သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-18
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငတရော်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဩဂုတ်လ ၁၇ ရက် မနေ့ မနက် ၁၀ နာရီခွဲကနေ ဒီကနေ့မနက်အထိ ဝင်ရောက်မီးရှို့နေတာကြောင့် နေအိမ် ၄၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2022-08-18
၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်းတစ်နှစ်ပြည့်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ သက်တမ်းတိုးခွင့်ဟာ တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ်သာ ရရှိတာမို့ အခု ဒုတိယအကြိမ် သက်တမ်းတိုးကာလဟာ စစ်ကောင်စီအတွက် ရွေးကောက်ပွဲမတိုင်ခင် အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။
2022-08-17
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ဆန္ဒရှိကြပေမယ့် မြန်မာနိုင်ငံမှာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက်က ပြောလိုက်ပါတယ်။
2022-08-17
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ အနေနဲ့ မိမိခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တွေကို ထိရောက်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ခရီးစဉ်မျိုး မဖြစ်အောင် သတိထားဖို့ လိုအပ်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။
2022-08-17
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ တပ်မဟာ (၁) ကနေ (၆) အတွင်းမှာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲကျော် (၃၅၆,၆၇၄ ဦး) အထိ တိုးလာခဲ့တယ်လို့ KNU က ဩဂုတ်လ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-08-16
စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက ဆက်ဆံရေးဟာ အဖွဲ့အစည်းသဘောထက် ပုဂ္ဂိုလ်ရေး သဘောပိုကဲတယ်လို့ သုတေသနတစ်ရပ်က ဆိုပါတယ်။
2022-08-16
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တရားမဝင်လုပ်ငန်းတွေကရရှိတဲ့ ငွေကြေးတွေနဲ့ သုံးမကုန်အောင် ချမ်းသာကြွယ်ဝနေကြတာဖြစ်တယ်လို့ စစ်တပ်နဲ့ သံတမန်အသိုင်းအဝိုင်းကနေ ပြည်သူနဲ့ပူးပေါင်းပြီး CDM လုပ်လာသူတွေက ပြောပါတယ်။
2022-08-16
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဝန်းကြီးရွာက လူငယ်ခုနစ်ဦးဟာ ဩဂုတ်လ ၁၄ ရက်နေ့က ဗန်းမော်မြို့ဘက်ကို ရွှေတူးဖော်ရေးအလုပ်အတွက် သွားရောက်ရာကနေ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ဩဂုတ်လ ၁၅ ရက် မနေ့က ဒေသခံတွေ တွေ့ရှိခဲ့ကြရပါတယ်။
2022-08-16
ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုကျူးလွန်လာတဲ့ မြန်မာစစ်ကောင်စီကို သံတမန်ရေး ဖိအားနဲ့တင် မလုံလောက်ဘဲ ဝင်ငွေများစွာရရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ Justice for Myanmar နဲ့ Blood Money Campaign သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့လို လူ့အခွင့်အရေးအဖွဲ့တွေက အစဉ်တစိုက် တောင်းဆိုနေပါတယ်။
2022-08-16
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျေ့ာပြန်တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဇူလိုင်လ ၁၈ ရက်နေ့ကနေ ဒီနေ့အထိ အချိန်တစ်လနီးပါးအတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-15
ချင်းပြည်နယ်က CDF တပ်ဖွဲ့ဝင်တွေ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှာ ရောက်နေတယ်လို့ သတင်းရတာကြောင့် စစ်ကောင်စီတပ်က အခုလ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2022-08-15
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ အခြေခံအကျဆုံး စားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းဟာလည်း စပါးစိုက်ချိန် အခုမိုးရာသီမှာ ထက်ဝက်နီးပါး တက်လာပါတယ်။ ဆန်ဈေးနှုန်းတွေ မြင့်တက်လာတာက ဝင်ငွေနည်းတဲ့ အခြေခံလူတန်းစားတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်လာပါတယ်။
2022-08-14
နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားအဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးနဲ့ တွေ့မယ်ဆိုရင် ခွင့်ပြုချက် ယူရမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၁၁ ရက်နေ့မှာ ပါတီတွေထံ အကြောင်းကြားခဲ့ပါတယ်။
2022-08-13
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ ထိုင်းနိုင်ငံထဲကအိမ်တွေကို မြန်မာလူမျိုးအများအပြား လာရောက်ဝယ်ယူနေကြတယ်ဆိုတဲ့ သတင်းတွေကို အွန်လိုင်းသတင်းတွေ၊ လူမှုစာမျက်နှာတွေမှာ တွေ့လာရပါတယ်။
2022-08-13
ရှမ်းပြည်နယ် တာချီလိတ်မြို့ အပါအဝင် တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ အခုရက်ပိုင်း မိုးရွာသွန်းမှုများပြီး တောင်ကျရေနဲ့ မြစ်ချောင်းတချို့ရေလျှံတာကြောင့် လူနေရပ်ကွက်တွေအထိ ရေဝင်ရောက်ပြီး အချို့နေရာတွေမှာ နေအိမ်ပါရေမြုပ်တာကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။