သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-07
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ လူနာအမှတ် ၁၇ ဖြစ်တဲ့ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဒီမနက် သေဆုံးသွားပြီလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။
2020-04-07
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းက ၁၅ ဦးကို တပ်မတော် က ဖမ်းဆီးထားတာ ပြန်လွှတ်မပေးသေးလို့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။
2020-04-07
COVID 19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်တဲ့ အနေနဲ့ ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း မြို့တော်ဖြစ်တဲ့ တိုကျိုမြို့မှာတော့ လူသွားလူလာ သိသိသာသာ လျော့ကျသွားတာ မရှိသေးပါဘူး။
2020-04-07
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေချိန်အတွင်းမှာ ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးဖို့ စခန်းတာဝန်ခံ တွေက တောင်းဆိုနေကြပါတယ်။
2020-04-07
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ငါးမျိုး ထောက်ပံ့ဖို့ အတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဒီနေ့ကစပြီး စာရင်းကောက်ယူ နေပြီး ဧပြီ ၁၀ ရက်နေ့ကစလို့ ထောက်ပံ့မှုတွေ စတင်ပေးနိုင်ရေး စီစဉ်နေပါတယ်။
2020-04-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၈၇၀၀ ကျော်ရှိပြီး အများစုဟာ စစ်ဘေးခိုလှုံရာ ဘုန်းကြီးကျောင်းဝင်းတွေထဲမှာ နေစရာမဆောက်နိုင်လို့ မြေပြင်ပေါ်မှာ စက္ကူခင်း၊ မိုးကာကာပြီး နေထိုင်နေ ကြရပါတယ်။
2020-04-06
မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်မှာ အလုပ်သွားလုပ်ပြီး ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြန်လာရတဲ့ မြန်မာနိုင်ငံသား လေးရာဝန်းကျင်လောက် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမှာ မနေ့က သွားလာလို့မရဘဲ ပိတ်မိပြီး အခက်အခဲ ဖြစ်ခဲ့ပါတယ်။
2020-04-06
ဧပြီ ၇ ရက်နေ့ မနက်ဖြန်ကစပြီး ၂၁ ရက်နေ့အထိ မလိုအပ်ဘဲ အိမ်အပြင် မထွက် ကြဖို့နဲ့ စားသောက်ကုန်၊ စက်သုံးဆီနဲ့ ဆေးရုံဆေးခန်းတွေကလွဲပြီး ကျန်တာတွေ အကုန်ပိတ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2020-04-06
ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြာင့် နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံမှာ ကုသမှုခံနေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ လူနာအမှတ် (၇) ဟာ ကျန်းမာရေး ပြန်ကောင်းလာပြီလို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။
2020-04-06
စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားတဲ့ကာလအတွင်း အလုပ်ရှင်ဘက်က အနည်းဆုံး လုပ်ခလစာ အပြည့်ပေးဖို့နဲ့ ပိတ်ဖို့မလိုတဲ့ စက်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတွေ လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး ပေးဖို့ မန္တလေးတိုင်း သမဂ္ဂအဖွဲ့ဝင်တွေက ဒီကနေ့ တောင်းဆိုပါတယ်။
2020-04-05
ထိုင်းနိုင်ငံကနေ ပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတဲ့ ကျောက်မဲဒေသခံ အမျိုးသားကို ကျောက်မဲဆေးရုံကနေ လားရှိုးပြည်သူ့ဆေးရုံမှာ ပြောင်းရွှေ့ဆေးကုသမှု ပေးနေပြီး မိသားစု အပါအဝင် သူနဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့သူတွေကို နေအိမ်အတွင်း ကျန်းမာရေးစောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။
2020-04-05
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်း လိုက်နာဖို့ အချက် ခြောက်ချက်ပါဝင်တဲ့ တားမြစ်ချက်ကို တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2020-04-04
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အကျဉ်းထောင်တွေ ထဲက အကျဉ်းသားဦးရေ လျှော့ချပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2020-04-04
ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ရေးအတွက် ဒေသအသီးသီးကနေ ကိုယ့်မြို့ ရွာတွေကို ပြန်လာတဲ့သူတွေဟာ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံခံရမှာ၊ စားဝတ် နေရေးခက်ခဲမှာကို စိုးရိမ်တဲ့အတွက် သူတို့ရဲ့ ခရီးသွားရာဇဝင်နဲ့ ပတ်သက်ပြီး အမှန်အတိုင်း ထုတ်ပြောဖို့ ဝန်လေးနေကြပါတယ်။
2020-04-04
သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ဝယ်ယူရေး ကိစ္စမှအပ နေအိမ်ကနေ အပြင်မထွက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။