သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ပြီး ရခိုင်ပြည်နယ် အရေး သတင်းထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
2016-11-16
ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံ လုံးမှာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးဖို့ စစ်တွေမြို့မှာ အရပ်ဘက် လူမှုအဖွဲ့ ၁၀ ဖွဲ့ကျော်စုပေါင်းပြီး အမျိုးသမီး ၈၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-11-16
စစ်ကိုင်းမြို့Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမား သပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေကြောင်း စစ်ကိုင်းတိုင်းဒေ သကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးထံ ဒီနေ့ တင်ပြခဲ့ပါတယ်။
2016-11-16
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန် တကယ် နေအိမ်မရှိတဲ့ ကျူးကျော်နေထိုင် သူတွေအတွက် အရစ်ကျဝယ်ယူခွင့်နဲ့ တိုက်ခန်းပေါင်း ၁ သောင်းနီးပါး ဖော်ဆောင်ပေးသွားမယ်လို့ ဒီနေ့ တိုင်းဒေ သကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေကြားခဲ့ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
2016-11-16
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းမှာ စစ်တွေမြို့ သဲချောင်း၊ အုန်းတော ကြီး၊ ရေချမ်းပြင် စတဲ့ ကျေးရွာတွေကို သွားရောက် ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2016-11-16
ကုလသမဂ္ဂ မြို့ရွာနဲ့ အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ် UN-Habitat ရဲ့ ကူညီပံ့ပိုးမှုနဲ့ ရန်ကုန် ဆေးရုံကြီး၊ မီးသတ်ဗဟိုဌာနနဲ့ စာသင်ကျောင်းတွေ အပါအဝင် ရန်ကုန်တိုင်းအတွင်းက အရေးကြီးအဆောက် အဦး ၅၀ ကျော်ရဲ့ ငလျင်ဒဏ်ခံနိုင်မှုအနေအထားတွေ ကို မြန်မာနိုင်ငံမြေငလျင် ကော်မတီက ဆန်းစစ်သွားမှာ ဖြစ် ပါတယ်။
2016-11-16
ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုကို အစိုးရက တိုက်ရိုက်ထိန်းချုပ်ဖို့ မသင့်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-11-16
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy မြန်မာနိုင်ငံရောက်ရှိနေပြီး မြန်မာ-အမေရိကန် ပထမဆုံးအကြိမ် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ် အစည်း အဝေးကို နေပြည်တော်မှာ မနေ့က ကျင်းပပါတယ်။
2016-11-16
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် ၈ဝ ခန့်ကို သူတို့နိုင်ငံအဝင်မခံဘဲ မြန် မာနိုင်ငံဘက် ပြန်ပြီးနှင်ထုတ်လိုက်တယ်လို့ ပြောဆိုကြောင်း နောက်ဆုံးရ AFP သတင်းမှာဖေါ်ပြထားပါတယ်။
2016-11-16
မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှု အပါအဝင် လုံခြုံရေးပြသနာတွေ ကို ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှာ ကျင့်သုံးနေတဲ့ Bela Negara ဘယ်လာ နေဂါရာ ခေါ် လူထုကို စစ်ရေးလေ့ ကျင့်ခန်းတွေ သင်ကြားပေးတဲ့ အစီအစဉ်ကို မြန်မာ့နည်းမြန် မာ့ဟန်နဲ့ ကျင့်သုံးဖို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Ryamizard Ryacudu ရီယာမိုင်ဇာ ရီယာကူဒူး က မြန်မာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်း ကို မနေ့ က ပြောကြားလိုက်ပါတယ်။
2016-11-15
အများပြည်သူ ရုံးပိတ်ရက်တွေအတွက် လုပ်အားခနှစ်ဆရရှိရေးနဲ့ အလုပ်ချိန် ၈နာရီထက်ကျော်ရင် အချိန်ပိုကြေးပေးဖို့ စတဲ့ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့အတွက် BRT ယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ BRT Lite ယာဉ်လိုင်း ရန်ကုန်ဘတ်စ် ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ YBPC ထံ တင်ပြတောင်းဆိုထားပါတယ်။
2016-11-15
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားကို လေလံတင် ရောင်း ချမယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး အဲဒီပန်းချီကားပုံ ရိုက်နှိပ် ထားတဲ့ တီရှပ်အင်္ကျီတစ်ထည်ပေါ်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လက်မှတ်ရေးထိုးထားတဲ့အင်္ကျီကို ကြမ်း ခင်းဈေး ငွေကျပ် ၁၀ သိန်းနဲ့ လေလံတင်ရောင်းချသွားမယ် လို့ ပန်းချီကားလေလံပွဲကို ဦးဆောင်စီစဉ်တဲ့ Dream Boat Entertainment က ကိုမောင်မောင်အေး က ပြောပါတယ်။
2016-11-15
မကွေးမြို့အခြေစိုက် MGY ဂျာနယ် မှာ ဖော်ပြနေကျဖြစ်တဲ့ ပြည်သူ့ဟစ်တိုင် ကဏ္ဍမှာ နိုင်ငံတော်သမ္မတထံ တိုင်ကြား စာဆိုပြီး ဖော်ပြခဲ့တာကြောင့် အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ ၃ ဦး စုစုပေါင်း ၄ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ တိုင်ကြား စာမှာ ဖော်ပြခံရသူက လားရှိုးမြိုနယ်တရားရုံးမှာ တရားစွဲဆို ထားပါတယ်။
2016-11-15
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အကြမ်း ဖက်သမား ၆၉ ဦး သေဆုံးခဲ့ ပြီး လူပေါင်း ၂၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
2016-11-15
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးနဲ့ ကော်မရှင်ရုံး တာဝန် ရှိသူတွေဟာ စစ်တွေမြို့ကို ဒီနေ့ ရောက်ရှိလာပြီး ပြည်နယ် အစိုးအဖွဲ့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ရခိုင်တိုင်းရင်း သားနဲ့ မွတ်ဆလင် နှစ်ဘက်ရပ်မိရပ်ဖတွေနဲ့လည်း သီးခြား စီတွေ့ဆုံခဲ့ပါတယ်။