သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-15
ရှမ်းပြည်မြောက်ပိုင်းမှာ စတင်တဲ့ တိုက်ပွဲတွေကြောင့် တိုင်းနဲ့ ပြည်နယ်တွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သိန်းကျော်လာပြီလို့ UNOCHA က ထုတ်ပြန်ပါတယ်။
2023-11-15
မတ္တရာမြို့နယ်အရှေ့ဘက်အခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ သုံးဦးဒဏ်ရာရခဲ့ပါတယ်။
2023-11-15
လွိုင်ကော်မြို့ တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၂ ဦး ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
2023-11-15
ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာတွေလုပ်နေသလို စစ်ဆေးရေးဂိတ်တွေလည်း တိုးမြှင့်ထားတယ်လို့ ပြောပါတယ်။
2023-11-15
တိုက်ပွဲ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရော လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်ရက်တည်း ဒေသခံ ၁၉ ဦး သေဆုံးခဲ့တယ်လို့ KnHRG က ထုတ်ပြန်ပါတယ်။
2023-11-15
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ရွာတွေထဲကို နိုဝင်ဘာ ၁၄ ရက်ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-11-15
ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘူးသီးတောင် ကားလမ်းမပေါ် ခြောက်မိုင်တံတားက နယ်ခြားစောင့်စခန်းအနီးမှာ နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်ယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-15
အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ကို မိုးရေးမြို့ကတစ်ဆင့် မြန်မာနိုင်ငံ၊ တမူးမြို့ကို လွှဲပြောင်းပေးခဲ့ပါတယ်။
2023-11-15
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာက စစ်ကောင်စီတပ်စခန်းကို CNDF က နိုဝင်ဘာ ၁၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2023-11-14
အမ်းမြို့နယ်၊ သဲကမ်းထောင်းရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ နှစ်ဦးသေဆုံးခဲ့ပါတယ်။
2023-11-14
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
2023-11-14
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ သိမ်းဆည်းထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅၀ ကျော် သိမ်းဆည်းရရှိထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ NUG ရဲ့ ကြားကာလဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။
2023-11-14
ချင်းပြည်နယ်ထဲ စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၄၃ ယောက် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးပြီး လက်နက်ချ အဖမ်းခံခဲ့ပါတယ်။
2023-11-14
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ၁၀၀ လောက် ရောက်ရှိလာတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲက ပြောကြားပါတယ်။
2023-11-14
တာချီလိတ်မြို့က တရားမဝင်ကုမ္ပဏီတစ်ခုမှာ ဖမ်းဆီးခံထားရတဲ့ တောင်ကိုးရီးယားနိုင်ငံသား ၁၉ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီလို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။