သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-03
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဇူလိုင်လက ကျောက်တော်မြို့က ဒေါ်မစုချေရဲ့ ခင်ပွန်းဖြစ်သူ ဦးကျော်ကျော်လှိုင်ဟာ စစ်တပ်က ဖမ်းဆီးသွားပြီး ခြောက်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
2021-12-03
စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် သုံးစွဲခတွေကို မကြာခင် ပြောင်းလဲသွားမယ်လို့ တယ်လီနောနဲ့ အူရီဒူး ဆယ်သွယ်ရေးကုမ္ပဏီတွေက ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ အသုံးပြုသူတွေထံ အကြောင်းကြားလာပါတယ်။
2021-12-03
ကယားပြည်နယ်က ဒေသခံတွေအနေနဲ့ လုံခြုံရေးအသိနဲ့ စစ်ကောင်စီရဲ့ မြန်မာ့ အမျိုးသား လေကြောင်းလိုင်းကို မစီးနင်းဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဒီဇင်ဘာလ ၃ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပြီး သတိပေးတိုက်တွန်း ထားပါတယ်။
2021-12-03
ရန်ကုန်-မန္တလေး အမြန်အတိုင်း မောင်းနှင်လာတဲ့ အင်အား ၃၀ ကျော်ပါတဲ့ စစ်ကားတစ်စီးကို အမြန်လမ်း မိုင်တိုင် အမှတ်- ၃၄၃ မိုင်၊ ၅ ဖာလုံအရောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ဒီဇင်ဘာလ ၃ ရက် ဒီနေ့မနက်က သတင်း ထုတ်ပြန်ပါတယ်။
2021-12-03
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လာမယ့်အပတ်မှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည် ပတ်ဖို့ ဖိတ်ကြားမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ကြာသပတေးနေ့ မနေ့က ပြောကြားခဲ့ပါတယ်။
2021-12-02
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က ပိတ်ဆို့၊ အင်အားသုံး ပစ်ခတ်သတ်ဖြတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ကြာသပတေးနေ့ မနေ့က ထုတ်ပြန်ပါတယ်။
2021-12-02
ကမ္ဘာမှာ ဆန္ဒပြပွဲတွေရှိနေပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာရင်လည်း ရော်ဘာကျည် လောက်ပဲသုံးပါတယ်။ မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြရာက အကြမ်းဖက်ဖြိုခွင်းခံရလို့ နောက်ဆက်တွဲ မလိုလားအပ်တဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီး စစ်ရေးနဲ့ တိုက်ရိုက် မပတ်သက်သူတွေလည်း ထိခိုက်နေရပါတယ်။
2021-12-02
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ရက်နေ့ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ရပ်စာချူပ် လက်မှတ်ရေးထိုးခဲ့မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-12-02
စစ်ကိုင်းတိုင်း ကလေးမြို့နယ် အင်းကျွန်းကျေးရွာအနီးက လယ်တဲတစ်ခုမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသားငါးဦးရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁ ရက် မနေ့က တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-02
နေပြည်တော်ကောင်စီနယ်မြေ NLD ပါတီဥက္ကဋ္ဌ ဦးမင်းသူ၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတို့ကို စစ်ကောင်စီက သီးခြားစီစွဲဆိုထား တဲ့အမှုတွေကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ ဒီနေ့ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2021-12-02
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ကျုးကျော်အိမ်တွေကို ဖျက်ဆီးပြီး အင်အား သုံးဖယ်ရှားနေတာ ချက်ချင်းရပ်ဆိုင်းလိုက်ဖို့ မြန်မာစစ်ခေါင်းဆောင်ကို ဆွစ်ဇာ လန်နိုင်ငံ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2021-12-02
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက် ကို စစ်ကောင်စီက အရေးယူထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အမှုနဲ့ ပတ်သက်လို့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ တရားလို ကို ဒီနေ့ စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြော ပါတယ်။
2021-12-02
NLD အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲထားတဲ့ အမှုနှစ်ခုထဲက မြန်မာ နိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ တရားလိုကို ဒီဇင်ဘာလ ၂ ရက် ဒီနေ့ရုံးချိန်း မှာ စစ်ဆေးပြီးသွားပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-12-02
ဒီဇင်ဘာ ၁ ရက် မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလ အရည်အချင်းစစ်ကော်မတီရဲ့ အစည်းအဝေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီဘက်က တင်သွင်းတဲ့ ကိုယ်စားလှယ် နှစ်ဦးအနက် ဘယ်သူ့ကို တရားဝင် အသိအမှတ်ပြုမလဲဆိုတာကို အတိအကျ မဆုံးဖြတ်ဘဲ ရွှေ့ဆိုင်းလိုက်ပါတယ်။
2021-12-02
ချင်းပြည်နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းတဲ့အခါ အရပ်သားတွေရဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရတာ၊ ချင်းလူမျိုးတွေရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ နွားနောက်တွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေကြောင့် ရိုးရာဓလေ့အရ လက်စားချေတဲ့အနေနဲ့ CDF အဖွဲ့တွေမှာ ပူးပေါင်းတိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။