သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-11
ဒုက္ခသည်တွေထဲမှာ မြန်မာတွေ ဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးကပြော ဆိုကြောင်း မလေးရှား Bernama သတင်းကဖေါ်ပြပါတယ်။
2014-11-10
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ နိုင်ငံတော်အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးတို့ ကို ဒီနေ့ တောင်ကြီးခရိုင်တရားရုံးမှာ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။
2014-11-10
ဒီလအတွင်းမှာ တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖဲ့ွ နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တချို့ဟာ နေပြည်တော်က နိုင်ငံတော် သမ္မတရုံးမှာ ဒီနေ့ တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-11-10
လယ်ယာမြေပြဿနာတွေကို အာဏာပိုင်တွေက တရားဥပဒေနဲ့အညီ မျှမျှတတ ဖြေရှင်းမပေးတဲ့အတွက် လယ်သမားတွေ နစ်နာနေရတယ်လို့ တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-11-10
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံးက စီးပွားရေး ပိတ်ဆို့တားမြစ်အရေးယူတဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်းကြေညာတာကို ကန့်ကွက်ကြောင်းနဲ့ အရေးယူမှုဖြစ်အောင် ဖန်တီးသူတွေကို ရှုတ်ချကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော်က ကြေညာချက်ထုတ်ခဲ့ ပါတယ်။
2014-11-10
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ နာယက တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေး ပိတ်ဆို့အရေး ယူမှုလုပ်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-11-10
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြာရာပါတ္တီးရပ်ကွက် "အေ" မှာ မနေ့ညက သန်းခေါင်လောက်မှာ အမည်မသိ အရပ်ဝတ် နဲ့ လက်နက်ကိုင်ဆောင်ထားသူ ၅ယောက်လောက်က လူငယ်ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရ ပါတယ်။
2014-11-10
ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒုက္ခသည်စခန်းတွေ မှာရှိတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကို မြန်မာနိုင်ငံဖက်က အမြန်ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က တောင်းဆိုတာကို သမ္မတ ဦးသိန်းစိန်က ပယ်ချ လိုက်တယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
2014-11-09
ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ် တရုတ်ပြည်ရဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ဒေသတခွင်လုံးရဲ့ဘက်ပေါင်းစုံအပြန် အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ဖြည်းဖြည်းမှန်မှန် တိုးတက်လာအောင် ကျေးဇူးပြုနေတယ် လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောဆိုကြောင်း တရုတ်အစိုးရ China Daily သတင်းကဖေါ်ပြပါတယ်။
2014-11-09
နေပြည်တော်မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို တက်ရောက် မယ့် နိုင်ငံ့ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ဒီနေ့ စတင်ရောက်ရှိနေပြီဖြစ်တာကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်တိုင်းအတွင်း မှာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထား ပါတယ်။
2014-11-09
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ အုပ်စုက ကျေးရွာပိုင် စားကျက်မြေနဲ့ ရေနံလက်ယက် တွင်းတူးတဲ့ မြေနေရာ ဧက ၆ဝ ကျော်ကို စီးပွားရေး လုပ်ငန်းရှင်တွေက တရားဝင်မြေ ဂရန်တွေ အမည်ပေါက် လျှောက်ထားကြတဲ့အတွက် ဖြေ ရှင်းဆောင်ရွက်ပေးဖို့ ရွာခံ ၃ဝဝ နီးပါးက လက်မှတ်ရေးထိုး ပြီး ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ စာပေးပို့ တောင်းဆို လိုက်ပါတယ်။
2014-11-09
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
2014-11-09
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို မကျင့်သုံးဖို့ ပဲခူးတိုင်းဒေသ ကြီး ပေါင်းတည်မြို့မှာ ဒေသခံ ၁၅ဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-09
အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ မှု လျော့ချလိုက်ခြင်း ဟာ ပြည်သူလူထုပေါ်မှာ အကျိုး သက်ရောက်မှုမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာ အကျိုးရှိစေနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2014-11-09
KNU ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ၃ လအတွင်း ပြည်တွင်းပြည်ပရှိ ကရင် အမျိုးသားတွေပါဝင်တဲ့ ကရင်အမျိုးသားညီလာခံတစ်ခု ခေါ် ယူပေးဖို့ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး IKO က နိုဝင်ဘာလ ၇ ရက်နေ့နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။