သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-05
စစ်ကိုင်းတိုင်းကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေနဲ့ ထိတွေခဲ့သူတွေ နေထိုင်ခဲ့တဲ့ ရပ်ကွက် (၂) ခုကို Lockdown ချထားလိုက်ပါတယ်။ ဒါကြောင့် အပိတ်ခံရတဲ့ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ လက်လုပ်လက်စား မိသားစုဝင်တွေဟာ စားဝတ်နေရေး အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
2020-05-05
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မေလ ၃ ရက် တနင်္ဂနွေနေ့က တပ်မတော် ခြေလျင်တပ်ရင်း ဝန်ထမ်းရိပ်သာမှာ နေထိုင်တဲ့ ကျောင်းဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်တွေဆေးရုံကို ပို့သကုသနေရပါတယ်။
2020-05-05
အစိုးရကို အကြည်အညိုပျက်စေတဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖို့ လွိုင်ကော်မြို့မှာ ဒေသန္တရအမိန့်ထုတ်ပြန်ထားတဲ့အပေါ် ဒေသခံနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
2020-05-05
နေပြည်တော်တိုင်းစစ်ဌာနချုပ်က တပ်မတော်သားတစ်ဦး၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ဖို့ သတင်းအချက်အလက်တွေ ကို အမှန်အတိုင်း ထုတ်ပြန်ပေးမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။
2020-05-05
၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သဘောထားတစ်ခုတည်းနဲ့ မဆုံးဖြတ်ဘဲ နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေနဲ့ တေ့ွဆုံဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ပါတီခေါင်းဆောင်တွေ၊ လေ့လာသူတွေက တိုက်တွန်းလိုက်ပါတယ်။
2020-05-05
Mask for Myanmar ဆိုတဲ့ ပရဟိတအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရေး လူတိုင်း နှာခေါင်းစည်း တပ်နိုင်ဖို့အတွက် အဝတ်ချည်ပိတ်စနဲ့ နှာခေါင်းစည်းတွေ ချုပ်လုပ်ပြီး လှူဒါန်းနေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လှူဒါန်းနိုင်ရေးကြိုးပမ်းနေတဲ့ အတွက် ပိတ်စအလှူရှင်တွေနဲ့ ကူညီချုပ်ပေးနိုင်မယ့်သူတွေလည်း လိုအပ်နေပါတယ်။
2020-05-04
ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာအစိုးရက ပြန်လည်လက်ခံနေပေမယ့် ထိုင်းအာဏာပိုင်တွေရဲ့ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ပြန်လို့မရသေးဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2020-05-03
တရုတ်နယ်စပ်ကနေ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသကိုဖြတ်ပြီး မန္တလေးတိုင်းနဲ့ တခြားဒေသတွေကိုသွားမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်လာတဲ့ လမ်းတစ်လျှောက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ အရင်ထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဒီလိုစိစစ်တာမှာ အိမ်စီးကားငယ်တွေ ခရီးသည်ကားငယ်တွေနဲ့ ဒေသအတွင်း ခရီးသွားလာသူတွေ မန္တလေးနဲ့ တခြားဒေသတွေကို သွားမယ့်သူတွေပါ လမ်းခရီးမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာတွေ ရှိပါတယ်။
2020-05-03
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်-မြန်မာ ပုဂ္ဂလိက အကျိုးတူ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားမှုမှာ ရုပ်သံ တိုက်ရိုက်လွှင့်ခဲ့တဲ့ သတင်းထောက် ကိုနန္ဒ ထောင်ဒဏ် ချမှတ်ခံထားရပြီး မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနက သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
2020-05-02
ထိုင်းနိုင်ငံကနေပြန်လာပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းတွေ့ရှိတဲ့ လူနာအမှတ် (၁၄) ဟာ တစ်လကျော်ကြာ လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့တော့တဲ့အတွက် မေလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ လားရှိုးဆေးရုံကနေ ကျောက်မဲ ဆေးရုံကို ပြန်လည် လွှဲပြောင်းလိုက်ပါတယ်။
2020-05-02
ကရင်အမျိုးသားအစည်းအရုံး KNU က လုပ်ကိုင်နေတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ် တစ်ခုကို တပ်မတော်က ဖိအားပေးတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ သထုံခရိုင် KNU တာဝန်ရှိသူတွေက ပြောပါတယ်။
2020-05-01
အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်းဟီလီရဲ့ အစီရင်ခံစာဟာ၊ အေအေ-ရက္ခိုင့်တပ်တော်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖော့ထားပြီး၊ တပ်မတော်ကိုသာ ပြစ်တင်စွပ်စွဲထားတယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက တုံ့ပြန် ပြောကြားလိုက်ပါတယ်။
2020-05-01
ရှမ်းပြည်နယ်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ တည်ရှိတဲ့နေရာမှာ ကျပ်ဘီလီယံချီတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကောင်းခါးအဖွဲ့ ခေါင်းဆောင်တချို့ ဆက်လက်ထိန်းသိမ်းစစ်ဆေးခံနေရပြီး တချို့ပြန်လည်လွတ်မြောက်လာတယ်လို့ ကောင်းခါးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2020-05-01
ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာဖို့ စာရင်းပေးထားတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား နှစ်သောင်း ကျော်ကို မြဝတီအမှတ်၂ တံတားကနေ ဒီနေ့ မေ ၁ ရက်နေ့မှာ စတင်လက်ခံနေပါပြီ။
2020-05-01
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် အလုပ်အကိုင် အခြေအနေ ပြောင်းလဲ သွားချိန်မှာ အလုပ်လက်မဲ့ဖြစ်သွားသူတွေ ထောက်ပံ့ကြေးရရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။