သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-24
မျိုးစောင့်ဥပဒေ လေးခုကို မထောက်ခံတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လာမယ့်ရွေးကောက် ပွဲမှာ မဲမပေးကြဘဲ မျိုးစောင့်ဥပဒေတွေကို ကာကွယ် မယ့်သူတွေကိုသာ မဲပေး ဖို့ နေပြည်တော် အမျိုး ဘာသာ သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော်က ဒီနေ့ မိန့်ပါတယ်။
2015-09-24
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတမှုရှိရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ရေး အတွက် နိုင်ငံရေးပါတီတွေ၊ သတင်းမီဒီယာတွေ၊ မဲဆန္ဒ ရှင်ပြည်သူတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ်လို့ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီက ဒီကနေ့ ကျရောက်တဲ့ ပါတီ၂၇ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
2015-09-24
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းမြေတွေ သိုလှောင်ထားတဲ့ကန်ဟာ မနေ့ညက ကျိုးကျခဲ့တာကြောင့် ကံပေါက်ကျေးရွာက အိမ်ခြေ ၈၀ လောက် ပျက်စီးခဲ့ပြီး ကလေးတစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။
2015-09-24
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ၊ ဇေကမ္ဘာဝင်းထဲမှာရှိတဲ့ ကိုကာကိုလာ အချိုရည်စက်ရုံရဲ့ ကုန်ကြမ်းပစ္စည်း သိုလှောင်ထားတဲ့ ဂိုဒေါင်ဟာ ဒီနေ့မနက်က ၅နာရီ နီးပါးကြာ မီးလောင်ကျွမ်းခဲ့ပြီး သိန်း ၁ထောင်ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြော ပါတယ်။
2015-09-24
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရေဘေးဒဏ်ခံ ခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုက မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းတွေကို လာ မယ့် အောက်တိုဘာလဆန်းလောက်အထိ ကြည့်ရှု စစ်ဆေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
2015-09-23
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာရှိတဲ့ တွံတေး၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းပေါ်မှာ ရန်ကုန်မြို့သစ် စီမံကိန်းအကောင် အထည်ဖော်ဖို့ ကုမ္ပဏီကြီးသုံးခုက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဗုဒ္ဓဟူးနေ့က တင်ဒါတင်သွင်းခဲ့ပါတယ်။
2015-09-23
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဟာ ကယားပြည် နယ် ဖားဆောင်းမြို့နယ်က မော်ချီးသတ္တုတွင်းကို မနေ့က အထူးရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပြီး တောင်ပေါ်ရပ်ကွက် မှာရှိတဲ့ မော်ချီးသတ္တုတွင်း ရုံးခန်းမမှာ ဒေသခံတွေနဲ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2015-09-23
မဲစာရင်းတွေ သွားရောက်ကြည့်ရှုကြဖို့နဲ့ မဲပေးဖို့ အသိပညာပေးလက်ကမ်း စာစောင်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေက ဧရာဝတီတိုင်းဒေ သကြီး ဓနုဖြူ၊ ဇလွန်၊ ဟသာၤတ၊ လေးမျက်နှာမြို့နယ်တွေမှာ ဒီနေ့ လိုက်လံဖြန့်ဝေပြီး တိုက်တွန်းနှိုးဆော်နေပါတယ်။
2015-09-23
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သရက်တောကျေးရွာက အလယ် တန်းကျောင်းမှာ ကျောင်းသား ကျောင်းသူ ၁ဝဝ ကျော် ဒီနေ့ ရေအဆိပ်သင့်ပြီး မူးဝေအော့အန်နေ တာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
2015-09-23
လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သက်သေခံလက်မှတ် ရရှိထားသူအားလုံး မဲပေးခွင့် ရမှာဖြစ်သလို တပြိုင်နက်မှာ တခြားသူကိုယ်စား လိမ်လည် မဲပေးမယ့် သူတွေကို ဥပဒေအရအရေးယူသွား မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2015-09-23
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် က ကောင်းဝှက်ကျေးရွာမှာ မနေ့ည က ကျေးရွာတွေထဲကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2015-09-23
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီ ရုံးဆိုင်းဘုတ်နဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ မနေ့ညက ဖျက်ဆီးခံ လိုက်ရတယ်လို့ သိရပါတယ်။
2015-09-23
လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားထား သူတွေက တိုင်းပြည်ကိုချစ်ပါတယ် ဆိုပြီးပြောဆို လာရင် မယုံကြဖို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မှာ ရွေးကောက်ပွဲဝင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ဒီနေ့ သူ့ရဲ့မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ဒေသခံတွေကို ပြောလိုက်ပါတယ်။
2015-09-22
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ဧက တစ်ထောင်နီးပါးထဲကတချို့ကို မြို့နယ် စည်ပင်သာယာရေးကော်မတီက ရောင်းချနေတာကို ဒေသခံ ၄၀ ကျော်က ရွှေပြည်သာမြို့နယ်က လှော်ကားကျေးရွာမှာ မနေ့က ဆန္ဒပြကြပါတယ်။
2015-09-22
သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ မဲစာ ရင်းတွေကို မဲဆန္ဒရှင်တွေ ကြည့်ရှုနှုန်းမြင့် မားလာစေအောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ပြီး မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေ အရှိန်မြင့်ဆောင် ရွက်ဖို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ People's Alliance for Credible Elections (PACE) အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။