သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-13
နှစ်သစ်ကူး မြန်မာသြင်္ကန်ကာလ မှာ မြန်မာနိုင်ငံတဝှမ်းမှာ သြင်္ကန်ပွဲတွေ ကျင်းပကြသလို တရုတ်မြန်မာနယ် စပ် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ absdf မြောက်ပိုင်း ဒေသမှာလည်း ဒေသခံတွေ အများ အပြားစုပေါင်းပြီးတော့ သြင်္ကန်ပွဲကျင်းပနေကြတယ်လို့ သိရပါတယ်။
2016-04-13
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အမှတ် ၁၄ ရပ်ကွက်က စနစ်သစ်ပုထိုးကျောင်းတိုက်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချို့တဲ့ သူတွေအတွက် အပူရှောင်ကာကွယ်ရေး စခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က စတင်ဖွင့်လှစ်ထား ပါတယ်။
2016-04-13
ဒီကနေ့ဟာ မြန်မာနှစ်သစ်ကူးပွဲတော် အစဖြစ်တဲ့ သြင်္ကန်အကျနေဖြစ်ပြီး အတာသြင်္ကန်ဆင်နွဲ နေကြသလို ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့ မှာလည်း ချင်းမိုင်မြို့တည်နှစ် ၇၂၀ ပြည့်နှစ် အခမ်း အနားတွေ အပါအဝင် အတာသြင်္ကန်အကျနေ့ကျင်းပနေပြီး ထိုင်းနိုင်ငံရောက် မြန်မာတွေလည်း ထိုင်းနိုင်ငံသားတွေ နဲ့အတူ ပါဝင်ဆင်နွဲနေကြပါတယ်။
2016-04-13
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ် ၈ခုမှာ အပူချိန် မြင့်မားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် က ထုတ်ပြန်ထားပါတယ်။
2016-04-12
မြန်မာနိုင်ငံမှာ NLD အစိုးရသစ် က နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ကြိုဆိုလိုက်ပြီး၊ ကျန် ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွှတ်ပေး ဖို့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတိပြု ပြောကြားခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ပြုကြောင်း ဧပြီလ ၁၂ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
2016-04-12
မလေးရှားနိုင်ငံမှာ အသက် ၂၇ နှစ် အရွယ် မြန်မာနိုင်ငံသားတစ်ဦး မနေ့က လည်လှီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ကွာလာလာမ်ပူအခြေစိုက် The Star သတင်းစာ က ဖော်ပြပါတယ်။
2016-04-12
အမျိုးသားပညာရေးဥပဒေ သပိတ် စစ်ကြောင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ ဘဏ္ဍာငွေ စာရင်းကို သြင်္ကန်ကာလအပြီး မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်မယ်လို့ ကြေညာ ချက် ထုတ်ပြန်ပါတယ်။
2016-04-12
၅၈ ကြိမ်မြောက် ကရင်နီရိုးရာ ကေ့ထျိုး ဘိုး ခေါ် တံခွန်တိုင်စုပေါင်းပွဲတော် အခမ်း အနားကို ကယားပြည်နယ် ဘောလခဲ မြို့နယ်ချိကွဲ့ကျေးရွာ မှာ ဒီနေ့ ကျင်းပပြုလုပ်ပါတယ်။
2016-04-12
ရခိုင်ပြည်နယ်မှာ ကုလားတန်မြစ်ကြောင်း စီမံကိန်းပြီးစီးသွားတဲ့အခါ အိန္ဒိယနိုင်ငံ ကို ပြည်ဝင်ခွင့်ဗီဇာတွေကို စစ်တွေမြို့ မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးက တိုက်ရိုက်ထုတ်ပေး သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya က ပြောပါတယ်။
2016-04-12
ရခိုင်အမျိုးသားပါတီ ဗဟိုက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာလို့ဆိုပြီး ကျောက်တော်မြို့နယ်က ပါတီဝင် သုံးဦးကို ပါတီဗဟို ကော်မတီက ထုတ်ပယ်လိုက် ပြီးနောက် မြို့နယ်ပါတီအလုပ်အမှုဆောင် ၆ ဦးကလည်း ပါတီကနေ ထပ်မံနှုတ်ထွက်လိုက်ပါတယ်။
2016-04-12
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်တဲ့အတွက် ဝမ်းသာကြိုဆိုကြောင်းနဲ့ ရာနဲ့ချီပြီးကျန် ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း သူတို့ အပေါ် စွဲဆိုချက်တွေရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လည် လွှတ်ပေးစေလိုကြောင်း HRW ခေါ် နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြေညာ ချက်တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်တောင်းဆိုလိုက် ပါတယ်။
2016-04-12
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပေါင်းသင်း ဆက်ဆံရေးမှာ တပ်ရယ် အရပ်ရယ် ဆိုတဲ့ အသုံး အနှုန်းကြောင့် မဟာတံတိုင်းကြီးလို ခြားနားမှု မဖြစ်စေချင်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီနေ့ ပြောလိုက်ပါတယ်။
2016-04-12
ရန်ကုန်မြို့ ပြည်လမ်းပေါ်က Overdose သြင်္ကန်ရေကစားမဏ္ဍပ်ဟာ ဒီနေ့ထိ မဏ္ဍပ်ဆောက်လို့ မပြီးသေးတဲ့အတွက် လက်မှတ်တစ်စောင်ကို ကျပ် ၄ သောင်းခွဲ အထိ ပေးဝယ် ထားသူ ၂၀၀ ကျော်က မနေ့ညကစပြီး အဲဒီမဏ္ဍပ်မှာ ငွေပြန် ရဖို့ စောင့်နေကြပါတယ်။
2016-04-11
ဧရာဝတီတိုင်းဒေသကြီးမှာ လာမယ့် ဇွန်လဆန်းလောက်အထိ ကျေးရွာပေါင်း ၄၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြုံတွေ့နိုင်ပြီး လောလော ဆယ်မှာ ငပုတောမြို့နယ် ဖိုးရွှေပုကျေးရွာမှာ သောက်သုံးရေ ရှားပါးမှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
2016-04-11
ရခိုင်ရိုးရာ သြင်္ကန်ဓလေ့အရ သြင်္ကန်ရေမစကားမီ ကျင်းပလေ့ရှိတဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် မှာရှိတဲ့ ရခိုင်ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။