သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-25
မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်းနိုင်ငံ ထဲကို လူကုန်ကူးခံရတဲ့ မြန်မာ အမျိုးသမီးတွေ အကြောင်း
2011-02-24
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက အင်းစိန်ထောင်မှာ ထိန်းသိမ်း ခံထားရတဲ့ မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေကို အင်းစိန်ထောင်တွင်း ကမာရွတ်မြို့နယ် အထူးတရားရုံးမှာ ဖေဖော်ဝါရီ ၂၄ ရက် ဒီကနေ့ ပထမဦးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2011-02-24
ဖားအံထောင်နဲ့ တောင်ကြီးထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဒေါက်တာနေဝင်း နဲ့ ဦးအောင်ကျော်ဆန်းတို့ကို တော်ဘုရားလေး ဦးအောင်ဇေ စာပေဆု ရွေးချယ်ရေးအဖွဲ့က လူမှု ဝန်ထမ်းကောင်းတွေ အဖြစ် ဂုဏ်ပြုလိုက်ပါတယ်။
2011-02-24
X2O ရေကစားမဏ္ဍပ်ရှေ့ဗုံးကွဲတာကို ဓာတ်ပုံသတင်းထောက် လုပ်မှုနဲ့ စွပ်စွဲ ထောင်ချခံလိုက်ရတဲ့ ဦးမောင်မောင်ဇေယျ ခေါ် စာရေးဆရာ သားကြီး မောင်ဇေယျကို အင်းစိန်ထောင်ကနေ ရှမ်းပြည်မြောက်ပိုင်း သီပေါထောင်ကို ပို့လိုက်တာလို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ စုံစမ်း သိရှိရပါတယ်။
2011-02-24
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ မူဝါဒကို စာရေးသား ထုတ်ပြန်ပြီး ထောက်ခံခဲ့တဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို အာဏာပိုင်တွေက ထောင်တွင်း ပြစ်ဒဏ်ပေးတဲ့ တိုက်ကို အခုရက်ပိုင်းက ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
2011-02-24
နိုင်ငံရေးလုပ်တဲ့အခါမှာ လွှတ်တော်တွင်း နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးရှိရမှာ ဖြစ်တဲ့အတွက် NLD အဖွဲ့ချုပ်ဟာ ဒီနေ့ကာလမှာ လွှတ်တော် ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-02-24
ဗြိတိန်နိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသား အဖွဲ့အစည်း လေးဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) တို့ကနေ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းထံကို အိတ်ဖွင့်ပေးစာ တစောင် ဖေဖော်ဝါရီ ၂၃ ရက် မနေ့က ပေးအပ်ခဲ့ပါတယ်။
2011-02-23
ကိုမျိုးရန်နောင်သိန်းနဲ့ စေတနာရှင် လူငယ်တစု စီစဉ် ဖွင့်လှစ်ထားတဲ့ ဗေဒါ သင်တန်းကျောင်း နေရာအသစ်မှာလည်း မယက ဥက္ကဋ္ဌက ဖိအားပေးနေတဲ့အတွက် အခက်အခဲ ရှိနေကြောင်း သတင်းရရှိပါတယ်။
2011-02-23
X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်အမှုမှာ ဗဟိုတရား ရုံးချုပ်ရဲ့ ဆောင်ရွက်ချက်ဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဝေဖန်လိုက်ပါတယ်။
2011-02-23
လာမဲ့ ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်မဲ့ ၂၀၁၁ ခု ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးဆိုင်ရာ ဥပဒေတွေကို လွှတ်တော် မခေါ်ယူခင် ၅ ရက်လောက်အလိုမှာ စစ်အစိုးရက လျှို့ဝှက် ထုတ်ပြန်ခဲ့ပါတယ်။
2011-02-23
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေးအတွက် ILO နဲ့ သဘောတူ စာချုပ် သက်တမ်းတိုးဖို့ ILO က ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကတော့ ပြည်ဝင်ခွင့်မရပဲ အိမ်နီးချင်းနိုင်ငံတွေမှာ အချက်အလက် စုဆောင်းနေရပါတယ်။
2011-02-23
ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက် တွေ့ဆုံခဲ့ပြီး ပါတီရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး NLD ရုံးချုပ်မှာ ဆွေးနွေးခဲ့ပါတယ်။
2011-02-23
ကနေဒါနိုင်ငံ တိုရန်တိုမြို့က Carleton တက္ကသိုလ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပညာရပ် ဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့် ပေးအပ်လိုက်ပါတယ်။
2011-02-22
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ် အတည်ပြုလိုက်ကြောင်း သိရပါတယ်။
2011-02-22
စစ်အစိုးရ အာဏာပိုင်တွေရဲ့ နယ်မြေ ကန့်သတ်ချက်တွေနဲ့ အတားအဆီး ဂိတ်တွေကြောင့် KIO ကချင် လွတ်မြောက်ရေးအဖွဲ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ KIO အဖွဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး ကော်မတီဝင်တဦးက ထုတ်ဖော် ပြောဆိုပါတယ်။