သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-11
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ မနက်ဖြန် ဒီဇင်ဘာလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မြန်မာပြည်ကိုလာရောက်မှာဖြစ်ပြီး ပြည်ထောင်အစိုးရဝန်ကြီးတွေအပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သြစတြေး လျနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
2018-12-11
ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းဖို့ကြိုးစားရာမှာ နိုင်ငံတကာက ဖိအားပေးတဲ့နည်းနဲ့ ဖြေရှင်း လို့ရမှာ မဟုတ်တဲ့အတွက် ဒေသခံတွေရဲ့အသံ၊ လုံခြုံရေးအခြေအနေတွေကို အသေးစိတ်လေ့လာ ချဉ်းကပ်ပြီးမှ ဖြေရှင်းကြဖို့ကို နိုင်ငံတကာအလယ်မှာ ကြားဝင်ရပ်တည်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကို ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့တိုက်တွန်း လိုက်ပါတယ်။
2018-12-11
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အိန္ဒိယသမ္မတ ရမ်-နက်ကိုဗင့် ဟာ ဒီကနေ့မနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
2018-12-11
အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် အတည်ပြုချက်ကို ပယ်ဖျက်ဖို့နဲ့ မပယ်ဖျက်ရင် ကန့်ကွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ မကွေးကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ ကန့်ကွက်ပွဲမှာ အမျိုးသားရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
2018-12-11
ဧရာဝတီမြစ်ကြောင်းတလျောက် ဖြတ်သန်းလာတဲ့ ငြိမ်းချမ်းရေးသင်္ဘော လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေး ရရှိဖို့ ပြည်သူတွေ နိုးကြားကြောင်းကို ပြသတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
2018-12-11
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ကံပြင်ကျေးရွာက လူဦးရေ ၂၀၀ လောက်ဟာ စည်တောင်ကျေးရွာကို ဒီနေ့ ထွက်ပြေးရောက် ရှိလာကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2018-12-11
ကချင်နိုင်ငံရေးပါတီ ၃ခု ပူးပေါင်းတည်ထောင်တဲ့ ပါတီနာမည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ခွင့်မပြုတဲ့အတွက် နာမည်ပြောင်းလဲပြီး ဒီနေ့ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထား လိုက်ပါတယ်။
2018-12-11
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က မြန်မာစစ်တပ်နဲ့ စစ်တပ်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာလုပ်ငန်းတွေကို “Dirty List” အမည်နဲ့ နာမည်ပျက်စာရင်းတခုကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2018-12-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာမှာ နေထိုင်တဲ့ မြိုတိုင်းရင်းသား နှစ်ဦးဟာ မနေ့က ငါးရှာဖို့အထွက် ဒိုးတန်းကျေးရွာအရောက်မှာ လက်လုပ်မိုင်း ပေါက်ကွဲ တာကြောင့် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
2018-12-11
ပုဂံမြို့ဟောင်း သရပါဟိုတယ်ကနေ အလုပ်ထုတ်ခံရတာကြောင့် အလုပ်ပြန်ခန့်ပေးဖို့ တောင်း ဆိုနေတဲ့ အလုပ်သမားတွေ သပိတ်စခန်းကို ဒီနေ့မနက်အစောပိုင်းမှာ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး လူအင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ လာရောက်အကြမ်းဖက် ဖြိုခွင်းခံရတယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။
2018-12-11
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန်ထဲက ကျောက်စိမ်းဖိနပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ အလုပ်ထုတ်ပယ်ခံနေရတာကြောင့် အလုပ်သမား ၃၅၀ ကျော်က မနေ့ကစပြီး ထိုင်သပိတ်နဲ့ ဆန္ဒပြနေပါတယ်။
2018-12-11
ဒုက္ခသည်တွေအရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျက် နဲ့ ဒေါ်နန်ပူ တို့ ၃ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီနေ့ မြစ်ကြီးနားမြို့မှာ လူအင်အား ၆ ထောင်ခန့်က ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-12-10
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေတစ်စီး ဒီဇင်ဘာ ၉ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာမှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
2018-12-10
ရှမ်းပြည်နယ် တောင်ကြီးမြို့အနီး မှာ အမေရိကန်ဒေါ်လာ ၄.၇ သန်း တန်ဖိုးရှိတဲ့ ဟီးရိုးအင်း ဘိန်းဖြူ ၈၁၅ ပေါင် ဖမ်းဆီးမိခဲ့ပါတယ်။
2018-12-10
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံက အမျိုးသမီးတွေ တရုတ်ပြည်ကို ရောင်းစားခံနေရတဲ့ အခြေအနေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ အမေရိကန်တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။