သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-17
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့သိရပါတယ်။
2014-12-17
မှုခင်းတွေကို မှန်မှန်နဲ့မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးအပါအဝင် တရားရုံးတွေရဲ့ ဝန်ဆောင်မှုတွေ ကို မြှင့်တင်နိုင်ဖို့အတွက် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ပြည်ထောင်စုတရား လွှတ်တော် ချုပ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2014-12-17
မနေ့ကကျင်းပခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် စတုတ္ထတန်းစာမေးပွဲ မြန်မာစာမေးခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့အစား ဖေဖော်ဝါရီ ၁၅ ရက်လို့ မှားယွင်းဖော်ပြခဲ့ ပါတယ်။
2014-12-17
ဓာတုဆေးဝါးပါတဲ့ အစားအသောက်တွေ ကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနမှာ ဝန်ထမ်းအင်အား မလုံလောက်တဲ့ အတွက် ပြည်သူတစ်ဦးချင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်း သိန်းဌေးက ပြောကြားလိုက်ပါတယ်။
2014-12-17
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ဦးထင်လင်းဦးကို သာသနာ ညှိုးနွမ်းစေ မှုနဲ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့ရာ တရားသူကြီးက အာမခံမပေးဘဲ ပယ်ချ လိုက်ပြီး မုံရွာအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
2014-12-17
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှာ ဆွေးနွေးကြတဲ့အခါ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေအပြင် လိုင်ဇာမြို့က သင်တန်းကျောင်းထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
2014-12-17
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့သစ်စီမံကိန်းမှာ ကုမ္ပဏီတစ်ခု က ခြံစည်းရိုးခတ်လိုက်တာကို လယ်သမားတွေက ဖျက်ဆီးလိုက်တဲ့အတွက် နှစ်ဖက် တင်းမာမှုတွေ ဖြစ်နေပါတယ်။
2014-12-17
မြန်မာနိုင်ငံနဲ့ မဲခေါင်မြစ်ဝှမ်းဒေသတွေ မှာ ဆေးမတိုးတော့လို့ တားဆီးရခက်နေ တဲ့ ငှက်ဖျားရောဂါပိုးတစ်မျိုး ပေါ်ပေါက်နေ တာကို အချိန်မီဟန့်တားဖို့လိုနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
2014-12-16
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က စစ်ပွဲတွေပြန်ဖြစ်နေတဲ့အတွက် ဒုက္ခ သည်တွေကို စားနပ်ရိက္ခာ၊ အဝတ်အထည် နဲ့ဆေးဝါးအကူအညီတွေပို့ခွင့်မရတာ နှစ်လကျော်သွားပြီလို့ကုလသမဂ္ဂ ကယ်ဆယ်ရေး အရာရှိတွေက ပြောကြားကြ ပါတယ်။
2014-12-16
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က အနော်ရထာစက်မှုဇုန် မြစိမ်းရောင် အိမ်ယာစီမံကိန်းမြေပေါ်မှာ ဝင်ရောက်နေထိုင်သူတွေကို သက်ဆိုင်ရာက ရှင်းလင်း ဖျက်သိမ်းရာကနေ အိမ်ဖျက်သူတွေနဲ့ အဖျက်ခံရသူတွေ ကြား မနေ့ညနေက အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပြီး ဒဏ်ရာရသူတချို့ရှိတယ်လို့ သတင်းရရှိပါတယ်။
2014-12-16
ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက် ဧရာဝတီ မြန် မာဘာသာ အပတ်စဉ်သတင်းဂျာနယ်နဲ့ ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ဘာသာတို့ကို ထုတ်ဝေခွင့်သက် တမ်းတိုးရာမှာ တည်ဆဲဥပဒေနဲ့အညီလိုက်နာဖို့ အကြောင်း ကြားထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အစိုးရ သတင်းမီဒီယာတွေကနေ ဒီကနေ့ သတင်းထုတ် ပြန် ပါတယ်။
2014-12-16
မလေးရှားနိုင်ငံမှာ ၃ နှစ်ကျော် တရား မဝင်နေထိုင်ပြီးနောက် ထိုင်းနယ်စပ် ကိုဖြတ်ကျော်ဖို့ ကြိုးပမ်းစီစဉ်နေ တဲ့ မြန်မာနိုင်ငံသား ၇၆ ယောက်ကို မလေးရှားအာဏာ ပိုင်တွေက ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
2014-12-16
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေကို ရန်ကုန်မြို့မီကာဆာဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
2014-12-16
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ထဲက ကျူးကျော်တဲ နှစ်ထောင်ကျော်ကို သက်ဆိုင်ရာတွေရဲ့ ညွှန်ကြားချက်အရ လူအင်အား ၃ဝဝ ကျော်က မနေ့ညပိုင်း မှာ ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
2014-12-16
နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ လာမယ့် ၂ဝ၁၅ ဇန်နဝါရီလက စတင်ပြီး သတင်း မီဒီယာတွေကို နိုင်ငံတော် သမ္မတနေအိမ်တော် မှာ နေ့စဉ် သတင်းယူခွင့်ပြုမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေကို ဒီကနေ့ ပြော ကြားခဲ့ကြောင်းသိရပါတယ်။