သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-25
ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်း အများစုဟာ မိုးကာတဲတွေနဲ့ ရသလို တည်ဆောက်ထားရသလို အဲဒီဒေသတွေဟာ ဆောင်းတွင်းကလမှာ တခြားဒေသတွေထက် အအေးဒဏ်ပိုတာကြောင့် စောင်နဲ့ အနွေထည်တွေ အကူအညီပေးကြဖို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကရင်နီအရပ်ဖက် တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
2022-10-24
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း သောင်းနဲ့ချီပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရတဲ့ အခြေအနေ အပါအဝင် မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေက ထူးခြားတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
2022-10-24
စစ်ရေးလှုပ်ရှားမှုနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေက RFA ကို ပြောပါတယ်။
2022-10-24
စစ်ကောင်စီတပ်စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ နယ်မြေကို လိုအပ်သလို စစ်ဆင်ရေးတွေတန်ပြန်ဆောင်ရွက်ခဲ့တာလို့ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။
2022-10-24
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဖားကန့်မြို့ပေါ်ကို ဆေးသွားရောက်ကုသခွင့်မရအောင် စစ်ကောင်စီက ဂင်စီကျေးရွာအထွက်ဂိတ်မှာ ပိတ်ဆို့ထားတယ်လို့ ရာနဲ့ချီတဲ့ဒဏ်ရာရသူတွေ အခက်အခဲကြုံနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။
2022-10-24
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာလည်း အစောပိုင်း သတင်းတွေအရ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဝဝ ကျော် ထိမှန်ပြီး၊ အများအပြား သေဆုံးခဲ့တယ်လို့ သတင်းရရှိထားကြောင်း ဖော်ပြထားပါတယ်။
2022-10-24
စစ်ကောင်စီက ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုကြောင့် နှစ်ဖက်အဖွဲ့အစည်းအကြား အမုန်းတရား ပိုတိုးပွားလာနိုင်တယ်လို့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2022-10-24
စစ်ကောင်စီက အာဏာသိမ်းထားတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း တိုင်းရင်းသားနယ်မြေတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာလေကြောင်းတိုက်ခိုက်မှု ၂၄၀ နီးပါးလုပ်ဆောင်ခဲ့ပြီး ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ရာကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက သတင်းထုတ်ပြန်ပါတယ်။
2022-10-24
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ပညာရေး၊ ကျန်းမာရေး၊ ပြည်ထဲရေး၊ လျှပ်စစ်နဲ့ မီးသတ်ဌာနက ဝန်ထမ်းစုစုပေါင်း ၃၅ ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာတယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2022-10-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကေအိုင်အို တည်ထောင်တဲ့ ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက် မနေ့ညက တေးဂီတဖျော်ဖြေပွဲပြုလုပ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၅၀ ခန့်သေဆုံးပြီး ၁၀၀ နီးပါးလောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-10-24
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက ရွာတွေကို အောက်တိုဘာလ ၁၇ နေ့ကစလို့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံတစ်ဦး သေဆုံးကာ နှစ်ရာခန့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2022-10-24
၂ဝ၂၂ ခုနှစ် ဇွန်လကနေ အောက်တိုဘာလ ပထမအပတ်အထိ လေးလအတွင်းမှာ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်ဆီးခံရသူ ၉၀ ကျော်ရှိနေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ပြောဆိုထားပါတယ်။
2022-10-24
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အနောက်ဘက်၊ ကျခတ္တပင်အင်းရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရွာခံ လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရေဖြူဒေသခံတွေက ပြောပါတယ်။
2022-10-24
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူ့အခွင့်အရေးဌာနကို အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ လ ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး အသက်ဆုံးခဲ့ပါတယ်။
2022-10-24
အိမ်ခြေနှစ်ရာကျော်ရှိတဲ့ ဆင်တက်မော်ရွာအပြင် လူဦးရေ တစ်သောင်းကျော် ခိုလှုံနေတဲ့ ငှက်ချောင်း မွတ်စလင် ဒုက္ခသည်စခန်းကအားလုံး ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတာလို့ ဆိုပါတယ်။