သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-23
အစိုးရရုံးတွေမှာ လွတ်လပ်စွာသတင်း ယူခွင့်ရှိဖို့နဲ့ အကျဉ်းကျနေတဲ့ သတင်းထောက်တွေအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုဖို့ ပြည်မြို့ဒေသခံ သတင်းထောက်တွေ က ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုချက်တောင်းခံ ရာ ငြင်းပယ်ခံလိုက်ရပါတယ်။
2014-04-23
ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းက လယ်ယာမြေသိမ်းဆည်းခံရ တဲ့ တောင်သူတွေဟာ ၂၀ ခန့်ဟာ ဒီကနေ့ နေ့လည်ပိုင်းက သူတို့လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန် ရွှေဂုံတိုင်က အဖွဲ့ချုပ်မှာ လာရောက်တွေ့ဆုံ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
2014-04-23
ရန်ကုန်မြို့တွင်း နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှုု ပြဿနာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စတင်ဆွေးနွေးခဲ့ပါတယ်။
2014-04-23
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ ဇွန်လ ၁၄ ရက်နေ့ မှာ နီပေါနိုင်ငံသို့ သွားရောက်မှာဖြစ်ကြောင်း ခတ္တမဒ္ဒူမြို့ထုတ် kantipur သတင်းက ဖော်ပြပါတယ်။
2014-04-22
ကွယ်လွန်သူ ဆရာကြီး ဦးဝင်းတင် အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ မှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သိက္ခာ ၊ နိုင်ငံရေး သိက္ခာ၊ နိုင်ငံရဲ့ သိက္ခာ၊ လူသားများ သိက္ခာ တို့ကို မြှင့် တင်ပေးတဲ့ ဆရာ ဦးဝင်းတင်ကို ဦးညွှတ်ဂါရဝါပြုပါတယ် လို့ ရေးသားခဲ့ပါတယ်။
2014-04-22
ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦတင့်ဆန်းနဲ့ သတင်းထောက် လေးဦးကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အစိုးရတရားလိုပြ သက်သေ နှစ်ယောက်ကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။
2014-04-22
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့မှာ တစ်ပတ်တိတိ အလှူဒါနပြု လုပ်သွားမယ်လို့ သိရပါတယ်။
2014-04-22
ထောင်ဒဏ် ၁ နှစ်ကျခံနေရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေကို လွှတ်ပေးဖို့အတွက် လာမယ့်ဧပြီလ ၂၅ ရက်နေ့မှာ ပြည်၊ မော်လမြိုင်နဲ့ မကွေးမြို့တွေမှာ နယ်သတင်းထောက်တွေက ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-04-22
မြန်မာ့စစ်တပ်အနေနဲ့ စစ်အာဏာရှင်စနစ် ကို အဆုံးသတ်ဖို့ စစ်တပ်ကိုယ်တိုင်က ဦးဆောင် စတင်ဆောင်ရွက် ခဲ့တာ ဖြစ်သလို ပြုပြင်ပြောင်း လဲရေးတည်ငြိမ်အေး ချမ်းစွာအကောင်ထည်ဖော်နိုင်ဖို့ စစ်တပ်အနေနဲ့ ဆက်လက်ပြီး အရပ်သား လုပ်ငန်းတွေ ကနေ နေရာဖယ်ပေးဖို့ လိုအပ်ကြောင်း ဥရောပ အခြေစိုက် နိုင်ငံတကာပဋိပက ္ခများ လေ့လာစောင့် ကြည့်ရေးအဖွဲ့ ICG က မူဝါဒရေးရာ အစီရင်ခံစာတစောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-04-22
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ဆောင်ရွက်ပေးဖို့ KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က တိုက်တွန်းလိုက် ပါတယ်။
2014-04-22
ကချင်ပြည်နယ်တောင်ပိုင်း မန်ဝိန်း ကြီးဒေသမှာ မကြာခင်က ဖြစ်ပွားခဲ့ တဲ့မြန်မာအစိုးရ တပ်နဲ့ ကေအိုင်အေ ကချင် လွတ်မြောက်ရေးတပ်တွေ အကြား တိုက်ပွဲတွေကြောင့်ဒေ သတွင်း ကျေးရွာတွေက ကလေး သူငယ် ၁၀၀၀ နီးပါး အပါအဝင် ပြည်သူထောင်ပေါင်းများစွာ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့ ယူနီဆက် က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-04-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတာဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဒီနေ့ အောက်မေ့ဘွယ် အခမ်းအနားမှာ သတင်းထောက်တွေကို ပြောပါတယ်။
2014-04-21
တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဖိတ်ကြားချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်တဲ့ ၁၂ ဦးအဖွဲ့ဟာ ဒီနေ့ တရုတ်ပြည်ကို ထွက်ခွာသွားပါတယ်။
2014-04-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ ဒီကနေတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ဘယ်လိုပြင်ဆင်နိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2014-04-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကနဲ့ ဟံသာဝတီသတင်းစာ အယ်ဒီတာ ချုပ်ဟောင်း ဆရာဦးဝင်တင်ဟာ ဒီနေ့ တနင်္လာနေ့မနက် ၆ နာရီခွဲက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါပြီ။