သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-13
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ လူကုန်ကူးမှု တားဆီးရေး အဖွဲ့က ခရီးသည်တွေရဲ့မှတ်ပုံတင်တွေကို စိစစ် တားဆီး ထိမ်းသိမ်းရာမှာ ဥပဒေ စည်းကမ်းနဲ့မညီညွတ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတယ်လို့ သိရပါတယ်။
2011-09-13
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာမှာ မြန်မာ အပါအဝင် နိုင်ငံ (၈) နိုင်ငံ ကို နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။
2011-09-13
မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ ပြောင်းလဲ တိုးတက်မှုတွေ ပေါ်ပေါက်မှသာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ မိမိတို့ အမေရိကန် အစိုးရအနေနဲ့ စဉ်းစားမှာ ဖြစ်ကြောင်း ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell က ဒီကနေ့ ပြောဆို လိုက်ပါတယ်။
2011-09-13
ဧရာဝတီမြစ်ကို ကာကွယ်ကြ Save the Irrawaddy ဆိုတဲ့ စာတမ်းတွေကို ဗကသများ ကျောင်းသား အဖွဲ့ချုပ်က ပြီးခဲ့တဲ့ (၄) ရက်အတွင်း ရန်ကုန် လူစည်ကားတဲ့ နေရာတွေမှာ လိုက်လံ ကပ်ခဲ့တယ်လို့ သိရပါတယ်။
2011-09-13
မြန်မာ အစိုးရသစ် အနေနဲ့ အခုနှစ် မေလက ကြေညာခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျဉ်းသား ၂ သောင်း နီးပါးကို လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2011-09-13
၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး လေ့လာ ဆန်းစစ်ချက်တွေကို NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ပြန်လည် စိစစ်နေတယ်လို့ သိရပါတယ်။
2011-09-13
ပြည်ပရောက် နိုင်ငံရေး အမြင်ကွဲပြားသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို စိုးရိမ်စိတ်မရှိဘဲ ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေး အဖွဲ့ခေါင်းဆောင် ရဲမှူးကြီးဟောင်း ဦးစစ်အေးက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။
2011-09-12
မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာက သိရှိဖို့အတွက် Miss Jag Dojkovski ဆိုသူ အမျိုးသမီး တဦးက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကနေ ချက်နိုင်ငံ Prague မြို့ကို တကိုယ်တော် စက်ဘီးခရီး မနေ့ စတင်လိုက်ပါတယ်။
2011-09-12
အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံ ရေကာတာကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ သဘောထားကို အစိုးရ အနေနဲ့ လက်ခံစဉ်းစား ညှိုနှိုင်းဆောင်ရွက် သင့်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။
2011-09-12
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက် ရာထူးကရော၊ နိုင်ငံ ဒုတိယ အကြီးအကဲ ရာထူးကပါ တရားဝင် အနားယူ သွားခဲ့တာ အခုဆိုရင် ၆ လလောက် ရှိသွားခဲ့ပြီဖြစ်ပေမယ့် သူ့ဇာတိ မွေးရပ်မြေ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ သူ့ရဲ့ အရှိန်အဝါကို သုံးပြီး အနိုင်ကျင့် ကိုယ်ကျိုးစီးပွား ရှာနေသူတွေ ဆက်ရှိ နေဆဲပဲလို့ မြို့ခံတွေက ပြောပါတယ်။
2011-09-12
ဦးသိန်းစိန် အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို လာမယ့် ကြာသပတေးနေ့မှာ ကျင်းပဖို့ စီစဉ်ထား တာကြောင့် ခြွင်းချက်မရှိတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး ထုတ်ပြန်ဖို့ လိုအပ်ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က သဘောထား ကြေညာချက် တရပ် ဒီကနေ့ ထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
2011-09-12
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell ဟာ ဒီကနေ့ မနက် (၉)နာရီခွဲမှာ ဗဟန်းမြို့နယ် ချင်းတွင်းလမ်းမှာရှိတဲ့ နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့ရုံးကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ဝင်တွေနဲ့ တနာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
2011-09-12
ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှု အပေါ် ဝေဖန် ကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ကန့်ကွက်ဝေဖန်တာရှိနေပါစေ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း မြန်မာအစိုးရ ဝန်ကြီးက ပြောကြားခဲ့တာဟာ ပြည်သူလူထုဆန္ဒ သဘောထား အပေါ် မထေ့မဲ့မြင် ပြောဆိုလိုက်တာ ဖြစ်ပြီး မိုက်မဲရာကျတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2011-09-12
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell နဲ့ ရန်ကုန် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။
2011-09-11
ကချင်စစ်ပြေးဒုက္ခသည် နှစ်သောင်းကျော် အတွက် အမေရိကန် ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ စုပေါင်းပြီး ဒေါ်လာ ၆၀၀၀ ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။