သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-20
သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၉ရက်နေ့က ပြည်ခရိုင် ၆ မြို့ နယ်က တောင်သူတွေ စုပေါင်းဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ၁၆ ဦးကို ပြည်မြို့ မြို့မရဲစခန်းက တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဒီနေ့ အမှုဖွင့်လိုက် ပါတယ်။
2014-04-20
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် နောင်ခိုင်ရွာ မှာ ဧပြီလ ၁၆ ရက်နေ့က အနိုင်ကျင့်ရိုက်နှက်ခဲ့တဲ့ ဒုတိယ ရဲအုပ်တစ်ဦးနဲ့ လူ ၅ ယောက်ကို တရားစွဲဆိုသွားမယ်လို့ အရိုက်ခံရတဲ့ ရဲတပ်ကြပ်ကြီးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။
2014-04-20
မန္တလေးမြို့ ၂၂လမ်း နဲ့ ၆၄လမ်း ဒေါင့် မှာရှိတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ နေအိမ်မှာ မနေ့ညက မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
2014-04-20
အမေရိကန်ပြည်ထောင်စု ကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိလာတဲ့ KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အဖွဲ့ဝင်လေးဦးဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ အပါအဝင် တခြား အရေးကြီး ပုဂ္ဂိုလ်များ နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2014-04-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်က ရန်ကုန်တိုင်း၊ ဆိပ်ကြီး ခနောင်တိုမြို့ကို ဒီနေ့ သွားရောက်ပြီး အခမဲ့ ဆေးဝါး ကုသပေးရာ မှာ ဒေသခံ ၄၀၀ ကျော်လောက် ဆေးဝါးကုသမှု ခံယူခဲ့ကြပါတယ်။
2014-04-19
ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဆရာ ဦးဝင်းတင် ဟာ မူလရှိခဲ့တဲ့ ရင်ကြပ်ရော ဂါပြန်လည်ဖြစ်ပါွးလု့ိ စနေနေ့ ညက သုံးကြိမ်အထိ အသက်ရှူကျပ် အမောဖေါက် ခဲ့တယ်လို့ မိသားစုဝင်တဦးဖြစ်တဲ့ ဦးပေါက်က တနင်္ဂနွေနေ့ မနက်မှာ RFA ကို ပြောပါတယ်။
2014-04-19
သီတင်း သုံးပတ်ကျော် ရပ်ဆိုင်းထားရတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာ လူမှုအဖွဲ့ အစည်းတွေရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို အခုလမကုန်ခင် ပြန်လည် စတင်တော့မှာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။
2014-04-19
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ INGO ရုံးတွေတိုက်ခိုက် ခံရတဲ့ကိစ္စနဲ့ဆက်နွယ်ပြီး စစ်တွေအကျဉ်းထောင် အတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို မိသားစုဝင်တွေ က တွေ့ဆုံဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ထောင် အာဏာပိုင်တွေဘက်က တွေ့ဆုံခွင့် မပေးကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
2014-04-19
ညီနောင်တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ယူနီယံပါတီ (FUP) က ဧပြီလ ၂၀ ရက်နေ့မှာ ထန်းတပင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေက လယ်၊ ယာ၊ မြေ အသိမ်းခံ ထားရတဲ့ လယ်သမားတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
2014-04-19
ကရင်ပြည်နယ် ဘားအံမြို့ မိကရင်ကျေးရွာ အနီး ထုံးကျောက်တောင်မှာ Myanmar Ji Dong ကုမ္ပဏီက ဘိလပ်မြေစက်ရုံ တည်ဆောက်မှာ ကို ဒေသခံတွေက ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
2014-04-19
ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ တန်ဖဲရွာ အထိ မိုင်ပေါင်း ၁၆၀၀ လမ်းလျှောက် တောင်းဆိုနေ ကြသူတွေ ဟာ ဒီကနေ့ မန္တလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။
2014-04-19
NLD နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ဟာ ပြည်ပမှာ ဆေးသွားကုဖို့ အတွက် နိုင်ငံကူးလက်မှတ် Passport ကို မနေ့က နေ့ချင်းပြီး ရရှိခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
2014-04-19
ထိုင်းနိုင်ငံ ခွန်းကင်မြို့က အွန်ဒေးခြား ငါးဖမ်းပိုက်စက်ရုံမှာ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံသားတွေက ဘန်ကောက် မြို့မှာရှိတဲ့ အောင်သပြေကျောင်းနဲ့ မဲဆောက် မြို့က အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် မြန်မာ ရဟန်းတော်အဖွဲ့ကို နှစ်ဆန်းတစ်ရက်နေ့က ကုသိုလ်ဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူကြတဲ့ ပစ္စည်း တွေကို အဲ့ဒီ သံဃာတွေက ကရင်ပြည်နယ်မှာ ဘဝသစ်ထူထောင်နေကြတဲ့ သမီးလေးရွာကပြောင်းရွှေ့လာကြသူတွေကို ပြန်လည်လှူဒါန်းမယ်လို့ ဘန်ကောက်မြို့ အောင်သပြေကျောင်းဆရာတော် ဦးဇောတိက က RFA ကို မိန့်ပါတယ်။
2014-04-19
မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းအတွက် ထိုင်း နဲ့မြန်မာအစိုးရ တွေက လမ်း၊ တံတားစတဲ့ အခြေခံအဆောက်အဦးတွေနဲ့ ရေ-မီး-လျပ်စစ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်မယ်ဆိုရင် စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖေါ်ဖို့ ခက်ခဲ လိမ့်မယ်လို့ ထိုင်းအစိုးရရဲ့ စီမံကိန်းဌာနကပြော လိုက်ကြောင်း ဒီနေ့ထုတ် ဗန်ကောက်ပို့စ် သတင်းမှာ ဖေါ်ပြ လိုက်ပါ တယ်။
2014-04-18
ရန်ကုန်မြို့အခြေစိုက် MDCF ခေါ် ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့က နိုင်ငံရေးလှုပ်ရှားမှု တစ်ခုကို မနေ့က ဧပြီလ ၁၈ ရက်နေ့ မနက်နဲ့ ညနေ ၇ နာရီခွဲလောက်မှာ ပြုလုပ်ခဲ့ပါတယ်။