သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-05-24
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံငါးရုံမှာ ဆန္ဒပြနေ တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေကို အာဏာပိုင်တွေက မနေ့ညနေပိုင်းက ခေါ်ယူသတိပေးခဲ့ တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။
2013-05-23
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို မေလ ၁၇ ရက်နေ့ကစပြီး ၅ ရက်ကြာကျင်းပခဲ့ရာမှာ ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပရေးနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေးတွေ ဆက်လက်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2013-05-23
ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ- သမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးအတွက် တိုက်တွန်းနှိုးဆော်သူတွေရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ စားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။
2013-05-23
မြိတ်မြို့နယ်အတွင်း အီတာလျံထိုင်း ကုမ္ပဏီက တည်ဆောက်မယ့် ရေအား လျှပ်စစ် ရေလှောင်တမံ စီမံကိန်းကြောင့် ဒေသတွင်း သဘာ၀ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မူ အန္တရာယ်ရှိတယ်ဆိုတဲ့ အစီရင်ခံချက်ရရှိတဲ့ အတွက် အဲဒီစီမံကိန်းကို မြန်မာအစိုးရဘက်က ရပ်ဆိုင်း လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ က ရေးသားပါတယ်။
2013-05-23
မြန်မာနို်င်ငံတွင်း ဒေါ်လာ ၅ သိန်းအထက် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လုပ်ကိုင်နေတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာတာဝန်ခံမှု ပထမ အစီရင်ခံလွှာကို တင်သွင်းရမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။
2013-05-23
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ဒီကနေ့ အမှုရင်ဆိုင် ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော် အပါအဝင် ၃ ဦးကို မြို့နယ်တရားရုံးက အာမခံကြေး ၅ သိန်းပေးဖို့ အမိန့်ချမှတ်ရာမှာ ကိုထင်ကျော် တို့က အာမခံကြေးပေးဖို့ ငြင်းဆိုပြီး အဖမ်းခံလိုက်ပါတယ်။
2013-05-23
စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဒေသတွေမှာ အခြေခံ စားသောက်ကုန် ဆန်ပြတ်လပ်နေတယ်လို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/K အဖွဲ့က RFA ကို ပြောပါတယ်။
2013-05-23
ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ အခုအခါ အကူအညီထောက်ပံ့မှု နည်းနေပြီး အထူးသဖြင့် လာမဲ့ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
2013-05-23
နိုင်ငံရေး အကျဉ်းသူဟောင်း နော်အုံးလှ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၀ ဦးလောက်ဟာ ရန်ကုန်မြို့ တာမွေအဝိုင်းကနေ ဆူးလေဘုရားအထိ ဒီနေ့ညနေပိုင်းက ဆန္ဒပြလမ်းလျှောက်ကြပါတယ်။
2013-05-23
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံ ၅ ရုံမှာ အလုပ်သ ၏မားတွေက အခြေခံလစာတိုးပေးရေးနဲ့ အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေကို ပြန်ခန့်ရေး အတွက် သက်ဆိုင်ရာ စက်ရုံတွေရှေ့မှာ ဆန္ဒပြတောင်း ဆိုနေပါတယ်။
2013-05-23
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသမှာ ရွှေတူးဖော်နေတဲ့ အာရှကမ္ဘာမြေကုမ္ပဏီက နိုင်ငံတော်ကို (၅) နှစ်စာ ရွှေ (၂) တန် ဆိုင်ငံ့ပေးသွင်ရန် မနေ့က နေပြည်တော်မှာ ညှိနှိုင်းသဘောတူညီ ချက်ရရှိခဲ့တယ်လို့ သိရပါတယ်။
2013-05-23
လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၂၅ နှစ်မြောက် ၈ လေးလုံး ငွေရတုအခမ်းအနား ကျင်းပဖို့အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ကြဖို့ ရည်ရွယ်ပြီး ၈၈ မျိုးဆက် အဖွဲ့အစည်း ၃ ခုဟာ ဒီကနေ့မနက်ပိုင်း က ဆွေးနွေးကြပါတယ်။
2013-05-22
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေ ပြီဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင်ပြောင်း လဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတအိုဘားမား နဲ့ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်က သမ္မတကြီးအနေနဲ့ ပြောဆိုနေရုံနဲ့မပြီးပဲ အလုပ်နဲ့ပါသက်သေပြဖို့သင့်ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
2013-05-22
သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးဆောင် ရွက်ချက်တွေအပေါ် အမေရိကန်သမ္မတ အိုဘားမားက အမွှန်းတင်ချီးကျုးဂုဏ်ပြုခဲ့ပေမယ့် မြန်မာနိုင်ငံ ရဲ့ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့တော့ ချီးကျုးဖို့စောနေသေးတယ်လို့ နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2013-05-22
ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားခဲ့ သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ဟာ ရန်ကုန်တိုင်း မြောက် ဥက္ကလာပမြို့နယ်မှာ ခွင့်ပြုချက်ယူပြီး ဒီကနေ့တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။