သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-05
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ နေပြည်တော် ၈ မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD ကိုယ်စား လှယ်လောင်း ၁၀ ဦးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ကိုယ်စားလှယ်လောင်း ၂ ဦး စုစုပေါင်း ၁၂ ဦး ဟာ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ဒီနေ့ အမည်စာရင်း တင်ခဲ့ကြပါတယ်။
2015-08-05
ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပြီး လက်ရှိမှာ ဘူးသီးတောင် ၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ် ၅ မြို့နယ်ကို အရေးပေါ်ကယ် ဆယ်ရေးဆောင်ရွက်ရမယ့် မြို့နယ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြော ပါတယ်။
2015-08-04
နိုင်ငံရေးအကျဉ်းသားဟောင်း ဝါရင့်သတင်းစာ ဆရာကြီး ကြေးမုံ ဦးသာဘန်းဟာ ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် ဗဟိုလမ်းက နေအိမ်မှာ ဒီနေ့ သြဂုတ်လ ၄ ရက်၊ နေ့လည် ၁ နာရီ ၃၉ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
2015-08-04
နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါ အဝင် ပုဒ်မ ၅ခုနဲ့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေထဲက ကျောင်းသား ၁၀ ဦးဟာ ဆေးအာမ ခံပေးဖို့ သာယာဝတီခရိုင်တရားရုံးထံ ဒီနေ့ လျှောက်ထား လိုက်ပါတယ်။
2015-08-04
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ပလက်ဝ မြို့တွေက ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့ အရေးပေါ်လို အပ်နေတယ်လို့ သိရပါတယ်။
2015-08-04
ချင်းပြည်နယ် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း က မိုးဆက်တိုက်ရွာခဲ့တာကြောင့် မြေ ပြိုပြီး နေအိမ်အလုံးပေါင်း ၂၀၀၀ နီးပါး ပြိုကျပျက်စီးသွားပြီး၊ လူဦးရေ ၇၀၀၀ နီးပါး ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေကြရပါတယ်။
2015-08-04
ဧရာဝတီမြစ်ရေ မြင့်တက်လာနေတဲ့ အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ဟင်္သာတ၊ ညောင်တုန်း၊ ဇလွန်မြို့နယ်တွေမှာ ရေဖုံးလွှမ်း တာတွေ ဖြစ်နိုင်တဲ့အတွက် မြေနိမ့်ပိုင်းက ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။
2015-08-04
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူတွေက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တိုင်ကြား ထားတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ နဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-08-04
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းမှာ မြို့နယ်တွေက လက်မခံနိုင်သူတွေကို ပြင်နိုင်သလောက် ပြင်ပေး သွားမှာဖြစ်ကြောင်း ဗဟိုအောင်နိုင်ရေး ဥက္ကဌဖြစ်သူ ပါတီနာယက ဦးတင်ဦးက ကတိပေးလိုက်ကြောင်း သိရပါတယ်။
2015-08-04
နိုင်ငံတဝှမ်းက ရေဘေးဒုက္ခသည်တွေကို အရေးပေါ် ကူညီဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နဲ့ အနုပညာရှင်တွေပူးပေါင်းပြီး အလှူငွေ ကောက်ခံနေ တာ နှစ်ရက်အတွင်း ကျပ်သိန်း ၁၅၀၀ ကျော်ရရှိခဲ့ပါတယ်။
2015-08-03
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ကို ကိုယ်စားပြုပြီး အန်အယ်လ်ဒီက ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဗဟိုက ရွေးချယ်ပေးလိုက်တဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို လက်မခံတဲ့အတွက် ရန်ကင်းမြို့နယ်က မြို့နယ်အဆင့် တာဝန်ရှိသူ ၁၆ ဦး တနင်္လာနေ့က နှုတ်ထွက်စာတင် လိုက်ကြောင်း သိရပါတယ်။
2015-08-03
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာ၊ ရင်ကွဲတောင် အတက်မှာ ဒီနေ့ လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲ တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2015-08-03
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ဟာ ဒီကနေ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-08-03
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရန်ကုန် တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒ နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းကို NLD မြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင်တချို့က ကန့်ကွက်လိုက် ပြီး နောက်ထပ် ကိုယ်စားလှယ်လောင်းတစ်ဦးနဲ့ အစား ထိုးရွေးချယ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
2015-08-03
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်း ရမယ့် နေ့ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နောက်ထပ် ၆ ရက် ထပ်တိုးပေးလိုက်ကြောင်း ဒီနေ့ ကြေ ညာလိုက်ပါတယ်။