သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-11
တပ်မတော်က အဆင့်မြင့်အရာရှိတွေကို ကျန်းမာရေး ဝန်ကြီးဌာနမှာ ရွှေ့ပြောင်းတာဝန်ပေးမယ့် အစီအစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် က ပြောပါတယ်။
2015-08-10
ချင်းပြည်နယ်မြို့တော် ဟားခါးမှာ ရပ်ကွက် ၅ ခုလောက်မြေပြိုတာ အက်ကြောင်း လိုက်နေတာတွေ ဖြစ်တဲ့အတွက် အဲဒီရပ်ကွက်တွေ ကို ပြောင်းရွှေ့ဖို့ဘူမိဗေဒပညာရှင်တွေက တိုင်းထွာစစ်ဆေး သွားမယ်လို့ သိရပါတယ်။
2015-08-10
လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါတီက ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းထဲက ၆၀ ဝန်းကျင်ကို မဲဆန္ဒနယ်မြေပြောင်းလဲတာတွေ၊ လူအစားထိုး တာတွေ ဆောင်ရွက်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။
2015-08-10
လာမယ့်သြဂုတ်လ ၂၄ ရက်နေ့ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ဖို့ရှိတဲ့ တစ်နိုင်ငံလုံးမဲပေးနိုင် တဲ့ လူဦးရေစာရင်းတွေ မှန်ကန်မှု ရှိ ၊ မရှိ ဆိုတာကို မြို့နယ်ပေါင်း ၁၀၀ကျော်မှာ စောင့်ကြည့်သွားမယ် လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ PACE အဖွဲ့ကပြောပါတယ်။
2015-08-10
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုကနေ ရွေးချယ်ပေး လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ကြောင်း အန်အယ်လ်ဒီပါတီဝင် ၁၀၀ နီးပါးက ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဒီနေ့ ဆန္ဒပြ ကြပါတယ်။
2015-08-10
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ အမည် စာရင်းတင်သွင်းသူ မနေ့ကအထိ လေးထောင်နီးပါး ရှိကြောင်း ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
2015-08-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နဲ့ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ရွေးချယ်ပေး လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အဆိုး၊ အကောင်းကို ပါတီက တာဝန်ယူ မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2015-08-10
ပြီးခဲ့တဲ့ ဇွန်လကစပြီး တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၂ ခုတို့မှာ ရေကြီးရေလျှံ မှုကြောင့် လူတစ်သန်းလောက် ရေဘေး ဒဏ်ခံခဲ့ရပြီး သေဆုံးသူ ၉၉ ဦး ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2015-08-10
ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသတွေ အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တစ်လစာ စားနပ်ရိက္ခာတွေနဲ့ Care Myanmar အဖွဲ့က တောင်သူတွေအတွင်း မျိုးစပါး တင်း ၅၀၀၀၀ (ငါးသောင်း) ကူညီထောက်ပံ့မယ်လို့ သိရပါတယ်။
2015-08-10
ပြည်တွင်းက ရေဘေးဒဏ်သင့်သူတွေကို အကူအညီပေးဖို့အတွက် အမေရိ ကန်ပြည်ထောင်စု အရှေ့ခြမ်း ဝါရှင်တန်ဒီစီတဝိုက်နဲ့ အနောက်ခြမ်း ဆန်ဖရန်စ္စကိုမြို့တဝိုက်က မြန်မာမိသား စုတွေ ရန်ပုံငွေဈေးရောင်းပွဲတွေ မနေ့က ကျင်းပခဲ့ပါတယ်။
2015-08-10
ကိုယ်စားလှယ်လောင်းတွေကို မကြည့်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ ကြည့်ပြီး မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်း မင်းဘူးမြို့မှာ ဒေသခံတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
2015-08-09
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်အတွင်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၃၇၀ ကျော်တို့ဟာ ပါတီကနေ နှုတ်ထွက်ဖို့ မနေ့က စာတင်လိုက်ကြကြောင်း ပြောပါတယ်။
2015-08-09
ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်တွေမှာ ရေလွှမ်း မိုးတာအပြင် မြေပြိုကျတာကြောင့် ရွာလုံး ကျွတ်ပျောက်သွားတဲ့ ကျေးရွာတွေ ရှိနေကြောင်းနဲ့ လက်ရှိ အခြေအနေဟာ အစိုးရနဲ့ နိုင်ငံတကာ အကူအညီပါ လိုအပ်နေကြောင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဝေဠုကျော်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2015-08-09
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ဆေးရုံ မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် ၆၀ ကျော်နဲ့ လူကြီးတွေပါ တက်ရောက်ကု သနေကြရပြီး အသေအပျောက်တွေလည်း ရှိနေပါတယ်။
2015-08-09
မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော်ကြီးကျောင်းက ပရဟိတ လူငယ်တွေ ဦးဆောင်အလှူခံနေရာမှာ လောလောဆယ် ရရှိထားတဲ့ အဝတ်အစားအိတ် ၁၀၀ ကျော်နဲ့ ထိုင်းဘတ်ငွေ တစ်သိန်းခွဲကျော် အပြင် အစားအသောက်ဆေးဝါးတွေ ကို မကြာခင် ပို့ဆောင်ပေးတော့မယ်လို့ သိရပါတယ်။