
2021-12-13
လာမယ့် ၂၀၂၁ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာရေးဆိုင်ရာ ပြဿနာတွေကို ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။
2021-12-13
စစ်အာဏာသိမ်း ၁၀ လကျော်အတွင်း NLD လွှတ်တော်အမတ် ၉၀ နီးပါး အဖမ်းခံ ထားရပြီး အများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပါတီ လုပ်ငန်းကော်မတီက ပြောပါတယ်။ အဲဒီအထဲက အချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေကို ရောက်ရှိလာပြီး ဆုံးရှုံးခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပြန်ရဖို့အတွက် လက်နက်ကိုင်တော်လှန်နေကြပါတယ်။
2021-12-13
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင် ဝင်းထဲက စစ်ခုံရုံးတွေကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင်၊ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတဲ့သူဟာ RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ စုစုပေါင်း ၁၁၇ ဦးအထိ ရှိလာပါတယ်။
2021-12-12
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံ တကာ လူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ် ဆန္ဒပြ ခဲ့ပြီးနောက် ရန်ကုန်မြို့မှာ အရင်ကထက် အစစ်အဆေးတွေ ပိုပြီးတင်းကျပ် လာနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-10
ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ နိုင်ငံ တကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရင်ကတည်းက အပြည့်အဝ မရသေးတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ လုံးဝဆိတ်သုဉ်းသွားတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမား တွေက ပြောပါတယ်။
2021-12-10
စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်တပ်က နယ်မြေရှင်းလင်းတဲ့အတွက် ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံ ငါးထောင်ကျော်ဟာ ဒီနေ့အထိ ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးခိုလှုံနေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-09
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဋ္ဌာနရဲ့အမိန့်အရ ဆက်သွယ်ရေး အော်ပရေတာတွေဟာ အင်တာနက်ဝန်ဆောင်ခ နှုန်းထားတွေကို ဒီဇင်ဘာ ၈ ရက် မနေ့ကစပြီး နှစ်ဆနီးပါးတိုးမြှင့်လိုက်ပါတယ်။
2021-12-09
ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) အစီရင်ခံစာမှာ ကိုဗစ်ကပ်ရောဂါနဲ့ အဆက်မပြတ်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ တွေကြောင့် မြန်မာတစ်နိုင်ငံလုံးက မြို့ပြဆင်ခြေဖုံးမှာ နေထိုင်သူတွေရဲ့ ဆင်းရဲငတ်မွတ်မှုဘေးဟာ လာမယ့်နှစ်မှာ သုံးဆမြင့်တက်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။
2021-12-08
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ဟာ ဂျပန်အစိုးရကို အပြိုင်ချည်းကပ်နေပြီး နိုင်ငံရေးအားသာမှု ရအောင် ကြိုးစားနေကြတဲ့အကြောင်း ဂျပန်နိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2021-12-08
ချင်းပြည်နယ် ထန်တလန်မြို့မှာ အချိန်လေးလအတွင်း မီးရှို့မှု ၁၃ ကြိမ်မှာ အိမ်ခြေ ၅၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ အခုဆိုရင် နေအိမ် ၂,၀၀၀ ကျော်ရှိတဲ့ ထန်တလန်မြို့မှာ အိမ်ခြေ လေးပုံ တစ်ပုံလောက် ဆုံးရှုံးသွားပြီဖြစ်ပေမယ့် နောက်ထပ်ကျန်နေသေးတဲ့ အိမ်တွေလည်း ဆက်လက် မီးရှို့ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။