သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-17
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ယောက်ရဲ့ တာဝန်ထမ်းဆောင်မှုဟာ လျှို့ဝှက်လုံခြုံရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းပြပေးဖို့ Pen Myanmar အဖွဲ့က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2017-12-17
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုအနေနဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဒီနေ့ စတင်ကျင်းပတဲ့ လူထုဟောပြောပွဲကို တပ်မတော်က တားမြစ်ခဲ့ပါတယ်။
2017-12-17
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင် အလုပ်သမား အကြား သဘောတူညီချက်တွေကို အလုပ်ရှင်ဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်လို့ဆိုပြီး အလုပ်သမား အင်အား ၃၀၀ လောက်က ဒီနေ့ စက်ရုံကနေ မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းထိ ဆန္ဒပြခဲ့ကြပါတယ်။
2017-12-17
ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ခေါင်းဆောင်တွေ နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး သီးခြားတွေ့ ဆုံ ဆွေးနွေးခဲ့ပါတယ်။
2017-12-16
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ကြီးကြပ်ရေး အဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးပါဝင်မှုနှုန်းထား ၆ ရာခိုင်နှုန်းပဲရှိတယ်လို့ စစ်တမ်းကောက်ယူခဲ့တဲ့ Generation Tree အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
2017-12-16
၈၈ မျိုးဆက် ကျောင်းသားတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတစ်ရပ် နာမည်ပေးဖို့နဲ့ ပါတီမှတ်ပုံတင်ဖို့ အတွက် ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယ ကျောင်းတိုက်မှာ နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ပေါက်လာရေးဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပါတယ်။
2017-12-16
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်း ၄ ဦးနဲ့ အရပ်သား ၁ ဦး မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ဒီနေ့ ပြောပါတယ်။
2017-12-16
အစိုးရတပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းကို အစိုးရတပ်မတော်က ဆန်အိတ်သယ်ဆောင်ခွင့် ကန့်သတ်ထား တာကြောင့် ဆန်ဈေးနှုန်းတွေ အဆမတန်တက်သွားတယ်လို့ ပလက်ဝမြို့ခံတွေက ဒီနေ့ ပြောပါတယ်။
2017-12-16
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မနေ့က တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိသလို ဒီဇင်ဘာ ၁၄ ရက်နေ့က မန်စီမြို့နယ်ဘက်မှာ ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ ပြောပါတယ်။
2017-12-15
အိမ်အကူ မိန်းကလေး ၂ ယောက်ကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ယောက်ထဲက ၄ ယောက်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပြီး ၂ ယောက် ကိုတော့ အပြီးအပြတ် ပြန်လွှတ်ပေးလိုက်ပါတယ်။
2017-12-15
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက် နှစ်ဦး လွတ်မြောက်စေဖို့အတွက် ဒီကနေ့ ပျဉ်းမနားမြို့ ကိုးဆူဘုရား မှာ နေပြည်တော်အခြေစိုက် သတင်းထောက်အချို့ စုပေါင်းပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-12-15
ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် နှစ်ဦးနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ သတင်းဖော်ပြပုံကို မကျေနပ်တာကြောင့် ပြန်ကြားရေးလက်အောက်က Myanmar Digital News အဖွဲ့ကို သွားရောက်ပို့ချမယ့်သင်တန်းကို ရန်ကုန်သတင်းစာ ပညာသင်တန်းကျောင်း YJS က ရပ်ဆိုင်းထားလိုက်ပါတယ်။
2017-12-15
ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဆန္ဒသဘောထားကို အလေးထားပြီးတော့ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့မှာကျရောက်တဲ့ ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
2017-12-15
ကချင်ပြည်နယ် မန်စီမြို့နယ် မံဝိန်းကြီးဒေသ မန်မောန်ကျေးရွာရဲ့ အနောက်ဘက် ၃ မိုင်လောက် အကွာက လွယ်ခမ်းတောင်ကြောတဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့တွေအကြား မနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မန်စီမြို့နယ် ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအေးမင်း က ဒီကနေ့ပြောပါတယ်။
2017-12-15
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင် တို့ နှစ်ဦးနဲ့ တွေ့ဆုံခွင့်မရသေးသလို ဘယ်မှာထားရှိတယ်ဆိုတာ တစ်စုံတရာ မသိရှိရသေးဘူးလို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။