သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-17
နိုင်ငံရေးပါတီတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ယန္တရားတွေမှာ တာဝန်မရှိဘဲ အုပ်ချုပ်ရေး အဖွဲ့ကဲ့ သို့ ကျော်လွန်လုပ်ဆောင်တာတွေ ရှိနေကြောင်းနဲ့ အဲဒီလိုပြုမူဆောင်ရွက်မှုတွေ မလုပ်ကြဖို့ ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင်က ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2016-07-17
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ပူးတွဲ တာဝန်ယူထားတဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့ကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးမင်းမင်းဦးက ပြောပါတယ်။
2016-07-17
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသ(ဗဟို)က ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ သက်ဆိုင်တဲ့ ပဋိပက္ခတွေ၊ သွေး ထိုးလှုံ့ဆော်မှုတွေ၊ လုပ်ကြံဖန်တီးမှုတွေကို အထူး သတိ ထား ရှောင်ရှားကြဖို့ မဘသအဖဲ့ွဝင်တွေကို ဒီနေ့ သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-17
တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာမည်သုံးပြီး မြိတ်မြို့ မှာ မြေကွက်ရောင်းချနေသူ အားလုံးကို ဖမ်းဆီးထား ပြီး ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုတို့နဲ့ မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။
2016-07-17
မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီ နယ်နမိတ် ၆ မြို့နယ်အတွင်း စည် ပင်မြေပေါ် ကျူးကျော်ဖွင့်လှစ်ထားတဲ့ ဈေး ဆိုင်တွေကို မန္တလေးစည်ပင် သာယာရေးကော်မတီက မနေ့ကစပြီး စစ်ဆေးအရေးယူမှုတွေပြုလုပ်နေပြီ ဖြစ် ပါတယ်။
2016-07-16
ကချင်ပြည်နယ် ဟိုပင်မြို့နယ်ခွဲ တကွင်းကျေးရွာမှာ ဒီနေ့ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုကို ဆန့်ကျင်တဲ့ လမ်းလျှောက်လှုပ်ရှားမှု မှာ ဒေသခံလူအင်အား ၄၀၀ ပါဝင်ခဲ့ပါတယ်။
2016-07-16
အစိုးရရဲ့ "ရခိုင်ပြည်နယ်ရှိ မွတ်စလင် အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းဟာ အခြေအနေတွေကို ရှုပ်ထွေးစေတဲ့ အတွက် ပြောင်းလဲသုံးနှုန်းဖို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်တွေမြို့က ရပ်မိရပ်ဖတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2016-07-16
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မှာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့ ရှမ်း၊ ကချင်နဲ့ တအောင်းလူငယ်အဖွဲ့တွေ ဦးဆောင်ပြီး လူအင်အား တစ်ထောင်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2016-07-16
နိုင်ငံတော်အစိုးရက တိုင်းရင်းသားတွေကို လိုလိုလားလား လိုက်လျောမှုတွေရှိရင် ၂၁ ရာစု ပင်လုံညီလာခံ နိုင်ငံရေး ဆွေးနွေး ပွဲတွေ အောင်မြင်မှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။
2016-07-16
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ်စက်ရုံမှာ စက်ရုံရပ်နားလိုက်တဲ့အတွက် အလုပ် လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၈၅ ယောက်က အလုပ် ထုတ်နစ်နာကြေးရရှိ ဖို့နဲ့ လုပ်သက်အလိုက် လျော်ကြေးငွေ ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-07-16
ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်ကွန်ဒို အလုံး ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ပြန်စစ်ဆေးမှာဖြစ်သလို လက်ရှိဆောက်လုပ်ဆဲ အထပ်မြင့်ကွန်ဒို ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေ အတွက် ထက်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန် ကြားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
2016-07-15
နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူဟာ မကြာသေးခင်က ရေ လွှမ်းမိုးမှုဒဏ်ကြုံခဲ့ရတဲ့ ရခိုင် ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေကို ဒီနေ့ သွားရောက်ပြီး ရေဘေးသင့်ဒေသခံ တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
2016-07-15
ရန်ကုန်တိုင်း အထက (၂) တောင်ဥက္ကလာပမြို့နယ်က အထက်တန်းကျောင်းသားတွေအတွက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ဒီနေ့ ကျင်းပ ခဲ့ပြီး၊ စာရေးဆရာ ထင်လင်းဦးနဲ့ လူမှုရေးတက်ကြွ လှုပ်ရှား သူ ကိုနေမျိုးဇင်တို့က ဧည့်သည်အဖြစ် ဟောပြောခဲ့ကြ ပါတယ်။
2016-07-15
လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းဒေသက ရွာ ၅ ရွာ ရေကြီးနေပြီး ပဲ၊ နှမ်းတွေပျက်စီးကုန်တယ်လို့ သိရ ပါတယ်။
2016-07-15
မနှစ်က ရေကြီးရေလျှံပြီး မြေပြိုတဲ့အတွက် ပျက်စီးဆုံးရှုံးခဲ့ရတာတွေ နာလှန်ပြန်ထူရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ချေးဖို့ ကမ္ဘာ့ဘဏ် ဒါရိုက် တာဘုတ်အဖွဲ့က မနေ့က ခွင့်ပြုလိုက်ပါတယ်။