သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-20
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို စစ်တပ်က တစ်ပတ်အတွင်း ဖယ်ရှားခိုင်းထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကျုးကျော်ရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
2021-10-20
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့မစျေးအနားက အမှတ် (၃) ရဲစခန်းကို အောက်တိုဘာလ ၁၉ ရက်နေ့ မနေ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။
2021-10-20
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၃၄ ဦး အောက်တိုဘာ ၁၉ ရက်၊ မနေ့က ပြန်လည်လွတ်မြောက်လာကြပါတယ်။
2021-10-20
ပဲခူတိုင်း၊ ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာက Mytel တာဝါတိုင် လုံခြုံရေးယူနေတဲ့ စစ်သားတွေကို ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၂၀ ရက် ဒီနေ့မနက်အစောပိုင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သားငါးဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း PDF က သတင်းထုတ်ပြန်ပါတယ်။
2021-10-20
စစ်တပ်နဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မုံးကိုးဒေသမှာ စစ်တပ်ဘက်က တပ်သားတစ်ဦး အောက်တိုဘာလ ၁၈ ရက်နေ့က လက်ပစ်ဗုံး နှစ်လုံးနဲ့ အလင်းဝင်လာတယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။
2021-10-20
အမေရိကန်နိုင်ငံ International Republican Institute (IRI) က နှစ်စဉ် ဒီမိုကရေစီလွတ်လပ်ခွင့်အတွက် ကြိုးပမ်းသူတွေကို ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ်အတွက် John McCain Freedom Award 2021 ဆုကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ရရှိခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့က ဆုတက်ယူခဲ့ပါတယ်။
2021-10-20
ချင်းပြည်နယ်၊ ဖလမ်းမြို့ ထလန်ရောန်ရွာသစ်မှာ အောက်တိုဘာလ ၁၉ ရက် မနေ့က ခရစ်ယာန်ဘုရားကျောင်း တစ်ခု ဖျက်ဆီးခံရပြီး ရွာအချို့ကနေ အိမ်တွေလည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-19
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း ထပ်မံလွတ်မြောက်လာကြပြီး အဲဒီအထဲက အချို့ကတော့ သူတို့ဟာ စစ်တပ်ရဲ့ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ပြောဆိုကြပါတယ်။
2021-10-19
အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တွေအပေါ် တိုက်ပေါ်ကနေ ရေနွေးပူနဲ့လောင်းချခဲ့တဲ့ စမ်းချောင်းမြို့နယ်က လူငယ်အမျိုးသမီး ငါးဦး အောက်တိုဘာလ ၁၉ ရက် ဒီနေ့မှာပဲ စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပါတယ်။
2021-10-19
ဧပြီလကတည်း ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်၊ တက္ကသိုလ်ကျောင်းသားဟောင်း များ အင်အားစုအဖွဲ့ဝင် ကျောင်းသားလေးဦး စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ အောက်တို ဘာလ ၁၉ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
2021-10-19
လာမယ့် အောက်တိုဘာ ၂၆ ရက်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးကိုယ်စားပြုမှုမရှိသူတစ်ဦးကို အာဆီယံက တက်ရောက်ခွင့်ပြုထားတာ ကြောင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက နိုင်ငံရေးရာထူးမရှိတဲ့ အဆင့်မြင့်ကိုယ်စားလှယ် တစ်ဦးကို စေလွှတ်ဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
2021-10-19
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နဲ့ သံတွဲမြို့က အရပ်သား နှစ်ဦးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်တပ် ကဖမ်းသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2021-10-19
စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးတဲ့အထဲမှာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ ချင်းပြည်နယ်က ဒေသခံ ၁၄ ဦးလည်းပါဝင်ပြီး အောက်တိုဘလာ ၁၉ ရက် ဒီနေ့မှာပဲ ပြန်လွတ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-19
ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြားက တိုက်ပွဲတွေ အပြင် နေရာဒေသအနှံ့မှာ တပ်အင်အားတွေ တိုးချထားတာတွေကြောင့် လုံခြုံရေးအခြေအနေတွေ စိုးရိမ်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ပါတယ်။
2021-10-19
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ သတင်းယူရင်း အဖမ်းခံရပြီး တပ်မတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ မြစ်ကြီးနားအခြေစိုက် သတင်းထောက်ငါးဦး အပါအဝင် တက်ကြွလှုပ်ရှားသူအချို့ အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်း မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။