သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-10
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့ ပဲခူးတိုင်း တောင်ငူ မြို့က ကျောင်းသား ၂ ယောက်နဲ့ သူတို့ကို ပံ့ပိုးကူညီသူ ၁ ယောက်ကို ပုဒ်မ ၁၈ နဲ့အမှုဖွင့်ထားပြီး တစ်ယောက် ကိုတော့ မနေ့ ညသန်းခေါင်ကျော်မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2014-09-10
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဖွင့်ထားတဲ့ မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လချမှတ်လိုက်ပါတယ်။
2014-09-10
ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ မြန်မာရိုဟင်ဂျာ အသင်း BRAT- Burmese Rohingya Association in Thailand အဖွဲ့ရဲ့ ဥက္ကဌ ဦးမောင်ကျော်နု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းတို့ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တွေ့ဆုံပြီး ဆွေးနွေးနေကြတဲ့ ဗွီဒီယိုရုပ်သံမှတ်တမ်းတခုကို အခုစက်တင်ဘာလ ၇ ရက်နေ့မှာ BRAT အဖွဲ့က ယူကျု့အင်တာနက်မှာ လွှင့်တင်လိုက်ပါတယ်။
2014-09-09
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် Ms. Rao Huihua ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို ရန်ကုန်မြို့က ၈၈ မျိုးဆက်ရုံးခန်းမှာ ဒီနေ့တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
2014-09-09
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ကခေါင်းဆောင် တွေဟာ အပစ်အခတ် ရပ်စဲရေး တတိယမူကြမ်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ တစ်နေ ရာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေပြီး အဲဒီအစည်းအဝေးကို KNU ကရင်အမျိုးသား အစည်းအရုံးက အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ခေါင်းဆောင်တချို့ တက်ရောက်ကြပါတယ်။
2014-09-09
ကရင်ပြည်နယ်မှာ အကောင်အထည်ဖော် မယ့် ဂျပန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ဒေသဖွံဖြိုးရေး စီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က ဒီနေ့ သတင်းစာရှင်းလင်း ပွဲမှာ တောင်းဆိုလိုက်ပါတယ်။
2014-09-09
PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက် ပွဲစနစ်ကို ကန့်ကွက်တဲ့လက်မှတ်တွေ ကို ပြည်ထောင်စု လွှတ်တော်ထံတင်ပြ ဖို့ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ရန်ကုန် တိုင်းဒေသကြီး မြို့နယ် ၁၅ မြို့နယ်မှာ ဒီနေ့ လိုက်လံ စုဆောင်းခဲ့ပါတယ်။
2014-09-09
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ လအတော်ကြာဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို ဒီနေ့ လသာမြို့ နယ်တရားရုံးက စည်ပင်ပုဒ်မ ၆၈ နဲ့ အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၄လ ချမှတ်လိုက်ပါတယ်။
2014-09-09
ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်း ခဲ့သူ ဆရာတော် အရှင် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်း အနားတွေကို ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်နေရာအနှံ့မှာ ကျင်းပခဲ့ပါတယ်။
2014-09-09
ဥပဒေနဲ့အညီသာ ဖြစ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို သူတစ်ဦးထဲအနေနဲ့ ကန့်ကွက်စရာမရှိဘူးလို့ ဥရောပ (၃) နိုင်ငံခရီး အလည်အပတ်ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် က ပြောလိုက်ပါတယ်။
2014-09-08
အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကနေ ဆန် မဝယ်တာ သုံးနှစ်ရှိခဲ့ပြီးတဲ့နောက် အ ခုတော့ မြန်မာ့ဆန် တန်ချိန်ငါးသိန်း ပြန် လည်ဝယ်ယူ တင်သွင်းတော့မှာဖြစ်ပါ တယ်။
2014-09-08
မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားပြုမူဆက်ဆံနေ တာတွေနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံကိုရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ကို မေးခွန်းထုတ်ဖို့ နယ်သာလန်အခြေ စိုက် အစ္စလာမ်မစ်အဖွဲ့တစ်ဖွဲ့က အစိုးရကို မနေ့က တောင်း ဆိုလိုက်ပါတယ်။
2014-09-08
ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင်ဒေသ မပျက်စီးစေဖို့ နဲ့ စီမံကိန်းရပ်ဆိုင်းသွားစေဖို့ ဒေသခံ ၂၀၀ လောက်ဟာ ကျောက်ကြီးတောင်ခြေမှာ ဒီနေ့ ဆုတောင်းပွဲကျင်းပပါတယ်။
2014-09-08
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်၂ မှာရှိတဲ့ ယီမင်ဖိနပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ အခြေခံ လစာ ကျပ် ၅၀၀ တိုးပေးဖို့နဲ့ ရှားပါးစရိတ် ၃ သောင်းအထိ တိုးပေးဖို့အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2014-09-08
ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အစိုးရ အဖွဲ့အစည်းတွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ ပူးပေါင်းလုပ်ကိုင်သွားဖို့ စီစဉ်နေကြပါတယ်။