သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-09
ကလေးမြို့နယ် စက္ကန့်ရွာကို အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးခဲ့ကြပေမယ့် မပြေးနိုင်ဘဲကျန်ခဲ့တဲ့ စိတ်မနှံ့သူနှစ်ဦးအပါအဝင် လေးဦး ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
2023-10-09
BRI လုပ်ငန်းတွေလုပ်ရာမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတယ်လို့ KWAT အဖွဲ့က ထုတ်ပြန်ထားပါတယ်။
2023-10-09
စက်သုံးဆီစျေး ကျသွားပြီးနောက် စက်သုံးဆီဆိုင် အများစုမှာ လူသုံးများတဲ့ ၉၂ အမျိုးအစားဓာတ်ဆီ လုံးဝပြတ်လပ်နေပြီး ၉၅ အမျိုးအစား ဓာတ်ဆီလည်း တစ်ဦးကို ကျပ်နှစ်သောင်းဖိုးသာ ကန့်သတ် ရောင်းပေးနေတယ်လို့ ကိုယ်တိုင်ဆီဖြည့်ခဲ့သူတွေက ပြောပါတယ်။
2023-10-09
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် မီးရထားဘူတာအနီးမှာ အောက်တိုဘာ ၈ ရက်နေ့က စစ်ကျန်လက်နက်ပစ္စည်းတစ်ခု ပေါက်ကွဲတာကြောင့် ဂဏန်းတောင် စစ်ဘေးဒုက္ခသည် စခန်းမှာနေထိုင်တဲ့ ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။
2023-10-09
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံဘက်က တရားမဝင်သယ်လာတဲ့ ရူပီးငွေ ၂၆ သိန်းကျော်တန်ဖိုးရှိတဲ့ စီးကရက်၊ ဘီယာ၊ ဝိုင်နဲ့ ၀ီစကီအရက်တွေကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
2023-10-09
မိုးအဆက်မပြတ်ရွာတာကြောင့် လှည်းကူးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ အောက်တိုဘာလ ၇ နေ့ညကစပြီး လမ်းတွေနဲ့ နေအိမ်တွေပါ ရေနစ်မြုပ်နေတယ်လို့ သာသနာ့ရိပ်သာ ရပ်ကွက်မှာနေထိုင်သူတွေက ပြောပါတယ်။
2023-10-08
ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ စစ်ကောင်စီစစ်ကြောင်း တပ်စွဲနေတာကြောင့် ဒေသခံတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးတွေ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
2023-10-08
အောက်တိုဘာလ ၈ ရက်နေ့မှာလည်း ဒေသခံတွေစုဝေးပြီး လူထုလှုပ်ရှားမှုသပိတ် တရားဟောပွဲလုပ်ခဲ့တယ်လို့ မြို့နယ်သပိတ်အဖွဲ့က ပြောပါတယ်။
2023-10-08
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပို့ဖို့ ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Masahiro Komura က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်ပါတယ်။
2023-10-08
အချင်းချင်းနားလည်မှုလွဲတာကြောင့် တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပြီး ပြဿနာတွေရှိရင် တွေ့ဆုံဆွေးနွေးရေးနဲ့သာ ဖြေရှင်းဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
2023-10-08
မမိုးမြင့်ရဲ့ မိသားစုအတွက် ထိုင်းဘတ်ငွေတစ်သောင်း ( မြန်မာငွေ ၁ဝ သိန်းနီးပါး) လစဉ်ထောက်ပံ့ပေးသွားမယ်လို့ ထိုင်းအလုပ်ရှင်က ပြောပါတယ်။
2023-10-08
ကော့ကရိတ်မြို့မှာ ဒရုန်းဗုံးချတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-10-08
ဘန်ကောက်မြို့လယ်ခေါင်က ဆီယမ်ပါရာဂွန် ဈေးဝယ်စင်တာမှာ အောက်တိုဘာ ၃ ရက်နေ့က ၁၄ နှစ်အရွယ် သေနတ်သမားလူငယ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား မမိုးမြင့်ရဲ့ ဈာပနကို ဘန်ကောက်မြို့နဲ့ ၁၃ မိုင်ခန့်ဝေးတဲ့ နွန်ထဘူရီမြို့က Wat Phasuk ဘုန်းကြီးကျောင်းမှာ အောက်တိုဘာ ၈ ရက် မနေ့က ပြုလုပ်ခဲ့ပါတယ်။
2023-10-08
လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆန့်ကျင်ပြောဆိုမှုတွေ လုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူ ၁၃၁၆ ဦး ရှိပါတယ်။
2023-10-08
စစ်ကိုင်းတိုင်းမှာ အောက်တိုဘာလ ၁ ရက်ကစလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြမှုတွေ ပြန်လည်အားကောင်းလာပါတယ်။