သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-22
ကုလသမဂ္ဂအနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မဖြေရှင်းဘဲ အထူးသံတမန်တွေ စေလွှတ်နေတာဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်တယ်လို့ Progressive voice အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။
2022-08-22
ချင်းပြည်နယ်မှာ အရပ်ဘက်ပြည်သူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်က အရှိန်မြှင့်တိုက်ခိုက်နေတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ မီဇိုရမ်ပြည်နယ်တွင်းကို ထွက်ပြေးခိုလှုံနေကြရတာပါ။
2022-08-22
ပြည်ထောင်စုတရားလွှတ်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမွေဆိုင်ခွဲဝေမှုမှာ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံလျှောက်ထားခဲ့တာကို တောင်းဆိုချက်အတိုင်း ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
2022-08-22
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ပိုင်းရွာက အသက် ၃၇ နှစ်အရွယ် မနှင်းဝေဟာ ခင်ပွန်းနဲ့အတူ ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းက သူတို့နေထိုင်တဲ့ ယာတဲကနေ ရွာထဲက အိမ်မှာ မွေးမြူထားတဲ့ ဝက်တွေကို အစာကျွေးဖို့ အသွားမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရွာမြောက်ဘက် အဝင်ဝနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက သူတို့ကို အဝေးကနေ သေနတ်နဲ့ လှမ်းပစ်ချိန်မှာ ခင်ပွန်းဖြစ်သူက ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် မနှင်းဝေကတော့ ဖမ်းဆီးခံခဲ့ရတာလို့ ခင်ပွန်းဖြစ်သူ ကိုနိုင်ဝင်းက ပြောပါတယ်။
2022-08-22
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြို့ခံနှစ်ဦးရဲ့ နေအိမ် နှစ်လုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲပြီး ချိပ်ပိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
2022-08-22
စစ်ကောင်စီကို အားကောင်းကောင်းနဲ့ တွန်းလှန်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အနောက်မြောက်ပိုင်း ရွာသုံးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့တဲ့ နှစ်ရက်အတွင်း နေအိမ် ၂၅၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရသလို သုံးရွာပေါင်း ဒေသခံခုနစ်ထောင်နီးပါး ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-22
ရခိုင်ပြည်နယ် သံတွဲမြို့နယ်က အိမ်ခြေ ၇၀ ကျော်ရှိတဲ့ ဂျိုင်သာကျေးရွာကို လာမယ့် စက်တင်ဘာလအတွင်း အပြီးသတ် ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီတပ်က ဖိအားပေး ပြောဆိုနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-08-22
စစ်ကိုင်းတိုင်း ကသာမြို့နယ် ဧရာဝတီ အရှေ့ဘက်ကမ်း ဘန့်ဘွေးကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဩဂုတ်လ ၂၂ ရက် ဒီနေ့မနက်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-22
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ရွာခံအမျိုးသမီး နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကင်းရွာဒေသခံတွေက ဩဂုတ်လ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
2022-08-22
ကယား (ကရင်နီ) ပြည်နယ် ရှားတောမြို့နယ်က စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ တငူးဆိုစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဩဂုတ်လ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2022-08-22
စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမြို့က မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းလိုက်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၂၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-08-22
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ရွာအနီးမှာ ဩဂုတ်လ ၂၂ ရက် ဒီနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-22
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့နဲ့ အနီးတစ်ဝိုက်မှာ ဩဂုတ်လ ၂၂ ရက် ဒီနေ့မနက်အစောပိုင်းမှာပဲ ဗုံးပေါက်ကွဲမှု လေးကြိမ်ဖြစ်ခဲ့တယ်လို့ အင်းစိန်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
2022-08-21
မကွေးတိုင်း ပေါက်မြို့နယ်ထဲကို အခုရက်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ငါးရက်အတွင်း ရွာ ငါးရွာက အိမ်ခြေတစ်ရာကျော် မီးရှို့ခံခဲ့ရသလို ဒေသခံ ငါးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ အဲဒီရွာတွေအတွက် ရိက္ခာနဲ့ ဆေးဝါးသယ်ယူတာတွေကိုပါ စစ်ကောင်စီတပ်ဘက်က ကန့်သတ်ထိန်းချုပ်ထားတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-21
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် မေတ္တာရောင်ခြည် ပရဟိတအသင်းအပါအဝင် ပရဟိတအသင်း ၂၀ ကျော်ကို အလှူငွေကောက်ခံတာ မလုပ်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ ကူညီမယ်ဆိုရင်လည်း စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းရဲ့ ထောက်ခံချက် ယူရမယ်လို့ စစ်ကောင်စီဘက်က ခေါ်ယူသတိပေးခဲ့ပါတယ်။