သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-28
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ အတွက် အစိုးရရဲ့ တာဝန်နဲ့ ပြည် ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက ၂ သောင်းနီးပါး ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ စာရင်းပေး ထားပါတယ်။
2015-08-28
ငဝန်မြစ်ရေဟာ ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွက် သတ်မှတ်ထား တဲ့ စိုးရိမ်ရေမှတ်ကို နီးကပ်လာပြီဖြစ်တာကြောင့် မြစ်ကမ်း တလျှောက်နဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး လိုက်ပါတယ်။
2015-08-28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲအတွက် မဲဆွယ်စည်း ရုံးရေးနဲ့ အောင်နိုင်ရေး ကာလတွေ အတွင်း ပြောရေးဆိုခွင့်ရှိသူတွေစာရင်းကို ဒီနေ့ နေ့စွဲ နဲ့ထုတ်ပြန်လိုက်ပါတယ်။
2015-08-28
အစိုးရပိုင်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့် မယ့် နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေမှာ တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေမယ့် အပြော အဆိုတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမှု မရှိတဲ့ အသုံးအနှုန်းတွေ မသုံးနှုန်းဖို့ ရွေးကောက် ပွဲကော်မရှင်က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-08-27
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီတွေအကြား ပြဿနာမဖြစ်အောင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေနဲ့အညီ စနစ်တကျဆောင် ရွက်ကြဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုးက တိုက်တွန်း လိုက်ပါတယ်။
2015-08-27
ဧရာဝတီမြစ်ကမ်းပါးပြိုရာမှာ အိမ်တွေပါ သွားတဲ့ မကွေးတိုင်း စလင်းမြို့နယ် ဇီးပင်ဖြူကျေးရွာအုပ်စု ဘိုကုန်းရွာသားတွေ စုပေါင်းပြီး ဝယ်ထားတဲ့မြေမှာ အိမ်ဆောက်လုပ်ခွင့် တားမြစ်ခံရတဲ့အတွက် လမ်းဘေးမှာနေထိုင်နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။
2015-08-27
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲဝင်ဖို့ ကော်မရှင်တင်ထားတဲ့သူတွေထဲက အပယ်ခံရသူ စုစုပေါင်း ၄ ဦးရှိသွားပြီလို့ သိရပါတယ်။
2015-08-27
လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်တာဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ကို ထပ်မံထမ်းဆောင်ချင်လို့ မဟုတ်ကြောင်း ဝန်ကြီးချုပ်အဖြစ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်း က နှုတ်ထွက်ခဲ့တဲ့ ဦးမောင်မောင်အုန်းက ဒီနေ့ ပြောပါ တယ်။
2015-08-27
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ သတင်းယူဖို့ အတွက် သတင်းမီဒီယာသမားတွေကို ခံဝန်ချက် လက် မှတ်ရေးထိုးရမယ်လို့ ထုတ်ပြန်ထားတာအပြင် မြို့နယ် အလိုက် သတင်းသမားအရေအတွက် ကန့်သတ်တာတွေ ဟာ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ က ပြောပါတယ်။
2015-08-27
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ယုံကြည်မှု နည်းနေသေးတဲ့အတွက် ပုဒ်မ ၁၇ မတရားအသင်း ဆက်သွယ်မှု ဥပဒေကို မပယ်ဖျက်နိုင်သေးဘူးလို့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။
2015-08-27
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက် ပါတယ်။
2015-08-27
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ဖွဲ့က ခေါင်းဆောင်တွေ ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လာမယ့် စက်တင်ဘာလ ၉ရက်နေ့ နေပြည်တော် မှာ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။
2015-08-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအကြား သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အားလုံးကလည်း ကတိတည်မယ့် အပစ်ရပ်စာချုပ် ကို အမြန်ဆုံးလက်မှတ်ရေးထိုးကြစေချင်တယ်လို့ ပြောကြား လိုက်ပါတယ်။
2015-08-26
ရခိုင်ပြည်နယ်အတွင်းက ရေဘေးကြောင့် ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီး ၈၆ ကျောင်း အတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ငွေကျပ် သိန်းပေါင်း ၈၀၀ ကျော်ကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2015-08-26
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်တွင်းသတင်းသမားတွေ အနေနဲ့ မိမိတို့ သတင်းယူမယ့် မြို့နယ်အတွက် ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး ကိုယ်တိုင်ဝန်ခံ ချက် ရေးသားတင်ပြရမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာအဖွဲ့အစည်းတွေထံ ဒီနေ့ အကြောင်းကြားလိုက်ပါတယ်။