သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-14
မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ် အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
2014-04-13
မြန်မာ့နှစ်သစ်ကူးအတွက် အမေရိကန် အစိုးရက ဆုတောင်းသဝဏ်လွှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိ ကန် နိုင်ငံခြားရးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီက ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
2014-04-13
ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တွေ စုပေါင်းထား တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ရန်ကုန်မြို့ ရန်ကင်းစင်တာရှေ့မှာ ဒီနေ့ မနက်ပိုင်း က သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။
2014-04-13
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်စပ် အနီးတစ်ဝိုက်မှာ အစိုးရတပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား ပြီး ခဲ့တဲ့ ၁၀ ရက်နေ့က တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၈ ရွာက ထွက်ပြေးတိမ်းရှောင်သူထဲက စစ်ပြေးဒုက္ခသည် ၇၀၀ ဝန်းကျင်လောက်ဟာ နမ့်ခမ်းမြို့က မန်းဟောင်း ဘုန်းကြီးကျောင်းနဲ့ အထက ၂ ကျောင်းတွေမှာ ခိုလှုံနေ ကြပါတယ်။
2014-04-13
ရခိုင်တိုင်းရင်းသားတွေရဲ့ ၁၁ ကြိမ်မြောက် ရိုးရာသြင်္ကန်ပွဲတော်ကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြိုနယ် သုဝဏ္ဏ အားကစား ကွင်းမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီက စတင်ဖွင့်လှစ်လိုက် ပါတယ်။
2014-04-13
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေချနေထိုင်နေ တဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ ရခိုင်ပြည် နယ် မောင်တောဒေသမှာ နေထိုင်ဖို့ရောက်ရှိလာတာ ဒီနှစ်အတွင်း အများဆုံးဖြစ်ပြီး လူဦးရေ နှစ်ထောင်နီးပါး ရှိသွားပြီလို့ သိရပါတယ်။
2014-04-13
၂ဝဝ၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြောင်း လဲရေးဟာ မြန်မာပြည်သူတစ်ရပ်လုံးအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘာလင်မြိုု့မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောကြားပါတယ်။
2014-04-13
မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေး အတွက် မွတ်စလင်နဲ့ ကချင်လက်နက်ကိုင် အဖွဲ့လို အုပ်စုတွေ၊ အဖွဲ့စည်းတွေကို ကွက်ကွက်လေးကြည့် တာ အထောက်အကူမဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။
2014-04-12
တရုတ်နဲ့ အာဆီယံ အနီးကပ် ပူးပေါင်းဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံ နဲ့ လက်တွဲအလုပ်လုပ်သွားမယ်လို့ တရုတ် သမ္မတ ဇီကျင်းပင်က ကတိပြု ပြောကြားလိုက်ပါတယ်။
2014-04-12
ဒီနေ့ မနက် ၂ နာရီလောက်က နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၆ အနီးမှာ ရန်ကုန်-တောင်ကြီး ပြေးဆွဲတဲ့ တောင်ပြာတန်း ဘတ်စ်ကားကြီးတစ်စီးက ဆလွန်းကားတစ်စီးကို တိုက်မိရာကနေ ကားနှစ်စီးစလုံး မီးလောင်ခဲ့ပြီး ခရီးသည် ၁၂ ဦး သေဆုံးခဲ့ပါတယ်။
2014-04-12
ရန်ကုန်ဆေးရုံကြီးမှာ နှစ်ပတ်ကြာဆေး ကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီး စိတ်ချရတဲ့ အနေ အထားရောက်နေပြီလို့ မိသားစုဝင်တွေကပြေပါတယ်။
2014-04-12
ကချင်ပြည်နယ် ဗန်မော်ခရိုင် မန်စီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေးရွာတွေ တစ်ဝိုက်မှာ အစိုးရတပ်မ ၈၈ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ရာ မနေ့ညက ကေအိုင်အေ တပ်ရင်း ၂၇ ရဲ့ ပန်ခမ်းပါ အခြေစိုက်စခန်းကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရပါတယ်။
2014-04-12
တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက် ခံစဉ် နိုင်ငံတော်က တရားမဝင်သတ်မှတ် ထားတဲ့ လူမျိုးနာမည်ကို ပြောဆိုတာကြောင့် ကောက်ခံခြင်း မပြုဘဲ ချန်ထားခဲ့သူတွေကို လာမယ့်နှစ်လအတွင်း နိုင် ငံတော်က တရားဝင်လက်ခံထားတဲ့ တခြားလူမျိုးစုအမည် နဲ့ ပြန်လည်ထည့်သွင်းမယ်ဆိုရင် ဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2014-04-12
ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပံ့ပိုး ကူညီနေတာတွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ရာ မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့ အတွက် ပေါင်စတာလင် ၁ သန်းခွဲထောက်ပံ့ထားတယ်လို့ သိရပါတယ်။
2014-04-12
ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆိုကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေး လိုက်ပါတယ်။