သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-16
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် အရှေ့ပိုင်းခရိုင်မှာရှိတဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွှန့် သုံးမြို့ နယ်က ပူးပေါင်းပြီး "PR ခေါ် အချိုးကျကိုယ်စားပြုစနစ် အကြောင်း သိကောင်စရာ " ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းမှာရှိတဲ့ ရာမာခရစ်သျှနားခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2014-08-16
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မှာ PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက် ပွဲ စနစ် အလိုမရှိကြောင်း ဒေသခံလူ ၂ဝဝ ကျော်လောက် ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-08-15
ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမူ အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို မနေ့က လှှိုင်သာယာ မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပြီး ခုလိုမြို့နယ် တရားရုံး တစ်ခုစီကနေ ပုဒ်မ တစ်ခုထဲနဲ့ ပြစ်ဒဏ်တွေ သီးခြားစီခွဲပြီး အပြစ်ပေးနေတာ ဟာ ဥပဒေနဲ့ ကိုက်ညီမူမရှိဘူးလို့ ကိုထင်ကျော်ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFAကို ပြောပါတယ်။
2014-08-15
မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ကနဦး တိုးတက်တဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး စိန်ခေါ်မှုတွေလည်း အများကြီးရှိနေကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရေးကို အထူးအလေး ထား ကူညီပံ့ပိုးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။
2014-08-15
ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းခံခဲ့ရပြီးကတည်း ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်အပ်ချက်တွေ ပိုဆိုးဝါး လာနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ အကူညီပေးရေး ပြော ကြားထားတဲ့အတိုင်း ခွင့်ပြုဖို့ ဟော်လန် နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ အကြံပေး Reshma Adatia က မြန်မာအာဏာပိုင်တွေကို မနေ့က တိုက်တွန်းလိုက်ပါ တယ်။
2014-08-15
မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင် သူတွေရဲ့ မြေဈေးကစားမှုတွေကြောင့် မြေဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေကြောင်းနဲ့ ငွေကြေးဖောင်းပွမှုအန္တရာယ်တွေ ကြုံတွေ့လာနိုင်ကြောင်း၊ ဆင်းရဲနွမ်းပါးသူတွေ အတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်သွားဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောကြားခဲ့ပါတယ်။
2014-08-15
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ၊ ညောင်ဝန်းကျေးရွာက သိမ်းဆည်းထား တဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန် ယက်တဲ့တောင်သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ် ခဲ့တာကို ဒီကနေ့ ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေ ညောင်ဝန်းကျေးရွာမှာ ဖြေရှင်းခဲ့ရာမှာ ပြေလည်မှုရရှိခဲ့ပါတယ်။
2014-08-15
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းရဖို့ ဒီနေ့ ရန်ကုန်မြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေရာမှာ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေ တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အစိုးရဘက်က ဒီကနေ့ သဘောတူညီလိုက် ပါတယ်။
2014-08-15
ဒီနေ့မှာ ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အိန္ဒိယကောင်စစ်ဝန်ရုံးကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ အိန္ဒိယနိုင်ငံ အလံလွှင့်တင်ပြီး စတင်ဖွင့်လှစ်လိုက်ပါတယ်။
2014-08-15
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော် ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီနေ့ လှိုင်သာယာမြို့နယ် တရားရုံးက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။
2014-08-15
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေး ဖို့နဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို မကျင့်သုံးဖို့ ပဲခူး တိုင်းဒေ သကြီး တောင်ငူမြို့မှာ ရာဂဏန်းလောက် ရှိတဲ့ ဒေသခံတွေ က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-08-15
မြန်မာနိုင်ငံအပါအဝင် တရုတ်နဲ့ တခြားအာရှနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မြှင့်တင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းတောင်းဆိုခဲ့ပြီး ဒီကိစ္စဟာ အမေရိကန်ရဲ့ နံပါတ်တစ် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
2014-08-15
လာမယ့် ၂၀၁၆ ခုနှစ်ကျရင် အိန္ဒိယ ကနေ မြန်မာနဲ့ ထိုင်းအထိ အဝေးပြေး လမ်းမကြီးကတဆင့် ဆက်သွယ်နိုင်တော့မယ့် အလားအ လာရှိကြောင်း အိန္ဒိယအစိုးရ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး မစ္စတာ VK Singh က ပြောပါတယ်။
2014-08-14
တရုတ်နိုင်ငံက မြန်မာယန်စီကုမ္ပဏီရဲ့ စပါယ်တောင်-ကြေးစင်တောင် ကြေးနီ စီမံကိန်းမှာ ကြေးထုတ်လုပ်မယ့် စက်ရုံ သစ်တစ်ခု မနေ့နေ့လည်က မီးလောင်ပြီး ပျက်စီးဆုံးရှုံး မှုတွေရှိတယ်လို့ သိရပါတယ်။
2014-08-14
ရန်ကုန်တိုင်းဒေသကြီး ဗဟန်း၊ ကျောက်တံ တား၊ လသာ၊ ပန်းပဲတန်းစတဲ့ မြို့နယ် ၄ မြို့နယ်မှာ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင် ဦးစိန်သန်းကို ဒီနေ့ ကျောက်တံတား မြို့နယ် တရားရုံးက အာမခံလိုချင်ရင် သိန်း ၃၀၀ ပေးသွင်း ရမယ်လို့ တောင်းခဲ့တယ်လို့ သိရပါတယ်။