သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-06
လတ်တလောကာလအတွင်း ရခိုင်ပြည်နယ် က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ သောင်းကျော်ရှိတယ်လို့ ကုလ သမဂ္ဂလက်အောက်ခံ IOM (International Organization for Migration) ခေါ် နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများ ဆိုင်ရာအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
2016-12-06
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာတိုက်လေယာဉ်ပျံတစင်း တရုတ်-မြန်မာနယ်ခြားဒေသမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်ဆိုတဲ့ သတင်း ဟာ မဟုတ်မမှန်ပါဘူးလို့ မနေ့က ငြင်းဆိုလိုက်ပါတယ်။
2016-12-06
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးအပ်ထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်က မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာတွေကို ဖြေရှင်းရာမှာ အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားတဲ့အနေ နဲ့ တရားဥပဒေဘောင်အတွင်းက ဆောင်ရွက်ကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2016-12-06
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက ဒီနေ့ ရှမ်းပြည် နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။
2016-12-06
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနေရတဲ့အပေါ် နိုင်ငံ တကာအနေနဲ့ အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှု ရှိဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
2016-12-06
ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက် က ဦးဆောင်ပြီး ပြည်တွင်းစစ် ရပ်စဲဖို့ လူတစ်ရာနီးပါးက ဒီနေ့ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့်ကနေ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့အထိ အလံဖြူတွေ ကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2016-12-06
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ရဲ့ သက်တမ်းကို ငါးနှစ် သတ်မှတ်ထားရာ ကနေ ၉ လထက် မပိုဖို့ ပြင်ဆင်ထားတဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ကော်မရှင် ဥက္ကဌ ဦးလှသိန်း က ဒီကနေ့ အမျိုးသား လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
2016-12-06
မဲဆန္ဒနယ်မြေအသီးသီးမှာ ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ မသမာမှုတွေ တွေ့ရှိရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ လွှတ်တော်ဥက္ကဌတွေထံ တိတိကျကျ တိုင်ကြားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
2016-12-06
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင်တဲ့ လူထုစည်းဝေးပွဲကို မြန်မာမွတ်ဆလင် မဟာမိတ်အရပ်ဘက်အဖွဲ့အစည်းက ကန့်ကွက်ကြောင်း မနေ့က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-12-05
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်က ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားထားပေမယ့် ကိုယ်စားလှယ် ငါးဦးနဲ့သာ တေ့ွဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။
2016-12-05
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် က တောင်သူတွေလုပ်ကိုင်နေကြတဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေဧက ငါးထောင်လောက်မှာ အစိုးရရဲ့ စက်မှုဇုန်စီမံကိန်းကို အကောင်အထည်မဖော်ဖို့ နိုင်ငံတော် ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒေသ ခံတောင်သူ တစ်ထောင်ကျော် စုပေါင်းပြီး ဒီကနေ့ စာရေး သားပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2016-12-05
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ မစ္စတာ ကိုဖီအာ နန် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီနေ့ နေပြည်တော်က သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2016-12-04
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စ လင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေ တာတွေ လုံးဝရပ်တန့်ဖို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားဆီးဖြေရှင်းပေး ရမှာဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် က တိုက်တွန်းလိုက်ပါတယ်။
2016-12-04
အမျိုးသားရေးလှုပ်ရှားနေတဲ့ ရဟန်းသံဃာ နဲ့ လူ ၁၀၀ လောက်က မလေးရှားနိုင်ငံက ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မလေးရှားဝန်ကြီးချုပ် ကို မြန်မာနိုင်ငံအရေးမှာ ဝင်ရောက်စွက်ဖက်တာတွေ ရပ်တန့်ဖို့ ရန်ကုန်မြို့ မြို့တော်ခန်း မရှေ့မှာ ဒီနေ့ ဆန္ဒပြကြ ပါတယ်။
2016-12-04
မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနသာၤရီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒုတိယ ဥက္ကဌတို့ကို တိုင်ကြားချက်တွေအရ မကြာခင် ခေါ်ယူ စစ်ဆေးသွားဖို့ရှိတယ်လို့ NLDပါတီ လေ့လာသုံးသပ်ရေး အဖွဲ့မှာ ပါဝင်တဲ့ ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။