သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-25
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က လစဉ် ကျပ် ၈၀၀၀၀ (ရှစ်သောင်း) စီ ထောက်ပံ့ပေးနေပြီလို့ ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ မိသားစုဝင်တွေက ပြောပါတယ်။
2020-08-25
တပ်မတော်စစ်ကြောင်းက လွန်ခဲ့တဲ့သုံးလလောက်ကခေါ်သွားပြီး ပျောက်ဆုံးနေတဲ့ ရွာသားသုံးဦးရဲ့ အလောင်းကို မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ် မိုင်းဆတ်ရွာ ဟောင်းအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး တရားမျှတမှုရဖို့ မိသားစု ဝင်တွေနဲ့ တအာင်းအရပ်ဘက်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ တပ်မတော်ဘက်ကတော့ သူတို့နဲ့ ပတ်သက်မှု မရှိနိုင်ကြောင်း တုံ့ပြန်ပါတယ်။
2020-08-24
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်နှိမ်နင်းရေးနဲ့ နယ်မြေရှင်းလင်းရေးဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးသွားတာ အခုဆို သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။
2020-08-24
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာများလာနေသလို တဖက်မှာလည်း လက်နက်ကြီး၊ မိုင်း စတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာနေပါတယ်။ သြဂုတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ အရပ်သားသေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ငါးဦးရှိခဲ့ပါတယ်။
2020-08-24
အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရှိမှ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့် ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ထားတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က သြဂုတ် ၂၄ ရက်နေ့ ဒီနေ့မှာ ပြောလိုက်ပါတယ်။
2020-08-24
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ တစ်နေ့တခြားတိုးလာပြီး ဒီတစ်ပတ်ကျော်အတွင်းမှာပဲ အတည်ပြုလူနာ ၇၂ ဦးအထိ ရှိလာနေပါတယ်။
2020-08-24
နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့လယ်မှာ မကြာသေးခင် ရက်ပိုင်းက ဦးဆောင်ကျင်းပခဲ့အပြီး အမှုဖွင့်ခံထားရတဲ့ ကရင်လူငယ် စသိန်းဇော်မင်းနဲ့ စောစာကွာလာတို့ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ပထမကြိမ် ရုံးချိန်းခေါ်ယူခဲ့ပါတယ်။
2020-08-24
၂၀၂၀ ရွေးကောက်ပွဲရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်သတ်မှတ်ထားပါတယ်။ လူသိရှင်ကြား ကြေညာ ခဲ့ခြင်းမရှိတဲ့ ဒီပြောင်းလဲသတ်မှတ်မှုဟာ လက်ရှိ အာဏာရပါတီကို မျက်နှာသာ ပေးသလို ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။
2020-08-24
ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ရာမှာ ကမ္ဘောဇဘဏ် (KBZ) နဲ့ Max Myanmar ကုမ္ပဏီတွေက ထောက်ပံ့ကူညီခဲ့တယ်လို့ Justice For Myanmar အဖွဲ့က ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ စွပ်စွဲလိုက်ပြီး ဒီကုမ္ပဏီတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ရာဇဝတ်မှု စုံစမ်းစစ်ဆေးဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။
2020-08-24
ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ်ရွာပြီး သံလွင်မြစ်ရေ မြင့်တက် လာတာကြောင့် အာဏာပိုင်တို့က ဖားဆောင်းမြို့နယ်အတွင်းက ဒေသခံ ၆၅၀ ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရာချထားပေးရပါတယ်။
2020-08-23
စစ်ကိုင်းတိုင်း သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း ငါးဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။
2020-08-23
စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ကြိုးစားနေတာဖြစ်ပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်တဲ့အခါ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ မူဝါဒချမှတ်ထားတယ်လို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-08-23
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ နှစ်ဦးတွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။
2020-08-22
ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဈေးကွက်ထဲမှာ နှာခေါင်းစည်း Mask တွေ ဝယ်လိုအားမြှင့်လာလို့ ဈေးတင် ရောင်းချတာ၊ သိုလှောင်ထားတာတွေ မလုပ်ကြဖို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က မနေ့ က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
2020-08-22
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၄၅ဦးအထိ တိုးလာနေပါတယ်။ နောက်ထပ် ပိုးတွေ့လူနာတွေကို ကုသပေးဖို့အတွက် လည်း စီစဉ်ထားတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး က ပြောပါတယ်။