သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-13
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်အားလုံးမှာ နိုဝင်ဘာလ ၁၃ ရက်ဒီနေ့ကစပြီး ညနေ ၉ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ်မရှိဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်လိုက်ပါတယ်။
2023-11-13
မင်းပြားမြို့နယ် ဖေသာပြင်ရွာမှာ နိုဝင်ဘာ ၁၃ ရက်မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စပါးရိတ်သိမ်းနေတဲ့ ဒေသခံ ချင်းလူမျိုးတစ်ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။
2023-11-13
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးနေရပါတယ်။
2023-11-13
ကျောက်တော်မြို့နယ် အပေါက်ဝရွာရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဆယ်ခန့်ဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ AA ထံ လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
2023-11-13
ပြည်ပပို့ကုန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေကို သတ်မှတ်ရက်အတွင်း ဘဏ်ငွေစာရင်းထဲ နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်ပေးရမှာဖြစ်ပြီး လိုက်နာခြင်းမရှိရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
2023-11-13
ဆားလင်းကြီးမြို့နယ် ကျားတက်မြို့မှာ နိုဝင်ဘာလ ၁၂ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-13
ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲစဖြစ်ပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းမ ပိတ်လိုက်ပါတယ်။
2023-11-12
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ကိုးကန့်နိုင်ငံရေးသမား Ming Xuechang နဲ့ သူရဲ့မိသားစုဝင် သုံးဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုနဲ့ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
2023-11-12
နိုဝင်ဘာလ ၁၂ ရက် မနက်အစောပိုင်းမှာ TNLA စစ်ဒေသ(၂) မှာရှိတဲ့ စစ်ကောင်စီရဲ့ ဘော်ကြိုတပ်စခန်းကို ဝင်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျင်သီတံတား တပ်စခန်းကိုပါ ထပ်မံသိမ်းပိုက်လိုက်ပါတယ်။
2023-11-12
မြန်မာစစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား လတ်တလောဖြစ်နေတဲ့တိုက်ပွဲတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အနိုင်ရနေတယ်လို့ နိုဝင်ဘာလ ၁ဝ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
2023-11-12
ရွှေကျင်မြို့နယ် ရွာငါးရွာမှာရှိတဲ့ ဒေသခံတွေဆီကနေ နိုဝင်ဘာ ၁၁ မှာ စစ်ကောင်စီတပ် (ခလရ- ၇၅) သံဆိပ်စခန်းက ဗိုလ်မှူးအဆင့်ရှိသူ ဦးဆောင်ပြီး တစ်အိမ်ထောင်ကို ကျပ်ငါးသောင်းစီ တောင်းယူသွား ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
2023-11-12
ကျိုက်မရောမြို့နယ် ပေါလောကုန်းရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-12
လောက်ကိုင်မြို့အထွက် ပါစင်ကျော်ဂိတ်အနီး နိုဝင်ဘာ ၁၁ ရက်က လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် နှစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-11-12
ကောလင်းမြို့ပေါ်ကို နိုဝင်ဘာ ၁၁ ရက် မနက်အစော ၅ နာရီခန့်ကစပြီး စစ်တပ်က မြေပြင်ရော လေကြောင်းနဲ့ပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
2023-11-12
အိမ်ခြေရှစ်ဆယ်ဝန်းကျင်ရှိတဲ့ အေးကုန်းရွာကို မီးရှို့နေတာဖြစ်ပြီး အေးကုန်းရွာအပြင် လူဦးရေ လေးထောင်ကျော်ရှိတဲ့ လက်တောင်းကြီး၊ အလယ်ဘုံ၊ ကြိုးကြာဥနဲ့ အနီးအနားရွာတချို့က ပြည်သူ ရှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။