သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-11
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးထားကြပါတယ်။
2012-03-10
၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
2012-03-10
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပါတီ စည်းရုံးရေးခရီး ဒီနေ့ သွားရောက်ရာမှာ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ လူထုကို လမ်းခရီးတလျှောက် နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။
2012-03-10
တရုတ်နိုင်ငံ ရွှေလီမြို့မှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ မနေ့က တတိယနေ့အဖြစ် ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။
2012-03-09
ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အခုအစိုးရ သက်တမ်းအတွင်းမှာပဲ ပြီးစီးအောင် ဆောင်ရွက်လိုကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက ပြောလိုက်ပါတယ်။
2012-03-09
တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွန်ကြားရေးမှုးချုပ် Ms. Shen Beili ဦးဆောင်တဲ့အဖွဲ့ဟာ အမျိူးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင်တွေနဲ့ မနေ့က ရန်ကုန် NDF ရုံးမှာတွေ့ဆုံခဲ့ပါတယ်။
2012-03-09
ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးကြရာမှာ ကေအိုင်အိုက တင်ပြထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အစိုးရ ကိုယ်စားလှယ်ဘက်က လက်မခံသေးတဲ့အတွက် ဘာသဘောတူညီချက်မှ မရဘဲ ပြီးသွားတယ်လို့ သိရပါတယ်။
2012-03-09
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ထောင်တွင်း ဖန်တီးမှုအနုပညာတွေကို ပထမဆုံး ခင်းကျင်းပြသတဲ့ ၂၀၁၂ Amnesty Prison Art Show ကို ရန်ကုန်မြို့ ပန်းဆိုးတန်း စာပေလောကတိုက် အပေါ်ထပ်မှာ ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။
2012-03-09
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး တစည ပါတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2012-03-09
လှိုင်သာယာ စက်မှုဇုန် (၂)၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာရှိတဲ့ ကိုရီးယားလူမျိုးပိုင် မြန်မာဆန်နီ ဖိနပ်စက်ရုံက အလုပ်သမား ၁၄၀၀ ကျော်က လုပ်ခလစာ တိုးမပေးတဲ့အတွက် မနေ့က နေ့လယ် ထမင်းစားနားချိန်ကနေ အလုပ်ပြန်မဆင်းဘဲ ဆန္ဒပြခဲ့ရာ ဒီကနေ့ မနက်မှာ လိုလားချက်တွေ ရသွားကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-03-09
မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင် ပြောင်းလဲရေးတွေဟာ လူ့အခွင့်ရေး အခြေအနေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေရှိပေမယ့် အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
2012-03-09
ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။
2012-03-09
ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တော်မှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲမှာ မြန်မာနိုင်ငံက လွတ်လပ်ခြင်း အနုပညာပြိုင်ပွဲဝင် ရုပ်ရှင် ၅ ကားကို မတ်လ ၁၃ ရက်မှာ ပြသပါမယ်။
2012-03-08
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုအဖြစ် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ပြောကြားချက် မူကြမ်းထဲက အချက်တချို့ကိုအစိုးရက ကြိုတင် ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။
2012-03-08
နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝါရှင်တန်ဒီစီမြို့တော် အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် ဆုပေးပွဲ အခမ်းအနားမှာ မြန်မာအမျိုးသမီး မဇင်မာအောင်ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။