သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-10
ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနေ့က ညပိုင်းက ရွာထဲကအိမ်တွေအပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-10-09
မကွေးတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့နှုန်းများလာတဲ့အတွက် တခြားတိုင်းနဲ့ပြည်နယ်တွေက ပြန်လာတဲ့သူတွေ သီးခြားခွဲနေထိုင်ဖို့ ဆိုတဲ့ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ လိုသလို၊ အဲဒီလူတွေကို စနစ်တကျကူညီဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
2020-10-09
၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ အစိုးရနဲ့ အာဏာရပါတီကို ဝေဖန်တဲ့အရေးအသားတွေကို ဖြုတ်ချနေသလို ပြိုင်ဘက် နိုင်ငံရေးပါတီတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်တာတွေရှိတယ်လို့ နိုင်ငံရေးပါတီတချိုနဲ့ သတင်းမီဒီယာတချို့က ဝေဖန်ထောက်ပြနေပါတယ်။
2020-10-09
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ ဒီနေ့နေ့လယ်က တောထဲကို ရခိုင်လို ဖျံဥလို့ ခေါ်တဲ့ ဝဥသွားတူးတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရ သွားပါတယ်။
2020-10-09
တပ်မတော်အလင်းဝင်ပါဆိုတဲ့ စာသားပါ စတေကာတွေကပ်ခဲ့တာနဲ့ ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေ ရပ်ဖို့၊ မြန်နှုန်းမြင့် အင်တာနက်ရဖို့ တောင်းဆိုခဲ့တဲ့ ဗကသအဖွဲ့ဝင် ကျောင်းသားသုံးဦးကို ချမ်းအေးသာစံ မြို့နယ်တရားရုံးက ဒီနေ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁) နှစ်နဲ့ (၂) နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။
2020-10-09
ရွှေလီမြို့မှာ မဲပေးခွင့်မရတဲ့ မြန်မာအလုပ်သမား ၉၀၀ ကျော်၊ အောက်တိုဘာ ၈ ရက်နေ့က NLD ပါတီကို ထောက်ခံကြောင်း လှည့်လည်အင်အားပြခဲ့တဲ့အတွက် အလုပ်သမားစုစုပေါင်း ၉၀၄ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နောက်တစ်နေ့ မနက် ၁ နာရီမှာ ဦးဆောင်သူ သုံးဦးကို ဆက်လက်ထိန်းသိမ်းထားပြီး ၉၀၁ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
2020-10-09
မွန်ပြည်နယ်၊ ရေးမြို့နယ်က စည်ပင်ပိုင်ဈေးတွေမှာ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ အသံချဲ့စက်တွေနဲ့ မဲဆွယ်ရေးသီချင်းတွေဖွင့်ပြီး ကခုန်တာတွေ လုပ်ဆောင်ခွင့် မရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2020-10-09
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲကကျေးရွာတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကတည်းက တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေကြပါတယ်။ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာလည်း ၂၅၀၀ ကျော်လာနေပါပြီ။
2020-10-08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာက ရိုဟင်ဂျာကလေးငယ်နှစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတွေ ပြောကြားချက်နဲ့ တပ်မတော် သတင်းထုတ်ပြန်ချက် ကွဲလွဲနေပါတယ်။ ကလေးတွေဟာ တပ်က ခေါ်သွားပြီနောက် သေဆုံးတာလို့ ဒေသခံတွေက ပြောပေမယ့် တပ်ကတော့ ဒါဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။
2020-10-08
ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားရေးအတွက် ကယားပြည်နယ် လွှတ်တော်အတွင်း ကြိုးပမ်းချက်က အထမြောက်သွားပေမယ့် နောက်ဆက်တွဲပေါ် ပေါက်နေတဲ့ ဖြစ်ရပ်တွေကတော့ မပြီးဆုံးသေးပါဘူး။
2020-10-08
ချင်းပြည်နယ်၊ ဟားခါး၊ မင်းတပ်နဲ့ တီးတိန်မြို့နယ်အဝင်မှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို မနက်ဖန် အောက်တိုဘာ ၉ရက်နေ့က စတင်ပြီး အာခေါင်တို့ဖတ်ယူ စစ်ဆေးသွားဖို့ ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။
2020-10-07
နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲနီးလာတဲ့အချိန် ပြည်ပရောက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲပေးမှုနဲ့ ပတ်သက်တဲ့ မဲအရေအတွက်ရလဒ် သတင်းမှားတွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တွေ့လာရပါတယ်။
2020-10-07
အောက်တိုဘာလဆန်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေလို့ လူဦးရေ တစ်ထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရသလို ကွတ်ခိုင်မြို့နယ်နဲ့ လားရှိုးမြို့နယ်တွေမှာလဲ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်နေပါတယ်။
2020-10-07
ထောင်ပြေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ခေါင်းဆောင်တဲ့ နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ဒီနေ့ လူရာနဲ့ချီစုဝေးပြီး အင်အားပြ မဲဆွယ်ခဲ့ပါတယ်။
2020-10-07
ရွေးကောက်ပွဲဆိုင်ရာ ရန်ပုံငွေကို မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး က မမှန်မကန် အသုံးပြုခဲ့တယ်လို့ ခရိုင်အဆင့် ကော်မရှင်အဖွဲ့ဝင် တချို့က စွပ်စွဲထားပါတယ်။